Local News

ပုလဲ-ဂန့်ဂေါလမ်းတွင် ခြေလျင်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ မိုင်း ၃၅ လုံးဆွဲခံရပြီး စစ်သား ၃၄ ဦး သေဆုံး

ပုလဲ-ဂန့်ဂေါလမ်းတွင် ခြေလျင်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ မိုင်း ၃၅ လုံးဆွဲခံရပြီး စစ်သား ၃၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်း၊ ဝမ်းဘဲဂျိုင့်ကျေးရွာအနီးတွင် ခြေလျင်တက်လာသော စစ်ကောင်စီစစ်ကြောင်းကို မိုင်း ၃၅ လုံးခွဲ၍ တိုက်ခိုက်ရာ

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦး သေဆုံးသွားပြီး ၃၀ ကျော်ဒဏ်ရာရရှိကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောသည်။

ယနေ့နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် (ပုလဲ-ဂန့်ဂေါ) လမ်းမကြီး ဝမ်းဘဲဂျိုင့်ကျေးရွာ အရှေ့ဘက်တွင်

စစ်တပ်အင်အား ၈၀ ကျော်ခန့်သည် ခြေကျင်လမ်းလျှောက်စစ်ကြောင်း တက်လာရာ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) I

Pale PDF-Headquarters နှင့် ဂျိုကာ အဖွဲ့တို့ကပူးပေါင်း ၍ ပဒေသာမိုင်း ၃၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၃၄ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိကြောင်း PRA ပြန်ကြားရေးတာဝန်ရှိသူကဆိုသည်။

လက်ရှိတွင် မဟာမိတ်ပူးပေါင်းအဖွဲ့ ၃ ခုမှ တော်လှန်ရေး ရဲဘော်များ တစ်စုံ တစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်သားများ (ပုံဟောင်း)

Zawgyi

ပုလဲ-ဂန႔္ေဂါလမ္းတြင္ ေျခလ်င္တက္လာေသာ စစ္ေကာင္စီတပ္ဖြဲ႕ မိုင္း ၃၅ လုံးဆြဲခံရၿပီး စစ္သား ၃၄ ဦး ေသဆုံး

စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္၊ ပုလဲ-ဂန႔္ေဂါလမ္း၊ ဝမ္းဘဲဂ်ိဳင့္ေက်း႐ြာအနီးတြင္ ေျခလ်င္တက္လာေသာ စစ္ေကာင္စီစစ္ေၾကာင္းကို မိုင္း ၃၅ လုံးခြဲ၍ တိုက္ခိုက္ရာ

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃၄ ဦး ေသဆုံးသြားၿပီး ၃၀ ေက်ာ္ဒဏ္ရာရရွိေၾကာင္း ျပည္သူ႕ေတာ္လွန္ေရး တပ္မေတာ္(PRA)မွ ျပန္ၾကားေရးတာဝန္ရွိသူတစ္ဦးကေျပာသည္။

ယေန႕နိုဝင္ဘာလ ၈ ရက္ေန႕ နံနက္ ၁၀ နာရီ ၃၀ မိနစ္အခ်ိန္ စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္ (ပုလဲ-ဂန့္ေဂါ) လမ္းမႀကီး ဝမ္းဘဲဂ်ိဳင့္ေက်း႐ြာ အေရွ႕ဘက္တြင္

စစ္တပ္အင္အား ၈၀ ေက်ာ္ခန့္သည္ ေျခက်င္လမ္းေလွ်ာက္စစ္ေၾကာင္း တက္လာရာ ျပည္သူ႕ေတာ္လွန္ေရး တပ္မေတာ္(PRA) I

Pale PDF-Headquarters ႏွင့္ ဂ်ိဳကာ အဖြဲ႕တို႔ကပူးေပါင္း ၍ ပေဒသာမိုင္း ၃၅ လုံးျဖင့္ မိုင္းဆြဲတိုက္ခိုက္ခဲ့ေၾကာင္း၊ စစ္ေကာင္စီတပ္သား ၃၄ ဦး ေသဆုံးၿပီး ၃၀ ေက်ာ္ ဒဏ္ရာရရွိေၾကာင္း PRA ျပန္ၾကားေရးတာဝန္ရွိသူကဆိုသည္။

လက္ရွိတြင္ မဟာမိတ္ပူးေပါင္းအဖြဲ႕ ၃ ခုမွ ေတာ္လွန္ေရး ရဲေဘာ္မ်ား တစ္စုံ တစ္ရာ ထိခိုက္မႈမရွိေၾကာင္း သိရွိရသည္။

ဓာတ္ပုံ – စစ္ေကာင္စီတပ္သားမ်ား (ပုံေဟာင္း)