International News

ပြည်သူတွေအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ဝမ်းသာဂုဏ်ယူစရာသတင်း

ပြည်သူတွေအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ဝမ်းသာဂုဏ်ယူစရာသတင်း

မကြာခင်ကျင်းပမဲ့ UN အထွေထွေညီလာခံမှာ မြန်မာကိုယ်စားပြုအမြဲတမ်းကိုယ်စားလှယ်နေရာအတွက်အဆိုတင်သွင်းဖို့ အာဏာသိမ်းစစ်တပ်မှာ ပြင်ဆင်ထားတာ မရှိသေးဘူးလို့ အမည်မဖေါ်လိုတဲ့ အာဆီယံသံတမန်တွေပြောစကားကိုရည်ညွှန်းပြီး ထိုင်း PBS သတင်းက ဖေါ်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကမ္ဘာ့စင်မြင့်ထက်မှာ နိုင်ငံတကာက အာရုံစိုက်မယ့်အရာတွေကို ဆောင်ရွက်လိုတဲ့ဆန္ဒမရှိဘူးလို့ သတင်းမှာ ဖေါ်ပြထားပါတယ်။

BNN ကဆက်သွယ်မေးမြန်းတဲ့ အမည်မဖေါ်လိုတဲ့ ဘန်ကောက်အခြေစိုက် အာဆီယံသံတမန်တဦးကတော့ အာဏာသိမ်းစစ်တပ်ဟာ မော်စီတုံးရဲ့ တရုတ်နိုင်ငံပုံစံမျိုး ချိုးဖို့ကြံစည်နေတယ်ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပြီး ကွန်မြူနစ်တွေအာဏာရချိန်မှာ UN က တရုတ်ကွန်မြူနစ်အစိုးရကို အသိအမှတ်မပြုပဲ တိုင်ဝမ်ကိုပဲ အသိအမှတ်ပြုခဲ့တာပါ။စစ်အေးကာလ ၁၉၇၁ ခုနှစ်ကျမှ ဆိုဗီယက်အကူအညီနဲ့ တရုတ်ကွန်မြူနစ်အစိုးရကို UN က အသိအမှတ်ပြုခဲ့တာပါ။

UN က အသိအမှတ်မပြုပဲ ရပ်တည်နိုင်ခဲ့တဲ့ ကွန်မြူနစ်တရုတ်ရဲ့နမူနာကို အာဏာသိမ်းစစ်တပ်က အားကျနေတဲ့ပုံရှိတယ်လို့ အဆိုပါ သံတမန်က ယူဆပါတယ်။

ဂျာကာတာအခြေစိုက် အာဆီယံသံတမန်တဦးကတော့”ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့အစီအစဉ်ကို အမေရိကန်အစိုးရက ဖေါ်ထုတ်လိုက်ကတည်းက UN နေရာကို ဝင်ပြိုင်ဖို့ စစ်ခေါင်းဆောင်တွေက အာရုံမထားတော့တဲ့ပုံရှိတယ်လို့ ကျနော်နဲ့

ရင်းနှီးတဲ့ နေပြည်တော်ကအဆင့်မြင့်နိုင်ငံခြားရေးဌာနအရာရှိတွေကပြောပါတယ် ။ထပ်အရှက်ကွဲမှာလည်း စိုးရိမ်နေတယ်ပြောတာပဲ” လို့ BNN ကိုပြောပါတယ်။

အာဏာသိမ်းစစ်တပ်က UN နေရာအတွက် တကယ်ပဲ ဝင်မပြိုင်တော့ဘူးလားဆိုတာကတော့ မကြာခင် သိရတော့မှာဖြစ်ပါတယ်။

Credit