Local News

“ပြည်သူ့ အုပ်ချုပ်ရေးစနစ် အမြန်ဖော်ဆောင်နိုင်ဖို့ NUGအစိုးရ တိုက်တွန်းနှိုးဆော်နေ ”

“ပြည်သူ့ အုပ်ချုပ်ရေးစနစ် အမြန်ဖော်ဆောင်နိုင်ဖို့ NUGအစိုးရ တိုက်တွန်းနှိုးဆော်နေ ”

နိုဝင်ဘာ၃၀ ၂၀၂၁

ဒီနေ့နိုဝင်ဘာ၃၀ရက်နေ့မှာ ကျင်းပတဲ့ NUG အစိုးရအဖွဲ့ရဲ့ ပုံမှန်အစည်းအဝေးမှာ ဝန်ကြီးချုပ်မန်းဝင်းခို င်သန်းက ပြည်သူ့ အုပ်ချုပ်ရေးစနစ်ကို ထိထိရောက်ရောက် အလျင်အမြန် အကောင်အထည် ဖော်ကြဖို့ သူ့အစိုးရအဖွဲ့ ဝန်ကြီးတွေကို တိုက်တွန်းလိုက်ပါတယ်။

အချို့ဒေသတွေမှာ စစ်ကောင်စီ အုပ်ချုပ်ရေး ပျက်ယွင်းသွားနေပြီဖြစ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ အတူ တရားရေးမဏ္ဍိုင်ကပါ ဝင်ရောက် ထိန်းကျောင်းနိုင်ဖို့

အရေးပါလာပြီဖြစ်လို့ အားလုံး ၀ိုင်း အားစိုက် ဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်း ပြောကြား ခဲ့ပါ သေးတယ်။

NUG အစိုးရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေက လူမဆန်စွာ ဖိနှိပ်နေတဲ့နေရာကတွေက

ပြည်သူတွေ အထိအခိုက်နည်းစေမယ့် ကာကွယ်ပေးမှုတွေကို စနစ်တကျ မြန်မြန်ဆန်ဆန်န်စီမံဆောင်ရွက်ကြ ရန်လည်း တိုက်တွန်းချက်ထဲမှာပါပါတယ်။

လက်ရှိအချိန်မှာ NUG အစိုးရဟာ စစ်ကောင်စီအုပ်ချုပ်ရေးလွတ်နေတဲ့ နေရာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးစနစ်တည်‌ထောင် အကောင်အထည်‌ဖော်ဖို့ ကြိုးစားနေပါတယ်။

လတ်တလောမှာတော့ ချင်းပြည်နယ်က မင်းတပ် ၊စစ်ကိုင်းတိုင်းကနေရာအချို့နဲ့ မကွေးတိုင်းက ဆော မြို့နယ်လိုနေရာတွေမှာ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့စည်း အကောင်အထည်ဖော်နေတာကို တွေ့နေရပါတယ်။

မကြာခင်ကာလအတွင်းမှာလည်း ပြည်နယ်နဲ့ တိုင်းအချို့မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ် အကောင် အထည်ပေါ်လာမယ့် အလားအလာရှိတယ်လို့ NUG အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့သူတစ်ဦးက Burma VJ ကိုပြောထားပါတယ်။

Burma VJ

Zawgyi

“ျပည္သူ႕ အုပ္ခ်ဳပ္ေရးစနစ္ အျမန္ေဖာ္ေဆာင္ႏိုင္ဖို႔ NUGအစိုးရ တိုက္တြန္းႏိႈးေဆာ္ေန ”

ႏိုဝင္ဘာ၃၀ ၂၀၂၁

ဒီေန႔ႏိုဝင္ဘာ၃၀ရက္ေန႔မွာ က်င္းပတဲ့ NUG အစိုးရအဖြဲ႕ရဲ႕ ပုံမွန္အစည္းအေဝးမွာ ဝန္ႀကီးခ်ဳပ္မန္းဝင္းခို င္သန္းက ျပည္သူ႕ အုပ္ခ်ဳပ္ေရးစနစ္ကို ထိထိေရာက္ေရာက္ အလ်င္အျမန္ အေကာင္အထည္ ေဖာ္ၾကဖို႔ သူ႕အစိုးရအဖြဲ႕ ဝန္ႀကီးေတြကို တိုက္တြန္းလိုက္ပါတယ္။

အခ်ိဳ႕ေဒသေတြမွာ စစ္ေကာင္စီ အုပ္ခ်ဳပ္ေရး ပ်က္ယြင္းသြားေနၿပီျဖစ္လို႔ အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ အတူ တရားေရးမ႑ိဳင္ကပါ ဝင္ေရာက္ ထိန္းေက်ာင္းႏိုင္ဖို႔

အေရးပါလာၿပီျဖစ္လို႔ အားလုံး ဝိုင္း အားစိုက္ ေဆာင္႐ြက္ေပးၾကရန္ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက တိုက္တြန္း ေျပာၾကား ခဲ့ပါ ေသးတယ္။

NUG အစိုးရဲ႕ ကာကြယ္ေရးဝန္ႀကီးဌာနနဲ႔ ျပည္ထဲေရး ဝန္ႀကီးဌာန တို႔ပူးေပါင္းၿပီး စစ္ေကာင္စီတပ္ေတြက လူမဆန္စြာ ဖိႏွိပ္ေနတဲ့ေနရာကေတြက

ျပည္သူေတြ အထိအခိုက္နည္းေစမယ့္ ကာကြယ္ေပးမႈေတြကို စနစ္တက် ျမန္ျမန္ဆန္ဆန္န္စီမံေဆာင္႐ြက္ၾက ရန္လည္း တိုက္တြန္းခ်က္ထဲမွာပါပါတယ္။

လက္႐ွိအခ်ိန္မွာ NUG အစိုးရဟာ စစ္ေကာင္စီအုပ္ခ်ဳပ္ေရးလြတ္ေနတဲ့ ေနရာေတြမွာ ျပည္သူ႕အုပ္ခ်ဳပ္ေရးစနစ္တည္‌ေထာင္ အေကာင္အထည္‌ေဖာ္ဖို႔ ႀကိဳးစားေနပါတယ္။

လတ္တေလာမွာေတာ့ ခ်င္းျပည္နယ္က မင္းတပ္ ၊စစ္ကိုင္းတိုင္းကေနရာအခ်ိဳ႕နဲ႔ မေကြးတိုင္းက ေဆာ ၿမိဳ႕နယ္လိုေနရာေတြမွာ ျပည္သူ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြဖြဲ႕စည္း အေကာင္အထည္ေဖာ္ေနတာကို ေတြ႕ေနရပါတယ္။

မၾကာခင္ကာလအတြင္းမွာလည္း ျပည္နယ္နဲ႔ တိုင္းအခ်ိဳ႕မွာ ျပည္သူ႕အုပ္ခ်ဳပ္ေရးစနစ္ အေကာင္ အထည္ေပၚလာမယ့္ အလားအလာ႐ွိတယ္လို႔ NUG အစိုးရအဖြဲ႕နဲ႔ နီးစပ္တဲ့သူတစ္ဦးက Burma VJ ကိုေျပာထားပါတယ္။

Burma VJ