Local News

ပြည်သူ့ကာကွယ်ရေးတပ် (PDF)များအား လက်မခံပါနဲ့ဆိုပြီး KNU တပ်မဟာ (၁)ကို စစ်ကောင်စီအကြောင်းကြားစာပေးပို့

ပြည်သူ့ကာကွယ်ရေးတပ်(PDF)များအား KNU တပ်မဟာ(၁)အနေနဲ့ လက်ခံထားခြင်းမပြုရန် စစ်ကောင်စီရဲ့ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်က အကြေားကြားစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

KNU ရဲ့ တပ်မဟာ (၁)၊ ခေတ္တတပ်မဟာမှူး စောမြင့်ထွေးထံသို့ ဒီဇင်ဘာလ ၃၁ရက်နေ့ရက်စွဲဖြင့် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်က အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ PDF အဖွဲ့များကိုသာ ဖော်ထုတ်ဖမ်းဆီးခြင်းနဲ့ အကန့်အသတ်ဖြင့်သာ စစ်ရေးအရ အရေးယူမှုများအား ဆောင်ရွက်နေခြင်းဖြစ်ကာ NCA လမ်းကြောင်းအတိုင်းသာ တစိုက်မတ်မတ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လေးကေ့ကော်မြို့သစ်မှာ မည်သည့်လုံခြုံရေးအဖွဲ့အစည်းကိုမျှ ထားရှိခြင်းမပြုဘဲ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများ နေထိုင်နိုင်ရေးအတွက် စီမံပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


ယခုကဲ့သို့ KNU တပ်မဟာ (၁)သို့ ပေးပို့ခဲ့သည့် အကြောင်းကြားစာအား စစ်ကောင်စီဘက်က ရွာသူကြီးမှတစ်ဆင့် ပေးပို့ခိုင်းခြင်းဖြစ်တယ်လို့ KNU သတင်းအရင်းအမြစ်ဖြစ်သည့် Salween Press က ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လမ်းကြောင်းမသွေဖည်စေရေး၊ NCA လမ်းကြောင်းတိုင်းသာ ဆောင်ရွက်သွားရန်နဲ့ တပ်မဟာ(၁)အနေနဲ့ နယ်မြေဖွံ့ဖြိုးရေးနဲ့စပ်လျဉ်းပြီး ဆောင်ရွက်လိုပါက ကူညီပေးရန်အသင့်ရှိတယ်လို့ ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။
TMA

Zawgyi

ျပည္သူ႕ကာကြယ္ေရးတပ္(PDF)မ်ားအား KNU တပ္မဟာ(၁)အေနနဲ႔ လက္ခံထားျခင္းမျပဳရန္ စစ္ေကာင္စီရဲ႕ တပ္မေတာ္စစ္ဘက္ေရးရာလုံျခဳံေရးအရာ႐ွိခ်ဳပ္က အေၾကားၾကားစာေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။

KNU ရဲ႕ တပ္မဟာ (၁)၊ ေခတၱတပ္မဟာမႉး ေစာျမင့္ေထြးထံသို႔ ဒီဇင္ဘာလ ၃၁ရက္ေန႔ရက္စြဲျဖင့္ တပ္မေတာ္စစ္ဘက္ေရးရာလုံျခဳံေရးအရာ႐ွိခ်ဳပ္က အေၾကာင္းၾကားစာတစ္ေစာင္ ေပးပို႔ခဲ့တာျဖစ္ပါတယ္။

စစ္ေကာင္စီတပ္အေနနဲ႔ PDF အဖြဲ႕မ်ားကိုသာ ေဖာ္ထုတ္ဖမ္းဆီးျခင္းနဲ႔ အကန္႔အသတ္ျဖင့္သာ စစ္ေရးအရ အေရးယူမႈမ်ားအား ေဆာင္႐ြက္ေနျခင္းျဖစ္ကာ NCA လမ္းေၾကာင္းအတိုင္းသာ တစိုက္မတ္မတ္ေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။

ေလးေက့ေကာ္ၿမိဳ႕သစ္မွာ မည္သည့္လုံျခဳံေရးအဖြဲ႕အစည္းကိုမွ် ထား႐ွိျခင္းမျပဳဘဲ တစ္ဖက္ႏိုင္ငံမွ ျပန္လည္ဝင္ေရာက္လာေသာ တိုက္ပြဲေ႐ွာင္တိုင္းရင္းသားျပည္သူမ်ား ေနထိုင္ႏိုင္ေရးအတြက္ စီမံေပးခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ယခုကဲ့သို႔ KNU တပ္မဟာ (၁)သို႔ ေပးပို႔ခဲ့သည့္ အေၾကာင္းၾကားစာအား စစ္ေကာင္စီဘက္က ႐ြာသူႀကီးမွတစ္ဆင့္ ေပးပို႔ခိုင္းျခင္းျဖစ္တယ္လို႔ KNU သတင္းအရင္းအျမစ္ျဖစ္သည့္ Salween Press က ေဖာ္ျပထားပါတယ္။

ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး လမ္းေၾကာင္းမေသြဖည္ေစေရး၊ NCA လမ္းေၾကာင္းတိုင္းသာ ေဆာင္႐ြက္သြားရန္နဲ႔ တပ္မဟာ(၁)အေနနဲ႔ နယ္ေျမဖြံ႕ၿဖိဳးေရးနဲ႔စပ္လ်ဥ္းၿပီး ေဆာင္႐ြက္လိုပါက ကူညီေပးရန္အသင့္႐ွိတယ္လို႔ ထည့္သြင္းေျပာဆိုထားတာျဖစ္ပါတယ္။
TMA

About the author

admin

Add Comment

Click here to post a comment