Local News

ဖတ်ရင်းနဲ့ အသားတေပါ တဆတ်ဆတ်တုန်စေတဲ့ စာရေးဆရာစိမ်းသော်တာရေးတဲ့ “တူမီးရှိုက်သံ”

ဖတ်ရင်းနဲ့ အသားတေပါ တဆတ်ဆတ်တုန်စေတဲ့ စာရေးဆရာစိမ်းသော်တာရေးတဲ့ “တူမီးရှိုက်သံ”

တူမီးရှိုက်သံ

တောင်ဇလပ်တွေ ပွင့်တော့မယ် မိုင်ရေဝိတိုရိယတောင်ပေါ်နောက်တခေါက် ပြန်မရောက်နိုင်တော့မှာတွေးရင်းတိမ်ပင်လယ်ထဲ နစ်မြုပ်သွားရတဲ့သင်္ဘောဟာနာကျင်ရပေါင်းများလို့နှလုံးသားမှာ

အသားမာတွေတောင် တက်ခဲ့ပါပြီ မိုင် ခေါ်နူးစုမ်တောင်ဇလပ်တွေဒီတစ်နှစ်မှာ သွေးစွန်းတော့မယ်ထင်ပါရဲ့ မိုင် အာရှတိုက်အမြင့်ဆုံးမြေသားဖုံးလွမ်းရာငါတို့အမှတ်တရတွေ ကွန်းခိုရာ(၁၀၂၀၀)အမြင့်ပေထက်

ငါတို့ပျံတက်ခဲ့ရာ၃၄၅မျိုးသောငှက်တို့ရဲ့အသိုက်ဟာဆူညံပေါက်ကွဲသံတွေနဲ့ အကျည်းတန်ခဲ့ပြီပေါ့အခုလောက်ဆိုမျက်ခုံးဖြူ ငှက်ပြာချောက်ကလေးလည်းဟိုးတောနက်နက်ထဲ ပုန်းအောင်းနေလောက်ပြီ မိုင်…

နှာခေါင်းနဲ့ ပုလွေမှုတ်သူအဖွားလည်းတောတောင်တနေရာမှာ ထင်းစိုလေးတွေမီးစွဲဖို့အမောတကောဟောဟဲလိုက်အောင်ကုန်းမှုတ်နေရှာရောပေါ့…

စားပွဲဝိုင်း ယဉ်ကျေးမှုဟာတူမီးလောက် အလုပ်မဖြစ်မှန်းလူ့တိရိစ္ဆာန်တွေကြောင့် နားလည်ခဲ့ရပါတယ် မိုင်

ငါတို့ဒဏ်ရာ အနာတရတွေဟာကမ္ဘာ့သတင်းမီဒီယာတွေရဲ့စက္ကန့်မိနစ်ပိုင်းလောက် အာသာဖြေစရာဒီလိုပါပဲ မိုင်ရယ်။ ဘေးအိမ်မှာ နာရေးရှိပေမဲ့ကိုယ့်အိမ်မှာ သိပ်မပြောင်းလဲသလိုပေါ့UN မှာ တံခါးဖွင့်ဖွင့် ပိတ်ပိတ်တောင်

တရုတ်ပင်လယ်မှာလေယာဉ်တင်သင်္ဘောကြီးပဲဆိုက်ဆိုက်ငါတို့အမှိုက်ကို ငါတို့လှဲရမယ်မဟုတ်လား…

မိုင်ရေ….ခေတ်အဆက်ဆက်နောက်အကျဆုံးပြည်နယ်မှာအစောဆုံးပန်းတွေ ပွင့်ပြ ကြွေပြခဲ့တာလူသားဆန်တဲ့ တို့ဘိုးဘေးတွေရဲ့အမွေပဲပေါ့လက်သန်းနဲ့ရေးလို့မှ မလှရင်လက်ညိုးကွေးပြီး ရွေးရဲပါတယ်

စနစ်ကိုတိုက်တာဆိုတော့ အမြစ်ကိုချိုးဖို့လိုတယ်
ငါတို့ ဝေးနေရဦးမှာပေါ့ လောလောဆယ်တောင်ယာအပြန်မိုင့်ပလိုင်းထဲ ဟင်းသီးဟင်းရွက်တွေအောက်သစ်ခွတခက် ဝှက်ခဲ့တဲ့တရားခံဟာငါပဲပေါ့ မိုင်

ဆလိုင်း နင်အရမ်းလည်တယ်လည်ပင်းကငွေဆွဲကြိုးကလေးကိုင်ရှက်ပြုံးစစနဲ့ခေါင်းငုံ့ဆာဟေးဟို့ လို့ကြည်စယ်တော့ရုတ်တရက်မျက်ဝန်းလေးပင့် နှုတ်ခမ်းကိုက်လက်နုနုတွေနဲ့ ပြန်ထုရိုက်တယ်

နင့်ပါးမှာ သစ်ခွရနံ့သင်းလို့ငါ့ရင်မှာ အောက်ချင်းငှက်ဖိုကြီးက တစာစာအော်လို့..။ခိုဒိုပွဲတော်ပြီးရင် နင့်ပေါင်ဆီခွင့်တောင်းနှစ်ယောက်တကမ္ဘာတည်မယ့်အိပ်မက်တွေလည်းနှင်းစက်တွေလိုနေရောင်မှာ ညွတ်တွဲပြိုကွဲခဲ့ရပြီ မိုင်

ပြည်ထဲရေးနဲ့ ဝမ်းရေးထက်လွမ်းရေးခက်သတဲ့ဗမာစကားပုံထဲ ငါမှတ်မိသမျှနင်မရှိမှ သိသိသာသာပါပဲ မိုင်ရေ…မိုးလုံးပြည့်လောကဓံထဲကြပ်ခိုးစွဲဘဝများယိုဖိတ်နေပုံမိုင်ရေ

ဘဝဆိုတာ ဖူးဝေလင်းမြခွင့်မရခင်မသေအောင်ရုန်းကန်ဖောက်ထွက်တကိုင်းချိုးရုံနဲ့ ညိုးချုံးသွားစရာမှမလိုတာကွယ်..အဲဒီလိုပဲကိုယ့်အနာကိုယ် လျှာနဲ့သပ်လိုက်ရတယ် မိုင်

နင့်ကို နောက်ဆုံးမြင်လိုက်ရတဲ့မြင်ကွင်းမှာဆူညံပွက်လောရိုက်နေတဲ့ ကမ္ဘာပျက်ထဲအရိပ်တွေအရောင်တွေ ဖျပ်ခနဲ ဖျပ်ခနဲ လျှပ်စီးလက်လို့အဲဒီနေ့ကပြာယာခတ်နေတဲ့ နင်ဟာအထုပ်အပိုးတွေမနိုင့်တနိုင့်သယ်ရင်းမီးခိုးငွေ့တွေတထောင်းထောင်းထနေတဲ့ ရွာကလေးဆီ

သမင်လည်ပြန်လှည့်ကြည့် လှည့်ကြည့်လေအဝေ့မှာပုဝါစလေး လွင့်လာသလိုလူတန်းကြီးလည်း တောစပ်ကနေတရွေ့ရွေ့မီဇိုရမ်လား…တောတောင်တနေရာရာလား…သားပေအုံးတော့ မိုင်ရေ…။

ကမ်းပါးနံရံ ဘယ်နှစ်ခုမြစ်ချောင်းပင်လယ် ဘယ်နှစ်ခုငါတို့ကြားမှာ ခြားနေသလဲနိုင်ငံတော်အာဏာဆိုတဲ့ သူရူးကြိုက်အလွှာတလွှာပဲဖြစ်မယ်

ခြောက်ခြားဖွယ်တိတ်ဆိတ်တဲ့ညအမှောင်ထဲမီးကျည်းခဲရဲရဲပေါ်ငါ့လိပ်ပြာအတောင်တဖျပ်ဖျပ် ခတ်မိပေါ့ မိုင်ရေ

တော်လှန်ရေးဆိုတာဝါးညှပ် က သလိုပါပဲ မိုင်အကွက်ကျကျမနင်းနိုင်ရင်ရန်သူ့လက်ဖျားမှာ အသက်ပါသွားနိုင်တယ်။ ဟန်တချက်မှားရင် ဇီဝိန်ပျက်သွားနိုင်တယ်ဒါပေမဲ့ ငါမကြောက်ပါဘူး မိုင်ရယ်

တို့အဘွားရဲ့ ပါးရဲတွေလိုစွဲခိုင်စိတ်နှလုံးနဲ့ကြိုးတန်းပေါ်လျှောက်ရန်သူနဲ့ ဓားချင်းယှဉ်ပေါက်ဆဲ… ဘယ်လောက်အော်အော် မကြားတဲ့နားတွေအတွက်မျက်လုံးတလုံးအတွက်

မျက်လုံးတလုံးနားတဖက်အတွက် နားတဖက်ပဲပေါ့ မိုင်
နင့်နှလုံးသားပေါ်ကမျက်ရည်စက်တွေအတွက်ဗုံးဆံထိလို့ပျောက်ဆုံးသွားရတဲ့ နင့်မောင်လေးခြေတဖက်အတွက်မီးခိုးလုံးတွ ရဲ့ခြေတော်တင်ခြင်းခံရတဲ့ ရွာကလေးအတွက်မဝေခင် ကြွေရတဲ့ပန်းတွေအတွက်တချက်ချင်း တတောင့်ချင်းငါပြန်ယူခဲ့ပါ့မယ် မိုင်

မိုင်ရေနိုင်ငံမြေပုံကို ဖက်လိုလိပ်ငါတို့ဘဝကို ဆေးလိုသိပ်အရသာခံဖွာရှိုက်တတ်တဲ့လူတန်းစားရှိနေသရွေ့တူမီးတလက်နဲ့အောက်ချင်းငှက်ဟာချင်းတောင်တန်းပေါ် ဆက်လက်ပျံသန်းနေမယ်

ပြာသောကောင်းကင်ဒီမိုကရေစီလူသားသီချင်းသံတို့ကမ္ဘာမှာ စည်ပင်ဝေလျှံလာတဲ့တနေ့ပြန်လည်ဆုံတွေ့ကြမယ် မိုင်…သံသရာစွယ်တော်ပင်အောက်ငါတို့ဘယ်တော့လောက် တရွက်ဖြစ်မလဲစစ်ရှောင်စခန်းတနေရာကမိုင် ကျန်းမာပါစေကွယ်…

NWN
စိမ်းသော်တာ

ခေါ်နူးစုမ် = နတ်မတောင်
ဆာဟေးဟို့ = ပဲများတယ်
ခိုဒို = ကောက်သစ်စားပွဲတော်
ပေါင် = အဖေ

စာရေးဆရာစိမ်းသော်တာအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

About the author

admin

Add Comment

Click here to post a comment