ပြည်သူ့အတွက် တာဝန်ကျေပွန်စွာ ရပ်တည်ခဲ့သူဖြစ်လို့ ကိုဂျင်မီအတွက်…see more

ပြည်သူ့အတွက် တာဝန်ကျေပွန်စွာ ရပ်တည်ခဲ့သူဖြစ်လို့ ကိုဂျင်မီအတွက်…see more

ပြည်သူ့အတွက် တာဝန်ကျေပွန်စွာ ရပ်တည်ခဲ့သူဖြစ်လို့ ကိုဂျင်မီအတွက် ဂုဏ်ယူတယ်လို့ ဇနီးဖြစ်သူ မနီလာသိန်းပြော

အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီအပါအဝင် လေးဦးကို သေဒဏ်စီရင်မယ်လို့ သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် ကိုဂျင်မီ က ပြည်သူ့အတွက် တာ ဝန်ကျေပွန်စွာ ရပ်တည်ခဲ့သူဖြစ်လို့ ဂုဏ်ယူတယ်လို့ ဇနီးဖြစ်သူ ၈၈ မျိုးဆက် ငြိမ်း/ပွင့်က မနီလာသိန်းက မှတ်ချက်ပြုပြောကြားလိုက်ပါတယ်။

ခင်ပွန်းဖြစ်သူအပေါ် ဘယ်လိုသတင်းစကားပါးချင်လဲဆိုပြီး RFA သတင်းဌာနရဲ့ မေးမြန်းမှုအပေါ်မှာ ‘သူလုပ်ဆောင် နေတဲ့ သူ့ရဲ့ယုံကြည်ချက် သူ့ရဲ့ ရပ်တည်ချက်အတွက် သူ့သမိုင်းကို သူရှင်သန်အောင်လုပ်နေတယ်။

ပြည်သူတွေအတွက် သူတာဝန်ကျေစွာ သူရပ်တည်ဆောင်ရွက်နေတဲ့အတွက် ကျွန်မကတော့ ဂုဏ်ယူနေတဲ့စကားကို ပြောချင်ပါတယ်’ လို့ မနီလာသိန်းက ပြောကြားလိုက်တာပါ။

အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် ၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့လေးဦးကို သေဒဏ် ကိုအတည်ပြုပြီး ကွပ်မျက်ရန်လုပ်ဆောင်နေပြီလို့ ဇွန် ၃ ရက်မှာ သတင်းထုတ်ပြန်လိုက်တာပါ။

‘ကျွန်မတို့ခေတ်အဆက်ဆက်မှာပေါ့နော် ဘယ်စနစ် ဘယ်ခေတ်ကိုပဲရောက်ရောက် လူထုအားက နိုင်ငံရဲ့ အရွေ့တစ်ခုပဲ ဖြစ်ပါတယ်။ အခုနွေဦးတော်လှန်ရေးမှာလည်း ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အားပဲ။

ဒီအားက ကြောက်ခမန်းလိလိပဲ။ နွေဦးတော်လှန်ရေးမှာ တယောက်ခြင်းတိုင်း တစ်ယောက်ခြင်းတိုင်းရဲ့ တာဝန်ယူမှုကို ပြသနေတဲ့ ပုံရိပ်တွေဟာ တကယ်သမိုင်းမှတ်တိုင်ပဲဖြစ်ပါတယ်။

အခုလဲ ကျွန်မတို့ ဘယ်လိုအကြောင်းအရာဘဲ ရင်ဆိုင်ရပါစေ ကျွန် မသည် ပြည်သူ့အားကို ယုံတယ်။ အဓိက အရေးကြီးဆုံးက ကျွန်မတို့တွေအားလုံး စည်းစည်းလုံးလုံးနဲ့ လက်ခြင်းချိတ်ပြ တော့ ဒီစစ်အာဏာရှင်စနစ်ပြုတ်ကျအောင် တိုက်ထုတ်နိုင်မယ်။

အဲဒါက ဘာလည်းဆိုရင် ကျွန်မတို့ပြည်သူတွေရဲ့ အား ပါပဲ။ စည်းလုံးညီညွတ်မှုအားပါပဲ’ လို့ မနီလာသိန်းကပြောပါတယ်။

ကိုဂျင်မီကို ဖမ်းဆီးရမိတဲ့နေ့ကစပြီး လက်ရှိအချိန်ထိ မိသားစုဆီကို ကျန်းမာရေး၊ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ် လာတာမျိုး လုံးဝမရှိဘူးလို့ မနီလာသိန်းကပြောပါတယ်။

မိသားစုအနေနဲ့ ကိုဂျင်မီအမှုနဲ့ပတ်သက်ပြီး တစ်စုံတစ် ရာပူးပေါင်းဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်တာမျိုးမရှိဘူးလို့ ဆိုထားသလို ဘယ်ရှေ့နေ တစ်ဦးတစ်ယောက်နဲ့မှ အသနားခံစာတင်တာ၊ အယူခံဝင်တာတွေ မလုပ်ခဲ့ဘူးလို့လည်း ပြော ကြားထားတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published.