Local News

ပြည်သူအများ အသံတိတ်သပိတ်ကျင်းပပြုလုပ်အောင် ​သွေးထိုးလှုံဆော် တိုက်တွန်းခဲ့သည့် ဗေဒင်နှင့် နက္ခတ် ပညာရှင်များအား တိကျစွာ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်

ပြည်သူအများ အသံတိတ်သပိတ်ကျင်းပပြုလုပ်အောင် ​သွေးထိုးလှုံဆော် တိုက်တွန်းခဲ့သည့် ဗေဒင်နှင့် နက္ခတ် ပညာရှင်များအား တိကျစွာ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း

မြဝတီရုပ်မြင်သံကြားမှ သတိပေးလိုက်သည်ယနေ့ သပိတ်တွင်ပါဝင်သည့်အထဲ စစ်အုပ်စုပိုင် မိုင်တဲဆိုင်တွေနဲ့ လူကယ်ပြန်သက်သက်ခိုင် ရွှေနန်းတော် ဆိုင်တွေပါ ယောင်ဝါးဝါးလားအတည်လားမသိ ပါဝင်လာသည်မှာ အံ့ဩဖွယ်တွေ့ရပေသည်

ယမန်နေ့ကလည်း မကွေးနှင့်ပုသိမ်မြို့များတွင် ဆိုင်ခန်းများမဖွင့်ပါက ဆိုင်ပိုင်ရှင်များအား အရေးယူမည့်အပြင် ဆိုင်ခန်းများကိုပါ ပြည်သူပိုင်သိမ်းဆည်းမည်ဖြစ်သဖြင့် မိမိတို့ဈေးဆိုင်များ ဖွင့်မည့်အကြောင်း ဝင်ခံကတိထိုးခိုင်းခြင်းမျိုးရှိခဲ့သည်

၎င်းအပြင် ရန်ကုန်မြို့ပေါ်ရက်ကွက်များပေါ်တွင် လောစပီကာ စစ်ကောင်စီတပ်သားများမှ ဆိုင်ခန်းများအား မဖြစ်မနေဖွင့်ရမည်ဆိုသည့်အကြောင်း မဖွင့်ပါက ဘိုကတိုဇာဖြင့် ဆိုင်ခန်းများအား ထိုးပစ်မည်ဖြစ်ကြောင်း အသိပေးကြေငြာခဲ့ပြန်သည်သည်

မူဆယ်မြို့ရှိ စည်ပင်ဈေးထဲမှာလည်း အကြောင်းပြချက်မခိုင်လုံဘဲ ဈေးဆိုင်ပိတ်ခဲ့ပါက တစ်လယာယီ ပိတ်ထားခြင်းခံရမည်ဟု စစ်ကောင်စီမှ မိုက်ဖြင့်လှည့်လည်အော်နေကြောင်းကိုလည်း ကြားသိရပါသည်

သို့သော်လည်း ယနေ့တွင် တနိုင်ငံလုံးနီးပါး လမ်းဘေးရှိ လေလွင့်ခွေးများမှလွဲပြီး ငြိမ်သက်ခြင်းသပိတ်မှာ ပါဝင်ခဲ့ကြသည်ကို တွေ့ရှိရပါသည်

၅၀၀၀ စားရပ်ကွက်များတွင်မူ ဘုးရားကျောင်းတက်ရမည်ဟု ငွေကြေးရယူထားသော်လည်း ယနေ့တွင် ဘုရားတက်ရောက်ခြင်းများ မတွေ့ရသဖြင့် စကစအဖို့ ငွေကြေးအရဆုံးရှုံးရပြန်သည်

Zawgyi









About the author

admin

Add Comment

Click here to post a comment