Local News

ပြည်သူ့ အချစ်တော် သရုပ်ဆောင် မင်းသားချော ရဲတိုက်ရဲ့ သတင်းကောင်း

ပြည်သူ့ အချစ်တော် သရုပ်ဆောင် မင်းသားချော ရဲတိုက်ရဲ့ သတင်းကောင်း

အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လမ်းနေရင်း လမ်းမှားပေါ် ရောက်ခဲ့ဖူးကာ အပြစ်တွေ ကြေအောင်ဆပ်ပြီး နောင်တတွေ အပြည့်နဲ့ ဘဝကို တဖန် အကောင်းဆုံး ပြန်နင်းလျှောက်နိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။

စကစ က အာဏာသိမ်းခဲ့ချိန်မှာတော့ အမှန်တရားလိုလား ပြည်သူတွေနဲ့ အတူ တသားတည်း ရပ်တည်ပြီး နွေဉီးတော်လှန်ရေးမှာ def team နေရာကနေ ..

ပြည်သူတွေရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည် ပေးခဲ့တဲ့ အနုပညာရှင်များထဲမှာမှ တက်ကြွစွာ လှုပ်ရှားခဲ့သူ တစ်ဉီးအနေနဲ့ အပါအဝင်လို့ ဆိုရရင်လည်း မှားမယ် မထင်ပါဘူးနော်။

စစ်ကောင်စီက ပြည်သူ့ဆန္ဒနဲ့အညီ ရပ်တည်ကာ ပြည်သူနဲ့တစ်သားထဲ ရှိတဲ့ နာမည်ကြီး အနုပညာရှင်တွေကို ဖမ်းဆီးချိန်မှာတော့ ရဲတိုက်တစ်ယောက်လည်း အဖမ်းခံရတဲ့ထဲ ပါဝင်သွားခဲ့ပြီးနောက်

ထောင်ထဲမှာ ငွေကြေးမပေးနိုင်လို့ ဖိနှိပ်ခံရကာ အခြေအနေ အတော်ဆိုးနေတယ်ဆိုတဲ့ သတင်းများဟာ လူမှုကွန်ယက်ထက်မှာ ပျံ့နှံ့လို့ နေတာ အားလုံး အသိပါပဲနော်။

ဒါပေမယ့် ယနေ့မှာတော့ အဆိုးထဲကအကောင်းလို့ ပြောရမယ့် ရဲတိုက်ရဲ့သတင်းမှန်ကို ယခုလို သိရှိရသဖြင့် ချစ်ပရိသတ်များထံ ပြန်လည် တင်ဆက်ဖော်ပြ ပေးလိုက်ပါတယ်နော်။

“ရဲတိုက်ကို ချစ်ခင်ကြတဲ့ အနုပညာပရိတ်သတ်များကို သတင်းစကားပါး ချင်ပါတယ်။ ရဲတိုက်ဟာ အင်းစိန်ထောင်အတွင်းမှာ ကျန်းမာရေ းကောင်းမွန်လျက် ရှိပါကြောင်းအသိပေး အပ်ပါသည်။

ပုဒ်မ- ၅၀၅(က) နှင့် ၁၆ (ဂ) တို့နဲ့ ထောင်တွင်း တရားရုံးမှာ စစ်ဆေးစီရင်ခံ ရလျက်ရှိပါသည်။ ထောင်သို့ ပို့ဆောင်သည့်နေ့မှ ယနေ့တိုင်မိသားစုနှင့် တွေ့ဆုံမြင်တွေ့ခွင့် မရရှိပါ။

ထောင်မှ လွတ်မြောက်ခြင်း မရှိသေးပါ” လို့ သရုပ်ဆောင်ရဲတိုက်နဲ့အတူ လက်တွဲခဲ့တဲ့ ဆာတိုရီ ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး ပိုင်ရှင် ကိုမျိုးဇော်က သူရဲ့ လူမှုကွန်ယက်ပေါ် မှာ

ယနေ့၁၂-၁၁-၂၀၂၁ညမှာ တင်လာခဲ့ပြီး ပရိသတ်ကို အသိပေးခဲ့တာပါနော်။ ထောင်က ပြန်လွတ်လာခြင်း မရှိသေးသော်လည်း သတင်းတွေ ပျံ့နေသလို သရုပ်ဆောင်ရဲတိုက်ဟာ ကျန်းမာရေး ထိခိုက်နေတာ မဟုတ်ဘဲ ..

ကျန်းမာရေးအခြေအနေ ကောင်းမွန်စွာ ရှိနေတယ်ဆိုတာကို အသိပေးရင်း အမှုအခြေအနေကို ပြောပြလာတာပဲ ဖြစ်ပါတယ်နော်။ မိသားစုနဲ့တော့ တစ်ကြိမ်တစ်ခါမှ တွေ့ခွင့် မရသေးပါဘူးတဲ့။

မည်သို့ပင်ဆိုစေ ပြည်သူချစ် မင်းသားဖြစ်တဲ့ ရဲတိုက်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရဆဲ ဖြစ်ပေမယ့် ကျန်းမာရေး ကောင်း နေသည်လို့ ကြားရတာကိုက ခုချိန်မှာ ဝမ်းမြောက်ရမယ့် သတင်းကောင်း တစ်ခုပေပါပဲနော် ပရိသတ်ကြီး။

Credit

About the author

admin

Add Comment

Click here to post a comment