Local News

ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၂တွင် တော်လှန်ရေးအောင်ပွဲ သယ်ဆောင်လာမည်ဟု ယုံကြည်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော

ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၂တွင် တော်လှန်ရေးအောင်ပွဲ သယ်ဆောင်လာမည်ဟု ယုံကြည်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော

ပြည်သူလူထု၏ အားပေးမှု၊ ထောက်ခံမှု၊ ပူးပေါင်းပါဝင်မှုများက လက်ရှိတော်လှန်ရေးအောင်ပွဲကို သယ်ဆောင်လာမည်ဖြစ်ပြီး ၂၀၂၂ တွင် ပြည်သူလူထုပေးဆပ်ခဲ့ရသည်များနှင့်ထိုက်တန်သည့် အောင်မြင်မှုကို သယ်ဆောင်လာမည်ဟုယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

ယမန်နေ့ညပိုင်းက ပြုလုပ်ခဲ့သော ‘The Power of Revolution’ (တော်လှန်ရေး၏စွမ်းအား) စကား ဝိုင်းတွင် ဝန်ကြီးဒေါ်ဇင်မာအောင်က ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး ၂၀၂၁ အတွင်း မြန်မာပြည်သူများသည် ကြံ့ကြံ့ခံနိုင်စွမ်းဖြစ်မှု၊ စိတ်ပိုင်းဖြတ်နိုင်စွမ်းဖြစ်မှုတို့ကို ပြသခဲ့သည်ဟုလည်း ပြောသည်။

“၂၀၂၂ ဟာ ဒီတော်လှန်ရေးမှာ ပေးဆပ်ရတာတွေနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုကို သယ်ဆောင်လာမယ့် တော်လှန်ရေးဖြစ်တယ်။ အဲဒီတော်လှန်ရေးမှာ ကျွန်မတို့ ပြည်သူလူထုနဲ့ အတူတကွ၊ အောင်ပွဲဆင်ကြလိမ့်မယ်။

၂၀၂၂ ကို အောင်ပွဲကို သယ်ဆောင်နိုင်မယ့်၊ ပြည်သူလူထု ပေးဆပ်ရ ကျိုးနပ်တဲ့ ပေးထားသမျှ ပြန်ရအောင်ယူနိုင်မယ့်နှစ်တစ်နှစ်ဖြစ်အောင်လို့ ကျွန်မတို့ ဝိုင်းဝန်းပြီး အတူတကွ ကြိုးစားကြပါမယ်” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းက အကြမ်းဖက်စစ်ကောင်စီကို တရားဝင်မှုမပေးဘဲ လက်မခံသည်မှာ ပိုမိုထင်ရှားလာပြီး အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ရှင်းပြသည်။

နိုင်ငံတကာအသိုင်းအဝန်း၊ အစိုးရများနှင့် NUG တို့ တွေ့ဆုံဆွေးနွေးမှုများသည် ရာနှင့်ချီရှိခဲ့ သော်လည်း သံတမန်ရေးအခြေအနေအရ အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်မှုက ဆယ်ဂဏန်းခန့်သာရှိသည်ဟု ၎င်းက ဆိုသည်။

မြန်မာ့နွေဦးတော်လှန်ရေးခရီး လက်ရှိအခြေအနေရောက်ရှိလာခြင်းသည် ပြည်သူတစ်ဦးတစ် ယောက်ချင်းစီတိုင်း၏ပါဝင်မှုကြောင့်ဖြစ်ပြီး ထိုသို့ရုန်းကန်မှုကို နိုင်ငံတကာက လေးစားလာ စေရန်၊ ကူညီလာစေရန် ကြိုးစားဖန်တီးနေကြောင်းလည်း ဒေါ်ဇင်မာအောင်က ပြောသည်။

Zawgyi

ျပည္သူမ်ားပူးေပါင္းပါဝင္မႈျဖင့္ ၂၀၂၂တြင္ ေတာ္လွန္ေရးေအာင္ပြဲ သယ္ေဆာင္လာမည္ဟု ယုံၾကည္ေၾကာင္း NUG ႏိုင္ငံျခားေရးဝန္ႀကီးေျပာ

ျပည္သူလူထု၏ အားေပးမႈ၊ ေထာက္ခံမႈ၊ ပူးေပါင္းပါဝင္မႈမ်ားက လက္႐ွိေတာ္လွန္ေရးေအာင္ပြဲကို သယ္ေဆာင္လာမည္ျဖစ္ၿပီး ၂၀၂၂ တြင္ ျပည္သူလူထုေပးဆပ္ခဲ့ရသည္မ်ားႏွင့္ထိုက္တန္သည့္ ေအာင္ျမင္မႈကို သယ္ေဆာင္လာမည္ဟုယုံၾကည္ေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG) ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ေျပာသည္။

ယမန္ေန႔ညပိုင္းက ျပဳလုပ္ခဲ့ေသာ ‘The Power of Revolution’ (ေတာ္လွန္ေရး၏စြမ္းအား) စကား ဝိုင္းတြင္ ဝန္ႀကီးေဒၚဇင္မာေအာင္က ထည့္သြင္းေျပာၾကားျခင္းျဖစ္ၿပီး ၂၀၂၁ အတြင္း ျမန္မာျပည္သူမ်ားသည္ ၾကံ့ၾကံ့ခံႏိုင္စြမ္းျဖစ္မႈ၊ စိတ္ပိုင္းျဖတ္ႏိုင္စြမ္းျဖစ္မႈတို႔ကို ျပသခဲ့သည္ဟုလည္း ေျပာသည္။

“၂၀၂၂ ဟာ ဒီေတာ္လွန္ေရးမွာ ေပးဆပ္ရတာေတြနဲ႔ ထိုက္တန္တဲ့ ေအာင္ျမင္မႈကို သယ္ေဆာင္လာမယ့္ ေတာ္လွန္ေရးျဖစ္တယ္။ အဲဒီေတာ္လွန္ေရးမွာ ကြၽန္မတို႔ ျပည္သူလူထုနဲ႔ အတူတကြ၊ ေအာင္ပြဲဆင္ၾကလိမ့္မယ္။

၂၀၂၂ ကို ေအာင္ပြဲကို သယ္ေဆာင္ႏိုင္မယ့္၊ ျပည္သူလူထု ေပးဆပ္ရ က်ိဳးနပ္တဲ့ ေပးထားသမွ် ျပန္ရေအာင္ယူႏိုင္မယ့္ႏွစ္တစ္ႏွစ္ျဖစ္ေအာင္လို႔ ကြၽန္မတို႔ ဝိုင္းဝန္းၿပီး အတူတကြ ႀကိဳးစားၾကပါမယ္” ဟု ဝန္ႀကီးေဒၚဇင္မာေအာင္က ဆိုသည္။

ႏိုင္ငံတကာအသိုင္းအဝိုင္းက အၾကမ္းဖက္စစ္ေကာင္စီကို တရားဝင္မႈမေပးဘဲ လက္မခံသည္မွာ ပိုမိုထင္႐ွားလာၿပီး အမ်ိဳးသားညီၫြတ္ေရးအစိုးရကို တရားဝင္အသိအမွတ္ျပဳႏိုင္ေရးအတြက္ ႀကိဳးပမ္းလုပ္ေဆာင္ေနေၾကာင္း NUG ႏိုင္ငံျခားေရးဝန္ႀကီးက ႐ွင္းျပသည္။

ႏိုင္ငံတကာအသိုင္းအဝန္း၊ အစိုးရမ်ားႏွင့္ NUG တို႔ ေတြ႕ဆုံေဆြးေႏြးမႈမ်ားသည္ ရာႏွင့္ခ်ီ႐ွိခဲ့ ေသာ္လည္း သံတမန္ေရးအေျခအေနအရ အမ်ားျပည္သူသိ႐ွိေစရန္ သတင္းထုတ္ျပန္မႈက ဆယ္ဂဏန္းခန္႔သာ႐ွိသည္ဟု ၎က ဆိုသည္။

ျမန္မာ့ေႏြဦးေတာ္လွန္ေရးခရီး လက္႐ွိအေျခအေနေရာက္႐ွိလာျခင္းသည္ ျပည္သူတစ္ဦးတစ္ ေယာက္ခ်င္းစီတိုင္း၏ပါဝင္မႈေၾကာင့္ျဖစ္ၿပီး ထိုသို႔႐ုန္းကန္မႈကို ႏိုင္ငံတကာက ေလးစားလာ ေစရန္၊ ကူညီလာေစရန္ ႀကိဳးစားဖန္တီးေနေၾကာင္းလည္း ေဒၚဇင္မာေအာင္က ေျပာသည္။

About the author

admin

Add Comment

Click here to post a comment