Local News

ပြည်သူဒုက္ခရောက်စေမယ့် စစ်ရေးတွေကို ငြင်းဆန်ကြဖို့ တပ်မတော်သားတွေကို NUG တိုက်တွန်း

ပြည်သူဒုက္ခရောက်စေမယ့် စစ်ရေးတွေကို ငြင်းဆန်ကြဖို့ တပ်မတော်သားတွေကို NUG တိုက်တွန်း

ပြည်သူတွေကို သတ်ဖြတ်ခိုင်းတဲ့ အမိန့်တွေနဲ့ ပြည်သူတွေ ဒုက္ခရောက်စေမယ့် စစ်ရေးတွေကို ငြင်းဆန်ကြဖို့ တပ်မတော်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်းလိုက်ပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာမှာ တပ်မတော်သားတွေကို ထည့်သွင်းတိုက်တွန်းထားတာပါ။

ပြည်သူ့တပ်မတော်သားတွေအနေနဲ့ CDM ဝင်ကြပါ။ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်တဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံကြပါ။ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးတဲ့အခါ ငြင်းဆန်ကြပါ။ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးမယ့် စစ်ရေးတွေကို ငြင်းဆန်ကြပါ။

တကယ်လို့ ငြင်းဆန်လို့မရတဲ့ အခြေအနေမှာ စစ်ထွက်ရရင်လည်း ပြည်သူတွေကို အတတ်နိုင်ဆုံး ကောင်းကောင်း ကူညီပေးကြပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထိပ်တိုက်မတွေ့နိုင်အောင် ရှောင်ရှားကြပါလို့ တိုက်တွန်းလိုပါတယ်

ပြည်သူ့ရင်ခွင်အဖွဲ့က ဗိုလ်ကြီး လင်းထက်အောင်ရဲ့ ပြောကြားချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ ၁၁ လအတွင်း ပြည်သူနဲ့ ပူးပေါင်းလာတဲ့ ရဲနဲ့ စစ်သား ၈ဝဝဝ ကျော် ရှိလာပြီလို့ သိရပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၆ဝဝဝ ကျော်နဲ့ စစ်သား အရေအတွက် ၂ဝဝဝ ကျော် ရှိနေပြီလို့ ဗိုလ်ကြီး လင်းထက်အောင်က ဆိုပါတယ်။

တိုက်ခိုက်ရေးဘက်မှာ PDF တပ်ဖွဲ့တွေနဲ့ အတူတကွ တိုက်ခိုက်နေတဲ့သူတွေရှိသလို ဆိုရှယ်မီဒီယာကနေ သူတို့တတ်သိနားလည်တာကို မျှဝေပေးနေသူတွေလည်း ရှိတယ်။ တခြားအပိုင်းတွေမှာလည်း ပါဝင်နေကြတာ ရှိတယ်။ တော်တော်များများကတော့ ဒီတော်လှန်ရေးမှာ ပါဝင်နေကြပါတယ်

CDM လုပ်လာသူတွေထဲမှာ ဗိုလ်မှူးအဆင့်အထိ ပါဝင်ပြီး အရာရှိ ရာဂဏန်းလောက်ရှိတယ်လို့လည်း သိရပါတယ်။ တပ်တွင်းကနေ ပြည်သူ့ဘက်ကို လျှို့ဝှက်စွာ ရပ်တည်နေသူတွေလည်း ရာဂဏန်းလောက်ရှိနေပြီလို့ ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

ဒီအရေအတွက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ပြည်သူ့ရင်ခွင်အဖွဲ့ဟာ CDM လှုပ်ရှားမှုမှာ ပါဝင်လာသူတွေကို စိစစ်တာ၊ ငွေကြေးပိုင်းဆိုင်ရာ အကူအညီပေးတာ၊ လွတ်မြောက်နယ်မြေရောက်ရှိအောင် သက်ဆိုင်ရာနယ်မြေခံ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကူညီတာတွေ လုပ်ဆောင်ပါတယ်။
RFA
dec 31

Zawgyi

ျပည္သူဒုကၡေရာက္ေစမယ့္ စစ္ေရးေတြကို ျငင္းဆန္ၾကဖို႔ တပ္မေတာ္သားေတြကို NUG တိုက္တြန္း

ျပည္သူေတြကို သတ္ျဖတ္ခိုင္းတဲ့ အမိန္႔ေတြနဲ႔ ျပည္သူေတြ ဒုကၡေရာက္ေစမယ့္ စစ္ေရးေတြကို ျငင္းဆန္ၾကဖို႔ တပ္မေတာ္သားေတြကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ယာယီသမၼတ ဒူဝါလ႐ွီးလ က တိုက္တြန္းလိုက္ပါတယ္။

NUG ယာယီသမၼတ ဒူဝါလ႐ွီးလ က ဒီဇင္ဘာ ၃၁ ရက္ ႏွစ္သစ္ကူးမိန္႔ခြန္းေျပာၾကားရာမွာ တပ္မေတာ္သားေတြကို ထည့္သြင္းတိုက္တြန္းထားတာပါ။

ျပည္သူ႕တပ္မေတာ္သားေတြအေနနဲ႔ CDM ဝင္ၾကပါ။ အမ်ိဳးသားညီၫြတ္ေရးအစိုးရ ဦးေဆာင္တဲ့ ျပည္သူ႕ရင္ခြင္ကို ခိုလႈံၾကပါ။ အျပစ္မဲ့ျပည္သူေတြကို သတ္ျဖတ္ဖို႔ အမိန္႔ေပးတဲ့အခါ ျငင္းဆန္ၾကပါ။ အျပစ္မဲ့ျပည္သူေတြကို ဒုကၡေပးမယ့္ စစ္ေရးေတြကို ျငင္းဆန္ၾကပါ။

တကယ္လို႔ ျငင္းဆန္လို႔မရတဲ့ အေျခအေနမွာ စစ္ထြက္ရရင္လည္း ျပည္သူေတြကို အတတ္ႏိုင္ဆုံး ေကာင္းေကာင္း ကူညီေပးၾကပါ။ ျပည္သူ႕ကာကြယ္ေရးတပ္မေတာ္ PDF ေတြ၊ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ထိပ္တိုက္မေတြ႕ႏိုင္ေအာင္ ေ႐ွာင္႐ွားၾကပါလို႔ တိုက္တြန္းလိုပါတယ္

ျပည္သူ႕ရင္ခြင္အဖြဲ႕က ဗိုလ္ႀကီး လင္းထက္ေအာင္ရဲ႕ ေျပာၾကားခ်က္အရ စစ္တပ္အာဏာသိမ္းထားတဲ့ ၁၁ လအတြင္း ျပည္သူနဲ႔ ပူးေပါင္းလာတဲ့ ရဲနဲ႔ စစ္သား ၈ဝဝဝ ေက်ာ္ ႐ွိလာၿပီလို႔ သိရပါတယ္။

အာဏာဖီဆန္ေရးလႈပ္႐ွားမႈ CDM မွာ ပါဝင္လာတဲ့ ရဲတပ္ဖြဲ႕ဝင္ ၆ဝဝဝ ေက်ာ္နဲ႔ စစ္သား အေရအတြက္ ၂ဝဝဝ ေက်ာ္ ႐ွိေနၿပီလို႔ ဗိုလ္ႀကီး လင္းထက္ေအာင္က ဆိုပါတယ္။

တိုက္ခိုက္ေရးဘက္မွာ PDF တပ္ဖြဲ႕ေတြနဲ႔ အတူတကြ တိုက္ခိုက္ေနတဲ့သူေတြ႐ွိသလို ဆို႐ွယ္မီဒီယာကေန သူတို႔တတ္သိနားလည္တာကို မွ်ေဝေပးေနသူေတြလည္း ႐ွိတယ္။ တျခားအပိုင္းေတြမွာလည္း ပါဝင္ေနၾကတာ ႐ွိတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီေတာ္လွန္ေရးမွာ ပါဝင္ေနၾကပါတယ္

CDM လုပ္လာသူေတြထဲမွာ ဗိုလ္မႉးအဆင့္အထိ ပါဝင္ၿပီး အရာ႐ွိ ရာဂဏန္းေလာက္႐ွိတယ္လို႔လည္း သိရပါတယ္။ တပ္တြင္းကေန ျပည္သူ႕ဘက္ကို လွ်ိဳ႕ဝွက္စြာ ရပ္တည္ေနသူေတြလည္း ရာဂဏန္းေလာက္႐ွိေနၿပီလို႔ ဗိုလ္ႀကီး လင္းထက္ေအာင္က ေျပာပါတယ္။

ဒီအေရအတြက္ေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို RFA က ဆက္သြယ္ေနဆဲျဖစ္ပါတယ္။

ျပည္သူ႕ရင္ခြင္အဖြဲ႕ဟာ CDM လႈပ္႐ွားမႈမွာ ပါဝင္လာသူေတြကို စိစစ္တာ၊ ေငြေၾကးပိုင္းဆိုင္ရာ အကူအညီေပးတာ၊ လြတ္ေျမာက္နယ္ေျမေရာက္႐ွိေအာင္ သက္ဆိုင္ရာနယ္ေျမခံ အဖြဲ႕အစည္းေတြနဲ႔ ခ်ိတ္ဆက္ကူညီတာေတြ လုပ္ေဆာင္ပါတယ္။
RFA

dec 31

About the author

admin

Add Comment

Click here to post a comment