Local News

ပြည်သူကို သတ်ဖြတ်နေသည့် မင်းအောင်လှိုင်ကို တရားဝင်မှုရစေရန် ကြိုးစားနေသည့် သွေးစွန်း အာဏာရှင် ဟွန်ဆင်

ပြည်သူကို သတ်ဖြတ်နေသည့် မင်းအောင်လှိုင်ကို တရားဝင်မှုရစေရန် ကြိုးစားနေသည့် သွေးစွန်း အာဏာရှင် ဟွန်ဆင်

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံသို့ မကြာမီ လာရောက်တော့မည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်၏ ခရီးစဉ်သည် အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေးထက် အာဏာရှင်အချင်းချင်း ဖေးမရန် တရားဝင်မှု ရရှိစေရန် လုပ်ဆောင်နေသည့် ခရီးစဉ်တစ်ခုဟု ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူ များက သုံးသပ်ကြသည်။

မင်းအောင်လှိုင်သည် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူမျိုးတုန်း သတ် ဖြတ် ခဲ့သူ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး ချိန်မှစတင်၍ ပြည်သူ ထောင်ချီကို သတ်ဖြတ် ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်နေသူဖြစ်ဟု သတ်မှတ်ခံရထားသူဖြစ်သည်။

အလားတူ ဟွန်ဆင် ဆိုသူ မှာလည်း ကမ္ဘောဒီးယားနိုင်ငံတွင် အာဏာရှင်အဖြစ် နှစ်ပေါင်း ၃၀ ကျော်အုပ် ချုပ်ပြီး ပြည်သူ များကို သတ်ဖြတ် သွေးစွန်းခဲ့သူ၊ ဘာ သာခြားများကို သတ်ဖြတ်ခဲ့သူ၊ လူသန်းပေါင်းများစွာ သတ် ဖြတ်ခဲ့သော ခမာနီတပ်ဖွဲ့၏ တိုင်းမှူးဖြစ်ခဲ့သူ ၊ ဥပဒေမှန်သမျှ မလိုက်နာသူ၊ နိုင်ငံတကာ သ ဘော တူညီချက်များကို ချိုးဖောက်သူဟု ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူများက သုံးသပ် ထား ကြသည်။

၎င်းသည် မြန်မာနိုင်ငံတွင် ပေါ်ထွန်းနေသော NUG အစိုးရနှင့် လက်နက်ကိုင်တော်လှန်ရေး အောင် မြင် မည်ကို အလွန်စိုးရိမ်နေသူဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ထိုကဲ့သို့ဖြစ်လာမည်ကို စိုးရိမ်နေ သူ ဖြစ်သည်ဟု နိုင်ငံရေးလေ့ လာသူများက ဆိုကြသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဟွန်ဆင်သည် ထိုင်းနိုင်ငံရောက် ကမ္ဘောဒီးယား ပညာရှင် Seng Sary ရေးသားသော လူမှုကွန်ရက်နိုင်ငံရေးဆို င်ရာ ပို့စ်တစ်ခုသည် မြန်မာ နိုင်ငံ ကဲ့သို့ပင် NUG ပုံစံ ကမ္ဘောဒီးယားစင်ပြိုင် အစိုးရ ပေါ်ထွန်းရေး နှင့် လက်နက်ကိုင် လမ်းစဉ်လိုက်ရန် ပြည်သူကို ဆွဲဆောင်နေသည်ဟုဆိုကာ “ပစ်သတ်မည်” ဟုပင် Seng Sary ကို ပေါ်တင် စိန်ခေါ် ခြိမ်း ခြောက် ခဲ့သည်။

ဟွန်ဆန် မြန်မာပြည်ကို ဘယ်တော့လာမလဲ
==============================

ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံရန် ၂၀၂၂ ဇန်နဝါရီလ ၇-၈ ရက်နေ့များတွင် လာရောက်မည်ဟု ကြေညာထားသည်။

၎င်းသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏမောင်လွင်ကို ၂၀၂၁ ဒီဇင်ဘာ ၇ ရက်နေ့က ဖနွမ်းပင်တွင်လက်ခံတွေ့ဆုံခဲ့ပြီးနောက် ဤ ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံး နိုင်ငံတကာခေါင်း‌ ဆောင်တစ်ဦးက မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခြင်းဖြစ်ရာ တစ် နည်းအားဖြင့် ဟွန်ဆန်သည် စကစကို တရား ဝင်အသိအမှတ်ပြုသူဟု ဆိုနိုင် သည်။

အောက်တိုဘာလတွင် အာဆီယံအဖွဲ့က မြန်မာခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေး များ တက်ရောက်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့စဉ်ကမူ ဟွန်ဆန်က မြန်မာက တက်ရောက်ခွင့်မရခြင်းမှာ မြန်မာ့ ခေါင်းဆောင်များ၏ အပြစ်သာဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မကြာမီမှာပင် လေသံ ပြောင်းသွားခဲ့သည်။

ဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံပြီးချိန်တွင် ဟွန်ဆန်က မြန်မာကို အာဆီယံမိသားစုဝင်ဖြစ်သည်၊ ထို့ကြောင့် အစည်းအဝေးတက်ရောက်ခွင့်ရှိသည်ဟု သတင်းဌာနများကို ပြောကြားခဲ့သည်။ ရိုက်တာ သတင်းဌာနက ၎င်းအား မြန်မာစစ်ခေါင်း ဆောင်နှင့် အဘယ့်ကြောင့်ဆက်ဆံရသနည်းဟု မေးမြန်း ရာတွင် “ခေါင်း ဆောင်တွေနဲ့ အလုပ်တွဲမလုပ်လို့ ဘယ်သူနဲ့ လုပ်ရမှာလဲ”ဟု ဖြေကြားခဲ့သည်။

အာဆီယံဥက္ကဌကမ္ဘောဒီးယားနှင့် မြန်မာ့အရေး
=============================

ကမ္ဘောဒီးယားအစိုးရပိုင်မီဒီယာမှ ဂျာနယ်လစ်တစ်ဦးက The Diplomat တွင် မြန်မာအရေးဖြေရှင်းရန် ကမ္ဘောဒီးယား၏ သံတမန်နည်းကို သုံးကြည့်သင့်ပါသည် ဟုလော်ဘီ လေသံဖြင့်ရေးသားခဲ့သည်။

မြန်မာနိုင်ငံက ရင်ဆိုင်နေရသော နိုင်ငံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ လိုအပ် ချက် ကိုဖြေရှင်းရန် ကမ္ဘောဒီးယားက ဝင်ပါခြင်းက အကောင်းဆုံး နည်းလမ်းဟု ရေးသားခဲ့သည်။ သို့ရာတွင် မည်သည့်ရလဒ် ထွက်လာမည်ကိုမူ အာမမခံရဲပါဟု ဆိုထားသည်။

ပစ်ပယ်ထားခြင်းအားဖြင့် ရလဒ်ကောင်းထွက်လာမည် မဟုတ်သောကြောင့် ဆက်ဆံသင့်သည်ဟု ဆိုထားသလို အာဆီယံ၏ သြဇာမှာ နည်းပါးသဖြင့် အခြားနိုင်ငံတကာ မိတ်ဖက်တို့၏ အထောက် အကူလည်း ရမှ ဖြစ်ပါမည်ဟုရေးသားထားသည်။

နိုင်ငံတကာ၏ အကူအညီကို ရယူပေးနိုင်ရန် အာဆီယံဥက္ကဌနေရာက အသုံးဝင်ပါမည်ဟု ဆိုထား သည်။ အာဆီယံအတွင်း နှစ်ခြမ်းကွဲနေခြင်းကို မြန်မာပြည်စစ်အာဏာရှင်တို့က အခွင့်ကောင်းယူမည် ဖြစ် သောကြောင့် တစ်စည်းတစ်လုံးတည်း တစ်သဘောတည်း တံခါးဖွင့် ဆက်ဆံပါဟူသောမူကို ထိုစာရေးက ရောင်းချနေပေသည်။

ဟွန်ဆန်သည် အာဏာရှင်ကို ဖေးမမည့်သူ
=========================

အချို့က ဟွန်ဆန်ကို သူ့ပြည်တွင်းရေးများကို လက်တွေ့ကျကျ ဖြေရှင်းခဲ့ဖူးသည့် အတွေ့ အကြုံရှိထားသူဟုဆိုသော်လည်း နှစ်သုံးဆယ်ကျော်စာ နိုင်ငံကိုအုပ်ချုပ်ခဲ့သည့် ၎င်းသည် လည်း အာ ဏာရှင်ပင်ဖြစ်သည်။

ဟွန်ဆန်သည် ပြည်သူတို့၏ တော်လှန်ရေးမှာ ကူးစက်တတ်သည့် သဘောရှိသည်ကို သူ့ဘဝနှင့်ချီ၍ သင်ခန်းစာရခဲ့ပြီးသူဖြစ်သည်။ ထို့ကြောင့်သူသည် အာဏာရှင်ကို ခြောက်ခြား အောင်လုပ် နိုင်သူမှန်သမျှကို ကြိုတင်ဖိနှိပ်မှုသာ သုံးသည်။ ၂၀၁၁ ခုနှစ် အာရပ် နွေဦးတော်လှန်ရေး ဖြစ်ခဲ့စဉ်က တူနီးရှားက အာဏာရှင်ကိုပြည်သူတို့က ဖြုတ်ချခဲ့စဉ်က ဟွန်ဆန်က ဤသို့ဆိုခဲ့သည်။

“ငါက ငါ့ကို အတိုက်အခံလုပ်တဲ့သူကို အားနည်းအောင်လုပ်ရုံလောက်မဟုတ်ဘူး။ သေအောင် ပါလုပ်မှာ။ ဆန္ဒပြရဲလောက်အောင် ခေါင်းမာတဲ့သူ ထွက်ရဲ ထွက်လာကြည့်၊ ခွေးမောင်းမောင်းပြီး အချုပ်ထဲထည့်ပစ်မယ်” ဟု ကြိမ်းမောင်းခဲ့ဖူးသည်။

သူသည် သူ့ကိုဆန့်ကျင်လျှင် သေဘေးသာရှိသည်ဟူသော စကားကို အာဏာလက်ကိုင် ရှိစဉ် တစ် လျှောက် လုံး လူသိရှင်ကြား အကြိမ်ပေါင်းများစွာ သုံးစွဲခဲ့သူဖြစ်သည်။

ကမ္ဘောဒီးယား၏ ဖျက်ဆီးခံရသော ဒီမိုကရေစီ အခြေအနေ
=========================================
၁၉၉၃ တွင်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းခဲ့ပြီး ပါတီစုံရွေးကောက်ပွဲစနစ်ကို ကျင့်သုံးရန် ရည်သန်ခဲ့ ကြသော ကမ္ဘောဒီးယားသည် ၂၀၁၈မှ စ၍ တစ်ပါ တီစနစ် လုံးလုံးလျားလျား ဖြစ်သွားခဲ့ လေပြီ။

ကမ္ဘောဒီးယားပြည်သူ့ပါတီ CPP သည်လက်ရှိ လွှတ်တော်အမတ် နေရာအား လုံးကို ရအောင် အတိုက် အခံများ အားလုံးကို နိုင်ငံတော်အာဏာကို ဖြိုခွဲရန် ကြံစည်သည်ဟူသောအမှုဖြင့် ခေါင်းဆောင် Kem Sokha ကို ဖမ်းဆီးလိုက်ပြီး နှစ် ၃၀ လောက် ထောင်ချနိုင်သော ပုဒ်မများတပ်ထားသည်။

၂၀၁၇မှစကာ တစ်နှစ်ခွဲလောက်ဖမ်းထားပြီး အာမခံနှင့် ပြန်လွှတ်ထား သော် လည်း သူနှင့် သူ့၏ ပါတီ the Cambodian National Rescue Party (CNRP) မှ အမတ်လောင်း ၁၁၈ ဦးကို နိုင်ငံရေးမှ ငါးနှစ် ပိတ်ပင်ထားခြင်းအား ဖြင့် ၂၀၂၃ တွင်လည်း CPP အနိုင်ရရန်ပြင်ဆင်ထားသည်။

ခေါင်းဆောင်ဖြစ်သူကိုထောင်ချထားသည်နှင့် တပြိုင်နက်တွင် ဟွန်ဆန် က ပြိုင် ဖက် (CNRP)ကို ဖျက်သိမ်းခဲ့သည်။ ပြိုင်ဖက်ပါတီ၏ လှုပ်ရှားမှုများကို ရပ် ကွက်မဲဆန္ဒနယ်ပေါင်း ၄၈၉ တွင် ရပ်စဲခဲ့သည်။ သို့ဖြစ်ရာ မြန်မာအာဏာပိုင်တို့၏ လုပ်ရပ်များမှာ ဟွန်ဆန်အတွက် အံ့သြဖွယ်ရာမဟုတ်ပေ။

ရွေးကောက်ပွဲစည်းကမ်းကို မလေးစားသူ
=========================================

ဟွန်ဆန်သည် ‌ရွေးကောက်ပွဲရလဒ်ကို ဗိုလ်ကျတတ်သည်မှာ ယခုမှ မဟုတ်ပေ။ ၁၉၉၃ ပြည်တွင်း စစ် အပြီး ပထမဆုံးအကြိမ်ကုလသမဂ္ဂကရွေး‌ကောက်ပွဲကျင်းပပေးခဲ့စဉ်ကလည်း ရလဒ်ကို ငြင်းဆန် ခဲ့ သည်။

ထိုစဉ်က သူ့ပါတီ CPP မှာ ရှုံးနိမ့်သော်လည်း ထိုအရှုံးကိုလက်မခံဘဲ ရွေး ကောက် ပွဲမှာ မဲလိမ် မှုများ ရှိသည်ဟု ကုလရွေးကောက်ပွဲကျင်းပရေးကော် မရှင်ကိုတိုင်သည်။ ထိုစဉ်က ကုလကိုယ်စားလှယ် ဂျပန် အရာရှိ အာကာရှီက သူ၏တိုင်တန်းချက်မှာ အချက်အလက် မခိုင်သော စွပ်စွဲချက် သာဖြစ် ကြောင်း ဖြေရှင်းခဲ့သည်။

သို့သော် ဟွန်ဆန်က အရှေ့ဘက် ပြည်နယ်ခုနှစ်ခုက ခွဲထွက်မည်ဖြစ်ကြောင်း လက်နက် မချရသေးသော လက်နက်ကိုင်အုပ်စုများကို သုံးလျှက် ခြိမ်းခြောက်မှုများကို ဖန်တီးခဲ့သည်။

မိမိကိုယ်ကိုလည်း ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံးအနိုင်ရသော လက်ယာပါတီ မှခေါင်းဆောင်နှင့် တန်းတူဝန်ကြီးချုပ်အဖြစ် ကြေညာပြီး အာကာရှီကို မိမိဆုံးဖြတ် ချက်အား ထောက်ခံ ပါသည်ဟု စာထုတ်ပေးပါဟု ဖိအားပေးခဲ့သည်။

ထိုရွေးကောက်ပွဲမှာ CPP မဟုတ်သော အခြားပါတီတစ်ခုက မဲအများဆုံးဖြင့် အနိုင်ရသည့် နောက်ဆုံး ရွေးကောက်ပွဲဖြစ်ခဲ့သည်။

နိုင်ငံကို ၃၆ နှစ် ဟွန်ဆင်က ဘယ်လို ဖိနှိပ်အုပ်ချုပ်နေလဲ
========================================

(က) တရားရေးကဏ္ဍကို ၎င်း၏ အာဏာစက်အောက်တွင်ရှိစေပြီး လိုသလို အသုံးချသည်။

ခမာနီတို့အုပ်ချုပ်သည့် (၁၉၇၅-၁၉၇၉) ကာလအတွင်း ဖြစ်ပျက်ခဲ့သော ဂျီနိုဆိုက်အတွက် ခမာနီ ခေါင်းဆောင်များကို စစ်ဆေးရာတွင် နိုင်ငံတကာခုံရုံးကို ဟွန်ဆန်က အမျိုးမျိုးနှောင့်ယှက်သည်။

စစ်ဆေးရာတွင် ပါဝင်သော တရားရေးဝန်ထမ်းများ၊ ဘာသာပြန်များ၊ ရုံးအဖွဲ့ဝင်များကို လစာမပေးဘဲ အချိန်ဆွဲထားခြင်းမှာ သူ၏ နည်းဗျူဟာတစ်ခုဖြစ်သည်။ ထိုစစ်ဆေးမှုများတွင် သက်သေအဖြစ် ကမ္ဘောဒီးယား Documentation Center က နှစ်နှစ်ဆယ်ကျော် ရှာဖွေခဲ့သောသက်သေ အထောက်အထားစာရွက်စာတမ်းပေါင်းပေါင်း ၅ သိန်းကျော်ကို တင်ပြပြီး သည့်တိုင်အောင် ကျူးလွန် ခဲ့သူ များကို ဟွန်ဆန်အစိုးရက အရေးယူခြင်းမပြုပေ။

ဟွန်ဆန်ပြောနေကျစကားမှာ ဒီလူတွေကို အရေးယူလိုက်ရင် တိုင်းပြည်ပြိုကွဲသွားမယ်။ အရေးယူ လို့ လည်း ဘာမှ ထူးလာမှ မဟုတ် ဘူး ဟူ၍ဖြစ်သည်။

နောက်ထပ် ပြည်တွင်း စစ်ဖြစ် သွား နိုင် သော ကြောင့် မည်သူ့ကိုမှ တရား ထပ်မစွဲရန် ဟွန်ဆန်က ကုလသမဂ္ဂကိုဟန့်တားထားပြီး ကုလသမဂ္ဂအနေနှင့် ကမ္ဘောဒီး ယားက ထွက်သွားလျှင် အကောင်းဆုံးဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခမာနီတို့အုပ်ချုပ်သည့်ကာလအတွင်း ကမ္ဘောဒီးယားမွတ်ဆလင် တစ်သိန်းမှ ငါးသိန်းအတွင်း အသတ် ခံခဲ့ရသည်ဟု လေ့လာသူများက ဆိုကြရာ ၂၀၁၅ တွင် ခမာနီ ခေါင်းဆောင် အစ်ကိုကြီး နံပတ် ၂ ကို ထိုအမှုနှင့်စပ်လျဉ်း၍ စစ်ဆေးခဲ့ကြသည်။

ဂျီနိုဆိုက်ကို ကိုယ်တွေ့ကြုံခဲ့ကြသောမွတ်ဆလင်များက ရုံးတော်တွင် သက် သေ လာရောက် ထွက် ဆို ခဲ့ကြရာ ခမာနီတို့သည် မွတ်ဆလင်များ၏ ရွာကိုဝိုင်း ထားပြီး ခမာနှင့် မွတ်ဆလင်များကို လူစု ခွဲ စေသည်။

ထိုချမ်ဟုခေါ်သော ကမ္ဘောဒီးယားမွတ်ဆလင်များမှာ ရှီးယိုက်အနွယ်များဖြစ် သည်။ သတ်ဖြတ် ညှင်း ပန်းခြင်းမပြုမိတွင်လည်း အတင်းအကြပ် ဝက်သားစားစေခြင်းများရှိခဲ့ကြသည်။ တစ်ရွာလုံးမှ ကိုရမ်ကျမ်းစာအုပ်များကို စုပြီး မီးပုံရှို့ခြင်းသည်လည်း ရွာများစွာတွင်တွေ့မြင်ခဲ့ကြရသည်ဟု ထွက် ဆိုကြသည်။

ဗလီများကို ဖျက်ဆီးခြင်း၊ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်ကိုသတ်ပစ်ခြင်းတို့အပြင် ထိုဖိနှိပ် မှုများကို Dccam က သက်သေကောက်ယူထားခဲ့သည်။

ထိုထွက်ဆိုချက်များတွင် နိုင်ငံတစ်ဝန်းလုံးကို ခမာနီ က ရက်စက်စွာ အုပ်ချုပ်ခဲ့သည်မှာ မှန်သော်လည်း ချမ်မွတ်ဆလင်များကိုမူ ရန်သူဟူသော အမှတ် ဖြင့် ပျောက်ကွယ်စေလိုခဲ့သော အပြုအမူများကို ဆောင်ရွက်ခဲ့သည်ဟု မျက်မြင် သက်သေ များ က စွပ်စွဲထားခဲ့ကြသည်။

ထိုစဉ်က ဟွန်ဆန်ကိုယ်တိုင်မှာ ခမာနီ တိုင်းမှုးအဖြစ် တာဝန်ယူထားသည်ဖြစ်ရာ ထိုအမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေအဖြစ် မေးမြန်းရန် အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့သော် လည်း ရုံးတော်သို့ မလာရောက်ခဲ့ပေ။

မွတ်ဆလင်ခွဲထွက်ရေး သူပုန်များကိုနှိမ်နင်းရန်ဟု ခမာနီက အကြောင်းပြခဲ့သော ထို သတ်ဖြတ်မှုများကို စစ်ဆေးဆဲဖြစ်သည်။

၁၉၇၉ တွင် ထုတ်ပြန်ခဲ့သော ခမာနီတို့၏ ကြေညာချက်အရ ချမ်တို့သည် နိုင်ငံအဖြစ် ဖြစ်တည်ခွင့်မရှိ၊ သီးခြားဘာသာစကားကို ပြောဆိုခွင့်မရှိ၊ ဓလေ့ ထုံး တမ်း များနှင့် ဘာသာရေးအယူအဆများကို စွန့်လွှတ်ကြရမည်။ မလိုက်နိုင်သူ များသည် အန်ကာနိုင်ငံတော်၏ ဥပဒေအရ နိုင်ငံတော် ကိုပုန်ကန် သူအဖြစ် အရေး ယူခြင်း ခံရမည်ဟုဆိုထားသည်။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သူ ဟွန်ဆင်
=====================================

ဟွန်ဆန်သည် ၁၉၉၃ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အကြိမ်ကြိမ်ချိုးဖောက် ခဲ့သူဖြစ်သည်။

တရားရေးကဏ္ဍမလွတ်လပ်သည့်အပြင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးကိုလည်း အကန့်မခွဲဘဲ ဝင် ရောက်စွက်ဖက်လေ့ရှိသည်။

ကမ္ဘောဒီးယားအနေနှင့် လက်မှတ်ရေးထိုးထားသော နိုင်ငံတကာ လူ့ အခွင့် အရေး စာချုပ်ပေါင်းများစွာကိုလည်း တရစပ်ချိုးဖောက်ခဲ့ပြီး အနောက်နိုင်ငံများနှင့် ဆက် ဆံရာတွင် မျက်နှာပြောင်ပြောင်ပင် နေလေ့ရှိသည်။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.