Local News

ပြည်သူ့အခွင့်အာဏာကိုပြည်သူတွေဆီပြန်အပ်နိုင်ဖို့ဆက်လုပ်သွားမယ်လို့ NLD ထုတ်ပြန်

ပြည်သူ့အခွင့်အာဏာကိုပြည်သူတွေဆီပြန်အပ်နိုင်ဖို့ဆက်လုပ်သွားမယ်လို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့၈၂ ရာခိုင်နှုန်းကျော်မှာ အနိုင်ရခဲ့ပေမယ့် စစ်ကောင်စီဘက်က မဲစာရင်းမှားယွင်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အာဏာသိမ်းခဲ့ပြီး

တိုင်းပြည်အာဏာကိုဥပဒေမဲ့လုယူခဲ့တယ်လို့ ဒီကနေ့ရွေးကောက်ပွဲ တနှစ်ပြည့်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကထုတ်ပြန်ပြောဆိုလာပါတယ်။

ဒါ့အပြင် မဲစာရင်းမှားယွင်းတယ်လို့ယူဆပါက ရွေး ကောက်ပွဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီကန့်ကွက် လွှာတင်သွင်းပြီး ဥပဒေနဲ့အညီလုပ်ဆောင်နိုင်တာတွေရှိပေမယ့် စစ်ကောင်စီဘက်ကဥပဒေကိုချိုးဖောက်ပြီး အာဏာသိမ်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့

ထောက်ခံသူတွေနဲ့ပြည်သူတွေကိုဖမ်းဆီးထိန်းသိမ်းထားတဲ့အခြေအနေကိုလည်းထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။

ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူတွေရဲ့အခွင့်အာဏာကိုပြည်သူတွေဆီပြန်လည်အပ် နှံနိုင်ဖို့နဲ့စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ပြီး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာဖို့အတွက်ပြည်သူလူထုနဲ့အတူဆက်လက်လုပ်ဆောင်သွားမယ်လို့ရွေးကောက်ပွဲတနှစ်ပြည့်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဓါတ်ပုံ – Getty Images
Ref BBC

About the author

admin

Add Comment

Click here to post a comment