Local News

ဖရူဆိုမှာ လူပေါင်း ၃၀ ကျော် အစုလိုက်မီးရှို့သတ်ဖြတ်သူတွေကိုအရေးယူနိုင်ရေး စုံစမ်းစစ်ဆေးဖို့ ကုလတောင်းဆို

ဖရူဆိုမှာ လူပေါင်း ၃၀ ကျော် အစုလိုက်မီးရှို့သတ်ဖြတ်သူတွေကိုအရေးယူနိုင်ရေး စုံစမ်းစစ်ဆေးဖို့ ကုလတောင်းဆို

ကယားပြည်နယ် ၊ဖရူဆိုမြို့နယ် အတွင်း လမ်းပေါ်မှာ လူပေါင်း ၃၅ ဦးထက်မနည်း အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာ ကျုးလွန်သူတွေကို အရေးယူနိုင်ဖို့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှု အမြန်ဆုံးလုပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်က ဖရူဆိုမြို့နယ် မှာ အစုလိုက် သတ်ဖြတ်ခံရမှုမှာ ကလေးတွေနဲ့အမျိုးသမီးတွေလည်းပါဝင်ပါတယ်။

ဒါအပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနေတဲ့ Save the children က ဝန်ထမ်း၂ ဦးဟာလည်း ဒီဖြစ်စဉ်နဲ့ကြုံပြီး ပျောက်ဆုံးနေသလို သူတို့စီးလာတဲ့ကားဟာလည်း မီးရှို့ခံထားရတာကိုတွေ့ရပါတယ်။

ကုလသမဂ္ဂကတော့ ဖရူဆို ဖြစ်စဉ်အပါအဝင်နိုင်ငံတလွှားက အရပ်သားတွေ တိုက်ခိုက်ခံနေရတာကို ရှုတ်ချထားပါတယ်။

ဒါအပြင်စစ်ကောင်စီအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း အရပ်သားပြည်သူတွေကို မထိခိုက်အောင်ကာကွယ်ပေးကြဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။

ဖရူဆိုဖြစ်စဉ်ဟာ စစ်ကောင်စီရဲ့ လက်ချက်ဖြစ်တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဖရူဆိုမြို့နယ်အတွင်း ကား ၇ စီးကို တားရာမှာမရပ်သေးတဲ့အပြင် ပြန်ပစ်တာကြောင့်အပြန်အလှန်ပစ်ခတ်မှုပြီး အမျိုးသမီး ၁ ဦးအပါအဝင် PDF ၂၅ ဦးသေဆုံးတယ်လို့ ဘီဘီစီသတင်းဌာနကိုပြောထားပါတယ်

Zawgyi

ဖ႐ူဆိုမွာ လူေပါင္း ၃၀ ေက်ာ္ အစုလိုက္မီး႐ိႈ႕သတ္ျဖတ္သူေတြကိုအေရးယူႏိုင္ေရး စုံစမ္းစစ္ေဆးဖို႔ ကုလေတာင္းဆို

ကယားျပည္နယ္ ၊ဖ႐ူဆိုၿမိဳ႕နယ္ အတြင္း လမ္းေပၚမွာ လူေပါင္း ၃၅ ဦးထက္မနည္း အစုလိုက္အျပဳံလိုက္ မီး႐ိႈ႕သတ္ျဖတ္ခံရတဲ့ျဖစ္စဥ္မွာ က်ဳးလြန္သူေတြကို အေရးယူႏိုင္ဖို႔ ပြင့္လင္းျမင္သာတဲ့ စုံစမ္းစစ္ေဆးမႈ အျမန္ဆုံးလုပ္ဖို႔ ကုလသမဂၢက ေတာင္းဆိုလိုက္ပါတယ္။

ဒီဇင္ဘာလ ၂၄ ရက္က ဖ႐ူဆိုၿမိဳ႕နယ္ မွာ အစုလိုက္ သတ္ျဖတ္ခံရမႈမွာ ကေလးေတြနဲ႔အမ်ိဳးသမီးေတြလည္းပါဝင္ပါတယ္။

ဒါအျပင္ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေတြေပးေနတဲ့ Save the children က ဝန္ထမ္း၂ ဦးဟာလည္း ဒီျဖစ္စဥ္နဲ႔ၾကဳံၿပီး ေပ်ာက္ဆုံးေနသလို သူတို႔စီးလာတဲ့ကားဟာလည္း မီး႐ိႈ႕ခံထားရတာကိုေတြ႕ရပါတယ္။

ကုလသမဂၢကေတာ့ ဖ႐ူဆို ျဖစ္စဥ္အပါအဝင္ႏိုင္ငံတလႊားက အရပ္သားေတြ တိုက္ခိုက္ခံေနရတာကို ႐ႈတ္ခ်ထားပါတယ္။

ဒါအျပင္စစ္ေကာင္စီအပါအဝင္ လက္နက္ကိုင္အဖြဲ႕အစည္းေတြအေနနဲ႔လည္း အရပ္သားျပည္သူေတြကို မထိခိုက္ေအာင္ကာကြယ္ေပးၾကဖို႔ တိုက္တြန္းထားတာေတြ႕ရပါတယ္။

ဖ႐ူဆိုျဖစ္စဥ္ဟာ စစ္ေကာင္စီရဲ႕ လက္ခ်က္ျဖစ္တယ္လို႔ ကရင္နီျပည္နယ္အတိုင္ပင္ခံေကာင္စီက ဆိုထားပါတယ္။

စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္႐ွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္း ဖ႐ူဆိုၿမိဳ႕နယ္အတြင္း ကား ၇ စီးကို တားရာမွာမရပ္ေသးတဲ့အျပင္ ျပန္ပစ္တာေၾကာင့္အျပန္အလွန္ပစ္ခတ္မႈၿပီး အမ်ိဳးသမီး ၁ ဦးအပါအဝင္ PDF ၂၅ ဦးေသဆုံးတယ္လို႔ ဘီဘီစီသတင္းဌာနကိုေျပာထားပါတယ္

About the author

admin

Add Comment

Click here to post a comment