Local News

ပြည်သူရွေးချယ်ထားတဲ့အဖွဲ့တွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ CRPH ထုတ်ပြန်

ပြည်သူရွေးချယ်ထားတဲ့အဖွဲ့တွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ CRPH ထုတ်ပြန်

■ မြန်မာ့အရေးကိစ္စရပ်တွေအတွက် လူထုက မဲပေးရွေးချယ်ထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တရားဝင်အဖွဲ့အစည်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း CRPH က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ဖိတ်ကြားမှုနဲ့ မြန်မာနိုင်ငံကို ဒီကနေ့ရောက်ရှိလာတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်ကို ရည်ရွယ်ပြီး CRPH က သဘောထားထုတ်ပြန်တာပါ။

အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အပေါ် ပူးပေါင်းဆောင်ရွက်ခြင်းမရှိတဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံမှုအပေါ် မြန်မာပြည်သူတွေ ဒေါသထွက်နေတာကြောင့် ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ တည်ရှိပြီး ဆက်ဆံရေးကောင်းတွေနဲ့ နှစ်နိုင်ငံ ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုတွေကို ထိန်းသိမ်းသွားဖို့ လိုတယ်လို့လည်း CRPH က ဆိုပါတယ်။

ဒါကြောင့် ၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဟွန်ဆန် အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဒီမိုကရေစီအတွက် ကြိုးပမ်းအားထုတ်မှုတွေကို လေးစားလိုက်နာဖို့ အထူးတိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်နေတဲ့ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ မြန်မာပြည်သူတွေအတွက် အကျိုးတစ်စုံတစ်ရာမရှိနိုင်ဘူးလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

လက်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ခရီးစဉ်အတွင်း အာဆီယံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်နဲ့ ပတ်သက်တာတွေ ထည့်သွင်းဆွေးနွေးဖို့ ရှိတယ် ပြောဆိုထားပါတယ်။

Photo: Samdech Hun Sen, Cambodian Prime Minister

(မြန်မာနိုင်ငံကို ၂၀၂၂ ဇန်နဝါရီ ၇ ရက်နေ့က ရောက်လာတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နေပြည်တော်လေဆိပ်မှာ ကြိုဆိုစဥ်)

Zawgyi

ျပည္သူေ႐ြးခ်ယ္ထားတဲ့အဖြဲ႕ေတြနဲ႔သာ ပူးေပါင္းေဆာင္႐ြက္ဖို႔ CRPH ထုတ္ျပန္

■ ျမန္မာ့အေရးကိစၥရပ္ေတြအတြက္ လူထုက မဲေပးေ႐ြးခ်ယ္ထားတဲ့ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) ၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) အပါအဝင္ တရားဝင္အဖြဲ႕အစည္းေတြနဲ႔သာ ပူးေပါင္းေဆာင္႐ြက္ဖို႔ တိုက္တြန္းေၾကာင္း CRPH က ဒီေန႔ ထုတ္ျပန္ပါတယ္။

စစ္ေကာင္စီရဲ႕ ဖိတ္ၾကားမႈနဲ႔ ျမန္မာႏိုင္ငံကို ဒီကေန႔ေရာက္႐ွိလာတဲ့ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ ခရီးစဥ္ကို ရည္႐ြယ္ၿပီး CRPH က သေဘာထားထုတ္ျပန္တာပါ။

အာဆီယံ ဘုံသေဘာတူညီခ်က္ ငါးခ်က္အေပၚ ပူးေပါင္းေဆာင္႐ြက္ျခင္းမ႐ွိတဲ့ စစ္ေကာင္စီနဲ႔ ေတြ႕ဆုံမႈအေပၚ ျမန္မာျပည္သူေတြ ေဒါသထြက္ေနတာေၾကာင့္ ကေမ႓ာဒီးယားႏိုင္ငံအေနနဲ႔ တည္႐ွိၿပီး ဆက္ဆံေရးေကာင္းေတြနဲ႔ ႏွစ္ႏိုင္ငံ ျပည္သူေတြအၾကား ခ်စ္ၾကည္ရင္းႏွီးမႈေတြကို ထိန္းသိမ္းသြားဖို႔ လိုတယ္လို႔လည္း CRPH က ဆိုပါတယ္။

ဒါေၾကာင့္ ၂၀၂၂ ခုႏွစ္ အာဆီယံ အလွည့္က်ဥကၠ႒ျဖစ္သူ ဟြန္ဆန္ အေနနဲ႔ ျမန္မာျပည္သူေတြရဲ႕ ဆႏၵသေဘာထားနဲ႔ ဒီမိုကေရစီအတြက္ ႀကိဳးပမ္းအားထုတ္မႈေတြကို ေလးစားလိုက္နာဖို႔ အထူးတိုက္တြန္းတယ္လို႔လည္း ဆိုပါတယ္။

ျပည္သူေတြကို ဥပေဒမဲ့ ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ေနၿပီး လူ႕အခြင့္အေရး ခ်ိဳးေဖာက္မႈေတြလုပ္ေနတဲ့ စစ္ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈဟာ ျမန္မာျပည္သူေတြအတြက္ အက်ိဳးတစ္စုံတစ္ရာမ႐ွိႏိုင္ဘူးလို႔လည္း ထုတ္ျပန္ခ်က္မွာပါ႐ွိပါတယ္။

လက္႐ွိ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ ျမန္မာႏိုင္ငံကို ေရာက္႐ွိေနၿပီး ခရီးစဥ္အတြင္း အာဆီယံက ျမန္မာႏိုင္ငံအေပၚ ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ငါးရပ္နဲ႔ ပတ္သက္တာေတြ ထည့္သြင္းေဆြးေႏြးဖို႔ ႐ွိတယ္ ေျပာဆိုထားပါတယ္။

Photo: Samdech Hun Sen, Cambodian Prime Minister

(ျမန္မာႏိုင္ငံကို ၂၀၂၂ ဇန္နဝါရီ ၇ ရက္ေန႔က ေရာက္လာတဲ့ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကို စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ ေနျပည္ေတာ္ေလဆိပ္မွာ ႀကိဳဆိုစဥ္)

About the author

admin

Add Comment

Click here to post a comment