Local News

ပြည်သူတွေအတွက်ပေးတဲ့ ဒေါ်လာ ၃၇၂ သန်း ပါ လုယူလိုက်တဲ့ စစ်ကောင်စီ အဖွဲ့

ပြည်သူတွေအတွက်ပေးတဲ့ ဒေါ်လာ ၃၇၂ သန်း ပါ လုယူလိုက်တဲ့ စစ်ကောင်စီ အဖွဲ့

အာဏာသိမ်းပြီး ၉ လ ရှိခဲ့ပေမယ့် မြန်မာပြည်သူတွေအတွက်ပေးထားတဲ့ ဒေါ်လာ ၃၇၂ သန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက တခွန်းမှ မဟသလို ဆက်သွယ်ရှင်းပြတာမရှိဘူးလို့ IMF ပြောခွင့်ရပုဂ္ဂိုလ် Gerry Rice က ပထမဆုံးအကြိမ် ထုတ်ဖေါ်ပြောဆိုထားပါတယ်။

ကိုဗစ်ကာကွယ် တိုက်ဖျက်ရေးနဲ့ ဒုက္ခရောက်နေသူတွေကို ကူညီဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အရပ်သားအစိုးရနဲ့ သဘောတူထားတဲ့အတိုင်း အာဏာသိမ်းစစ်တပ်က အမှန်တကယ် သုံးစွဲလားဆိုတာလည်းဘာမှမသိရဘူးလို့ Gerry Rice က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလို အာဏာသိမ်းစစ်တပ်ဟာ သုံးစွဲငွေတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ဘာမှမရှိဘူးဆိုပါတယ်။ ဒါပေမယ့် အကူအညီပေးထားတဲ့ဒေါ်လာတွေနဲ့ပတ်သက်လို့ IMF က မျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့ Gerry Rice ကပြောပါတယ်။

ကိုဗစ်ကုသကာကွယ်ရေးနဲ့ မြန်မာပြည်သူတွေအတွက်ပြန်လည်ထူထောင်ရေးတွေလုပ်ပေးဖို့ IMF ကနေ ကူညီထောက်ပံ့ငွေအဖြစ် အာဏာမသိမ်းခင် ၁ ရက်အလိုမှာ ဒေါ်လာ ၃၇၂ သန်းလွှဲပေးခဲ့တာပါ။ လွှဲပေးပြီး ၁ ရက်အကြာမှာပဲ မအလအဖွဲ့က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာ IMF က အကူအညီပေးတဲ့ငွေတွေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ စစ်ဆေးခံမှုရှိခဲ့သလို ၃ လတကြိမ် စစ်ဆေးအတည်ပြုတာတွေလုပ်နိုင်ခဲ့တယ်ဆိုပါတယ်။

မအလအာဏာသိမ်းပြီးချိန်မှာတော့ ဗဟိုဘဏ်ကနေ ဒေါ်လာတွေထုတ်ရောင်းနေတဲ့သတင်းကလွဲရင် ငွေတွေ ဘယ်ရောက်လို့ ဘယ်မှာ ဘယ်လိုသုံးတယ်ဆိုတဲ့ ဖြေရှင်းချက်မရှိခဲ့တဲ့အတွက် မအလနဲ့ အဖွဲ့ဟာ အာဏာသာမက ဒေါ်လာ ၃၇၂ သန်းပါ လုယူသွားတဲ့သဘောလို့ နိုင်ငံတကာသတင်းတချို့က သုံးသပ်ရေးသားပါတယ်။

BNN

About the author

admin

Add Comment

Click here to post a comment