Local News

ဖားကန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ရေမဆေးကျောက်ရှာဖွေနေသည့် ပြည်သူ ၇ဦးထိခိုက်ဒဏ်ရာရ၊ ၄ဦး ဒဏ်ရာပြင်းထန်

ဖားကန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ရေမဆေးကျောက်ရှာဖွေနေသည့် ပြည်သူ ၇ဦးထိခိုက်ဒဏ်ရာရ၊ ၄ဦး ဒဏ်ရာပြင်းထန်

ဖားကန့် – ဒီဇင်ဘာ ၂၄၊ ၂၀၂၁။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က ရေမဆေးကျောက်ရှာဖွေနေသည့် ပြည်သူများရှိရာနေရာသို့ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ည ရှစ်နာရီဝန်းကျင်ခန့်က ပြည်သူ ခုနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဘက်ဖိုးယာဉ်နှစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။

ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးသည် ဘလခမှော်အနီးရှိ မြန်မာသူရကုမ္ပဏီဝင်းဟောင်းတွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ရေမဆေးကျောက်ရှာဖွေနေသူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ ဖားကန့်ဒေသခံတစ်ဦးက The 74 Mediaကိုပြောသည်။

“​ဗျူဟာကုန်းကနေ ပစ်တယ်လို့ပြောတယ်။ ဘက်ဖောနားရှိနေတဲ့သူ​တွေပိုထိတာပေါ့။ မိုးချုပ်နေတော့ ဒဏ်ရာစိုးရိမ်ရတဲ့သူတွေကို ချက်ချင်းမပို့နိုင်ဘူး။ လမ်းကဂိတ်တွေက မဖွင့်ပေးဘူးလေ။ ရေမဆေးရှာတဲ့သူနဲ့ဝေးလို့ တော်သေးတာပေါ့။ ခဲမှန်တဲ့ လူနာပိုများသွားတာ” ဟုပြောသည်။

လက်နက်ကြီးပေါက်ကွဲသောကြောင့် ဒဏ်ရာရရှိသူ ခုနစ်ဦးမှ လေးဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အမျိုးသားတစ်ဦးကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရသူသည် မော်ဝမ်းလေးကျေးရွာတွင် နေထိုင်သူ အသက် ၃၁ နှစ်အရွယ် ကိုတူးမိုင် ဖြစ်ကြောင်းသိရသည်။

ဖားကန့်​မြို့နယ်၊ ​ဝှေခါကျေးရွာနှင့် ကျမ်ကာကျေးရွာအနီးတွင် ယ​မန်နေ့ မွန်းလွှဲ သုံးရီ​​ခန့်က ကေအိုင်​အေ နှင့် စစ်​ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ် ဖားကန့်ဗျူဟာကုန်းမှ ည ၈ နာရီကစပြီး လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်အင်အားတိုးချဲမှုများကြောင့် ကေအိုင်​အေတပ်နှင့် တိုက်ပွဲဖြစ်ပွားနေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် နိုဝင်ဘာလတွင် လေ‌ကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ပုံ / ၂၀၂၀ ခုနစ်အတွင်းက ဖားကန့်ဒေသမှ ရေမဆေးကျောက်ရှာဖွေသူများကို တွေ့ရစဉ်။

Zawgyi

ဖားကန္႔တြင္ စစ္ေကာင္စီတပ္၏ လက္နက္ႀကီးေၾကာင့္ ေရမေဆးေက်ာက္႐ွာေဖြေနသည့္ ျပည္သူ ၇ဦးထိခိုက္ဒဏ္ရာရ၊ ၄ဦး ဒဏ္ရာျပင္းထန္

ဖားကန္႔ – ဒီဇင္ဘာ ၂၄၊ ၂၀၂၁။

ဖားကန္႔ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္က ေရမေဆးေက်ာက္႐ွာေဖြေနသည့္ ျပည္သူမ်ား႐ွိရာေနရာသို႔ လက္နက္ႀကီးပစ္ခတ္ခဲ့ေသာေၾကာင့္ ယမန္ေန႔ည ႐ွစ္နာရီဝန္းက်င္ခန္႔က ျပည္သူ ခုႏွစ္ဦးထိခိုက္ဒဏ္ရာရခဲ့ၿပီး ဘက္ဖိုးယာဥ္ႏွစ္စီးပ်က္စီးခဲ့ေၾကာင္း သိရသည္။

ဖားကန္႔ဗ်ဴဟာကုန္းမွ ပစ္ခတ္ခဲ့ေသာ လက္နက္ႀကီးသည္ ဘလခေမွာ္အနီး႐ွိ ျမန္မာသူရကုမၸဏီဝင္းေဟာင္းတြင္ က်ေရာက္ေပါက္ကြဲခဲ့ေသာေၾကာင့္ ေရမေဆးေက်ာက္႐ွာေဖြေနသူမ်ား ထိခိုက္ဒဏ္ရာရ႐ွိခဲ့ေၾကာင္း အမည္မေဖာ္လိုသူ ဖားကန္႔ေဒသခံတစ္ဦးက The 74 Mediaကိုေျပာသည္။

“​ဗ်ဴဟာကုန္းကေန ပစ္တယ္လို႔ေျပာတယ္။ ဘက္ေဖာနား႐ွိေနတဲ့သူ​ေတြပိုထိတာေပါ့။ မိုးခ်ဳပ္ေနေတာ့ ဒဏ္ရာစိုးရိမ္ရတဲ့သူေတြကို ခ်က္ခ်င္းမပို႔ႏိုင္ဘူး။ လမ္းကဂိတ္ေတြက မဖြင့္ေပးဘူးေလ။ ေရမေဆး႐ွာတဲ့သူနဲ႔ေဝးလို႔ ေတာ္ေသးတာေပါ့။ ခဲမွန္တဲ့ လူနာပိုမ်ားသြားတာ” ဟုေျပာသည္။

လက္နက္ႀကီးေပါက္ကြဲေသာေၾကာင့္ ဒဏ္ရာရ႐ွိသူ ခုနစ္ဦးမွ ေလးဦးမွာ အျပင္းအထန္ဒဏ္ရာရ႐ွိခဲ့ၿပီး အသက္အႏၲရာယ္စိုးရိမ္ရသည့္ အမ်ိဳးသားတစ္ဦးကို ျမစ္ႀကီးနားျပည္သူ႕ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္လိုက္ၿပီျဖစ္ေၾကာင္းသိရသည္။

ျမစ္ႀကီးနားျပည္သူ႕ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္လိုက္ရသူသည္ ေမာ္ဝမ္းေလးေက်း႐ြာတြင္ ေနထိုင္သူ အသက္ ၃၁ ႏွစ္အ႐ြယ္ ကိုတူးမိုင္ ျဖစ္ေၾကာင္းသိရသည္။

ဖားကန္႔​ၿမိဳ႕နယ္၊ ​ေဝွခါေက်း႐ြာႏွင့္ က်မ္ကာေက်း႐ြာအနီးတြင္ ယ​မန္ေန႔ မြန္းလႊဲ သုံးရီ​​ခန္႔က ေကအိုင္​ေအ ႏွင့္ စစ္​ေကာင္စီတပ္တို႔ၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္ ဖားကန္႔ဗ်ဴဟာကုန္းမွ ည ၈ နာရီကစၿပီး လက္နက္ႀကီးပစ္ခတ္ခဲ့ျခင္းျဖစ္သည္။

ဖားကန္႔ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက စစ္အင္အားတိုးခ်ဲမႈမ်ားေၾကာင့္ ေကအိုင္​ေအတပ္ႏွင့္ တိုက္ပြဲျဖစ္ပြားေနၿပီး စစ္​ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ၿပီးခဲ့သည့္ ႏိုဝင္ဘာလတြင္ ေလ‌ေၾကာင္းျဖင့္ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္။

ပုံ / ၂၀၂၀ ခုနစ္အတြင္းက ဖားကန္႔ေဒသမွ ေရမေဆးေက်ာက္႐ွာေဖြသူမ်ားကို ေတြ႕ရစဥ္။

About the author

admin

Add Comment

Click here to post a comment