Local News

ပြည်သူ့အောင်ပွဲ ၇ရက်သာလိုတော့တယ်လို့ရဲရဲကြီး ဆိုလာတဲ့စာရေးဆရာမ မေသင်္ကြန်ဟိဏ်း

ပြည်သူ့အောင်ပွဲ ၇ရက်သာလိုတော့တယ်လို့ရဲရဲကြီး ဆိုလာတဲ့စာရေးဆရာမ မေသင်္ကြန်ဟိဏ်း

ပြည်သူက မအလတို့အဖွဲ့ကို ၇၀% နိုင်နေပါပြီ။

ကျန်တဲ့ ၃၀% မှာ ၁၅%ကို နိုင်လိုက်တာနဲ့ ၁၅% ကအလိုလိုအရှုံးပြုတ်ကျသွားမှာပါ။

အဲဒါကို သိလို့ ပြည်သူ့အောင်ပွဲရနေပြီး အပြတ်အသတ် နိုင်ဖို့ သိပ်မလိုတော့ ဘူးလို့ပြောရဲတာပါ။ကျမအယူအဆပြောရရင် နိုင်ငံရေးမှာ ၁၀၀% နိုင်တယ်ဆိုတာမရှိပါဘူး။ဒါပေမဲ့ သေချာပြောနိုင်တာကတော့ ပြည်သူ့သွေးမြေကျတာရှိပေမဲ့ မအလကအဖွဲ့က ပြည်သူကိုနိုင်ဖို့ ဆိုတာ မလွယ်တော့ပါဘူး။

ကျမတို့ပြည်သူက မအလအဖွဲ့နဲ့စကစတွေကို အပြတ်အသတ် နိုင်ဖို့ ၁၅% ပဲ လိုပါတော့တယ်။မအလအဖွဲ့က ပြည်သူ့ကို နိုင်ဖို့ ဆိုရင်တော့ ၇၅% လိုတယ်။ ဒီ၈ လအတွင်းမှာ မအလနဲ့အဖွဲ့က ဘာတွေရှုံးခဲ့တာလဲဆိုတာကိုကြည့်ရအောင်ပါ။

(၁)နိုင်ငံရေးမှာ ၈၀%ရှုံးသွားပါပြီ။ ပြည်သူကိုဘယ်လိုမှ မစည်းရုံးနိုင်တော့ပါဘူး။

နာမည်ဘယ်လိုပြောင်းပြောင်း မအလဟာ မအလပဲ ဖြစ်နေပြီ။ (၂၀%ကတော့ သာကူးနဲ့မအလအဖွဲ့သားတွေရဲ့မိသားစု)

(၂)စီးပွားရေး ၅၅% ရှုံးနေပြီ(ပြည်တွင်းဝင်ငွေရပ်သလောက်နီးနီးဖြစ်နေပြီ)

ကျန်တဲ့ ၄၅%က သဘာဝဓါတ်ငွေတွေဆီကလာတာ၊ အဲဒါကို ပြည်သူ‌ေတွကမဝင်တော့အောင်လုပ်နိုင်ရင် စီးပွားရေးလည်း ၉၀% ရှုံးသွားလိမ့်မယ်

(၃)စစ်ရေးမှာနေ့စဉ်သေဆုံးနှုံးဟာ တိုးတက်နေတယ်။ CDM လုပ်သွားတဲ့ စစ်သားနဲ့ရဲဦးရေဟာတိုးလာတယ်။ တပ်ထဲက ဖရဲသီးတွေကိုလည်း မရှင်းနိုင်ဘူး။ ရှင်းရင်လည်း ပိုဆိုးသွားမှာ။ စစ်သားတွေလည်း လက်ပန်းကျနေပြီ။

(၄)သံတမန်ရေးမှာလည်း ၇၀% ရှုံးသွားပြီ။ နိုင်ငံရေးနဲ့သံတမန်ရေးမှာ မအလအဖွဲ့က NUGကို ရှုံးနေပြီ။

(၅)လူထုတိုက်ပွဲလို့ပြောရမဲ့ ဆန္ဒပြပွဲတွေနဲ့ ပြည်သူတွေရဲ့ တော်လှန်အာခံမှုကိုလည်း ဘယ်လိုနည်းလမ်းနဲ့ပဲ ခြိမ်းခြောက်ဖမ်းဆီး၊သတ်ဖြတ်နေပေမဲ့ ပြည်သူတွေကရှေ့ဆက်သွားနေတုန်းပဲ။

အဲဒါဘာကြောင့်လဲဆိုတာကို ပြန်သုံးသပ်မယ်ဆိုရင်တော့

မအလ တွေးခဲ့တာက လက်နက်အားကိုးနဲ့ အာဏာသိမ်းမယ်။ အန်အယ်ဒီကို ဖျက်သိမ်းမယ်၊ အန်အယ်ဒီပါတီကလူတွေအားလုံးကို ထောင်ကျမယ်။ပါတီကို ဖျက်သိမ်းမယ်။ ၂ လအတွင်း တိုင်းပြည်ကိုငြိမ်ဝပ်ပိပြားအောင်လုပ်နိုင်တယ်လို့ ယူဆပြီးလုပ်ခဲ့ကြတာ။ အရင်စစ်ခေါင်းဆောင်တွေ လုပ်သလိုသူလည်း လုပ်နိုင်မယ်ထင်ခဲ့တာပါ။

ဒါပေမဲ့အဲ့ခေတ်တွေတုန်းက ဝန်ထမ်းတွေ မပါခဲ့ဘူး။ ၂၀၂၁မှာ CDM ဝန်ထမ်းတွေပါလာခဲ့တယ်။ အာဏာစသိမ်းပြီး မကြာခင် ဖေဖော်ဝါရီ လထဲမှာ မအလကို အရင်ဆုံးတော်လှန်ပုန်ကန်ခဲ့တာ CDM ဝန်ထမ်းတွေပါ။ သူတို့ရဲ့အင်အားဟာ ပြည်သူနိုင်ဖို့ ၃၅% ကနေ ၄၀% ထိဖြစ်သွားစေခဲ့တာပါ။

(၁)CDM ဝန်ထမ်းတွေကြောင့် လည်ပတ်နေတာတွေ လုံးဝရပ်သွားတာတော့ ငြင်းမရတဲ့ အမှန်တရားပါပဲ။အဲဒီမှာ မအလတို့အဖွဲ့ကို ပြည်သူက ၄၀% နိုင်သွားတာက CDM ဝန်ထမ်းတွေကြောင့်ပါ။ နောက်ပိုင်းတောင့်မခံနိုင်တဲ့ Non CDMတွေရှိပေမဲ့ အများစုကတော့အငတ်ခံပြီးနေတယ်၊ဒုက္ခတွေကို တောင့်ပြီးခံထားကြဆဲဖြစ်တယ်။

(၂)နောက် မအလတို့ခုချိန်ထိ ရှုံးပေးနေရတာက Gz တွေကိုပါ။ ဖေဖော်ဝါရီ၊မတ်နဲ့ဧပြီမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို အထူးသဖြင့် ခေါင်းကိုပစ်ပြီး ရက်ရက်စက်စက်ဖြိုခွင်းခဲ့တာဟာ ဆန္ဒပြပွဲတွေကို ရပ်တန့်သွားအောင် လုပ်ခဲ့တာပါ။ လူတွေဖမ်းပြီး အလောင်းလာကောက်ခိုင်းတာလည်း နောက်ထပ် ဆန္ဒပြပွဲတွေနဲ့ ပြည်သူ့တော်လှန်ရေးတွေမှာပါဝင်ဖို့လူမရှိတော့အောင်လုပ်တာပါ။

လွန်ခဲ့သော ၈၈ တုန်းက နည်းလမ်းကို သုံးတာပါ။ ဒါပေမဲ့ ခုချိန်ထိ အာဏာသိမ်းပြီး ၈ လ ဖြစ်လာပြီ လူတွေ ဘယ်လောက်ပဲ ဖမ်းပြီးသတ်ပြနေလဲ လူထုဆန္ဒပြပွဲတွေ ရပ်မသွားဘူး၊ ရပ်သွားအောင်လည်း မအလ မလုပ်နိုင်တော့ဘူး။

ဒါ့အပြင် မအလနဲ့အဖွဲ့တွေ တစ်သက်လုံး မနိုင်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်တွေထဲက KIA,KNU ကပါ PDF တွေကိုကူညီပေးလာတာဟာ ပြည်သူနိုင်ဖို့ဖြစ်လာတာလို့ ဆိုရမှာပါ။ သူတို့ရဲ့ကူညီပံ့ပိုးမှုတွေသာမပါခဲ့ရင် မအလအဖွဲ့တွေကို နိုင်ဖို့ဆိုတာမလွယ်ဘူး။ ကျေးဇူးတင်ရမှာပါ။

(၃) ကုလမှာမအလအဖွဲ့ကို လက်မခံလိုက်တာကိုကာ မအလအဖွဲ့က ပြည်သူကို အရှုံးပေးလိုက်ရတာပဲ။ နိုင်ငံကြီး ၅ နိုင်ငံက NUG အစိုးရကို ယူကေ၊ယူအက်စ်၊တောင်ကိုရီးယား၊သြစတေးလျ၊ ချက်နိုင်ငံမှာ အသိမှတ်ပြုခံရတာဟာ ပြည်သူ့အောင်မြင်မှု မအလရဲ့နိုင်ငံတကာမှာ ကျရှုံးမှုဖြစ်ပါတယ်။ ဂျပန်နဲ့တရုတ်တို့နဲ့NUGရဲ့လက်ရှိ ဆက်ဆံရေးကလည်း သံတမန်ရေးကိုအားသာစေပါတယ်။

မြန်မာ့နိုင်ငံရေးမှာ အမြဲတမ်းအရေးပါတဲ့ န ိုင်ငံကြီး၃ နိုင်ငံရှိတယ်။တရုတ်၊ ယူအက်စ်နဲ့ ယူကေပါ။

(၄) မအလတို့အဖွဲ့လုံးဝလိုက်မမီအောင် ရှုံးနေတဲ့ အချက်ကတော့ ပြည်သူပါပဲ။

ကြောက်အောင် ခြောက်လည်း မရ၊ အမိန့်ပေးလည်း မရ၊ပလီပလာတွေလျှောက်ပြောလဲ ဟားခံရတာပဲရှိတယ်။ ပြည်သူတွေကို မအလမနိုင်ပါဘူး။ သင်္ဂြိုလ်စက်နဲ့ သေအောင်ယတြာချေလည်းမနိုင်တော့ဘူး။ ဒါကလည်း အမှန်တရားပါပဲ။

၅၀၅ (က) စာရင်းတောင် မထုတ်နိုင်တော့လောက်အောင် များလွန်းလို့၊ အရေးယူမယ်လို့ပြောလေဆန့်ကျင်တဲ့ပြည်သူများလေပဲ။ Gz တွေ PDF တွေကို ရက်ရက်စက်စက် ချေမှုန်းပြလေ ပြည်သူကပို ပြီး အမုန်းတရားနဲ့ အာခံလေပါပဲ။

မအလအဖွဲ့က ပြည်သူကို သတ်ပြတယ်၊ ဖမ်းပြတယ်။ အိမ်တွေ မီးရှို့ဖျက်ဆီးပြတယ်။ ပြည်သူတွေရဲ့ မရှိမဲ့ရှိမဲ့ငွေလေးတွေ ကျပ်ငါးထောင်တစ်သောင်းကစ PDF ကို လက်နက်ဝယ်ပေးချင်တဲ့စိတ်ဖြစ်လာတယ်။ ပြည်သူတွေက ငါတို့ မစားရရင်နေပါစေတော့ မအလတွေကိုတော့ နိုင်အောင်တိုက်မှ ဖြစ်မယ်ဆိုတဲ့ ပြည်သူက မြန်မာပြည်မှာ ၈၀% ရှိပါတယ်။

ပြည်သူ့အောင်ပွဲဟာ သိပ်မလိုတော့ဘူး၊ နောက်ထပ် ၁၀% နိုင်ရင်

ပြည်သူအပြတ်အသတ်နိုင်သွားပါပြီ။ကျန်တဲ့၂၀%ကအလိုလိုပြုတ်ကျမဲ့ဟာတွေ အဲဒီ ၁၀% နိုင်ဖို့ ကျမက ၇ ရက်အတွင်း မျှော်လင့်မိနေတာပါ။

ပြည်သူ့အောင်ပွဲကိုမကြာမီမြင်တွေ့ခွင့်ရပါရစေ။

မေတ္တာဖြင့်

Credil-May Thingyan Hein-Myitmakha