Local News

ဖားအံ၊ “တောင်က​လေး​” အကျဥ်းထောင်တွင်းရှိ နိုင်/ကျဥ်းသားများ ခွဲခြားဖိနှိပ်ခြင်းခံ​နေရ၊ ​ခေါင်းပုံဖြတ်မှုများနှင့် ‘ရေနှင့်အစားအစာ’ ညစ်ပတ်မှုများ​ကြောင့် ကျန်းမာ​ရေးထိခိုက်မှုများရှိ​​နေ

ဖားအံ၊ “တောင်က​လေး​” အကျဥ်းထောင်တွင်းရှိ နိုင်/ကျဥ်းသားများ ခွဲခြားဖိနှိပ်ခြင်းခံ​နေရ၊ ​ခေါင်းပုံဖြတ်မှုများနှင့် ‘ရေနှင့်အစားအစာ’ ညစ်ပတ်မှုများ​ကြောင့် ကျန်းမာ​ရေးထိခိုက်မှုများရှိ​​နေ။

၂၀၂၂ခုနှစ်၊ဇန်နဝါရီ ၇ ရက်။

ဖားအံမြို့၊​တောင်က​လေး အကျဥ်း​ထောင်အတွင်းက နိုင်ငံ​ရေးအကျဥ်းသားများအ​ပေါ် ​ခေါင်းပုံဖြတ်မှုများ၊ခွဲခြားဖိနှိပ်ခြင်းများ၊​ရေနှင့် အစားအ​သောက် မသန့်ရှင်းမှုများ​ကြောင့် ဝမ်းပျက်ဝမ်း​လျော မှုများ ဖြစ်ပွား​နေ​ကြောင်း ၊ထောင်အတွင်း နိုင်ငံ​ရေး အကျဥ်းသားများထံ မိသားစုမှ စားစရာ ၊

ရိက္ခာများ​ပေးပို့သည့် အခါ ​ မ​ရောက်ရှိပဲ ထောင်ပိုင်အရာရှိ ဝန်ထမ်းများမှ ​ခေါင်းပုံဖြတ် ယူထားခြင်းများ ရှိ​နေ​ကြောင်း စသည့် ​ထောင်တွင်းအဖြစ်အပျက်များကို အကျဥ်းကျ​နေသူ ​ကျောင်းသား လူငယ်တစ်ဦးက ပြင်ပရှိ သတင်းမီဒီယာများနှင့် ပြည်သူလူထု သိရှိရန် စာ​ရေးသား ​ပေးပို့ ​တောင်းဆိုခဲ့​သည်။

အဆိုပါ စာကို အခက်အခဲများကြားမှ ပြင်ပ​ရောက်ရှိ​အောင် ​ပေးပို့ခဲ့ခြင်း ဖြစ်ကာ ​ထောင်အတွင်း နိုင်/ကျဥ်းများ အတူ​နေခွင့်ရ​ရေးအတွက် ဆန္ဒပြ ​တောင်းဆိုကြမည်ဟု သိရှိရသည်။

အဆိုပါ စာအရ တောင်ကလေးထောင်ထဲမှ နိုင်ကျဥ်းတွေကို အတူ​နေခွင့်မ​ပေးဘဲ တခြား ခိုး၊ဆိုး၊လု၊နှိုက်များနှင့်အတူ ရော​နှောထားကာ နိုင်ကျဥ်းအချင်းချင်း တွေ့ခွင့် မပေးကြဘူးလို့ သိရှိရသည်။

နိုင်ကျဥ်းအများစုက မြို့ခံများမဟုတ်ကြပဲ တခြားနေရာကနေ ဖမ်းမိတဲ့လူတွေ ဖြစ်သည်မို့ ၎င်းတို့၏မိသားစုတွေက အစားစာ မပို့နိုင်ကြသဖြင့် နိုင်ကျဥ်းအချင်းချင်း အတူတူအစားအစာမျှစားဖို့လိုအပ်​ကြောင်း၊ထို့​ကြောင့် နိုင်/ကျဥ်းများ အတူတူစုနေလို့ရရင် အဆင်ပြေမှာ ဖြစ်သဖြင့် ထောင်ပိုင် အရာရှိတွေကို တူတူထားပေးဖို့ပြောထားပေမယ့် ယခုချိန်ထိ အတူ​​နေခွင့် မရကြ​သေး​ကြောင်း သိရသည်။

​သောက်​ရေ၊သုံး​ရေတို့ မသန့်ရှင်း သဖြင့် ဝဲ​ပေါက်ခြင်းများ၊ထမင်းတွေကိုလဲ soda နဲ့ရော၍ ​ကျွေး​မွေးကြ​သဖြင့် ဝမ်း​လျောခြင်းများ ဖြစ်​နေရကြောင်း သိရသည်။

မြို့ခံ နိုင်ကျဥ်းမိသားစုများက ပို့လိုက်သည့် ပစ္စည်းများလည်း အကျဥ်းသားများထံ အကုန်မရောက်ပဲ ဂိတ်ပေါက်ဝက ပစ္စည်းလက်ခံတဲ့ဝန်ထမ်းတွေက ခိုးယူထားကြ​ကြောင်း စသည့် ပြသနာများလည်း ကြုံ​တွေ့​နေရတယ် လို့ အဆိုပါ စာ အရ သိရှိရသည်။
ဤကဲ့သို့ အကျဥ်း​ထောင်အတွင်း အဖြစ်အပျက်များ ပြင်ပသို့မ​ရောက်ရှိ​အောင် နိုင်ကျဥ်းများကို စာရွက်နှင့် ​ဘောပင် ​ပေးမသုံးကြ​ကြောင်းလည်း ဆိုထားပါသည်။

ထောင်အတွင်း နိုင်ကျဥ်းသားများကို အတူတူ ထားရှိ​ရေးကိုသာ ​တောင်းဆို​နေကြသည်ဖြစ်ပြီး အဆိုပါ အခွင့်အ​ရေးအတွက် ​ထောင်တွင်း ဆန္ဒပြမှု ပြုလုပ်ကြမည်ဟု ​​ရေးသားထားသည်ကို ​တွေ့ရှိရသည်။

ဤကဲ့သို့​သော နိုင်ကျဥ်း များ၏ ကြုံ​တွေ့​နေရ​သော အဖြစ်အပျက်များကို ICRC၊ AAPP နဲ့ Media သတင်းဌာနများသို့ အများပြည်သူ သိရှိနိုင်ရန် အကူအညီ​တောင်းခံ​ပါသည့်အကြောင်းကြားစာကို အခက်အခဲများစွာဖြင့် ပြင်ပသို့ ​ရောက်ရှိ​အောင် ​ပေးပို့ခဲ့သည်ကို Media9 မှ ​ဖော်ပြ​ပေးအပ်ပါသည်။

(ပြင်ပမိသားစု၏ လုံခြုံ​ရေးနှင့် ​တောင်းဆိုချက်အရ စာ၏ မူရင်း ဓါတ်ပုံအား Media9မှ ​ဖော်ပြ မ​ပေးနိုင်ပါ​ကြောင်း အသိ​ပေးအပ်ပါသည်)

PTT@Media9

Zawgyi

ဖားအံ၊ “ေတာင္က​ေလး​” အက်ဥ္းေထာင္တြင္း႐ွိ ႏိုင္/က်ဥ္းသားမ်ား ခြဲျခားဖိႏွိပ္ျခင္းခံ​ေနရ၊ ​ေခါင္းပုံျဖတ္မႈမ်ားႏွင့္ ‘ေရႏွင့္အစားအစာ’ ညစ္ပတ္မႈမ်ား​ေၾကာင့္ က်န္းမာ​ေရးထိခိုက္မႈမ်ား႐ွိ​​ေန။

၂၀၂၂ခုႏွစ္၊ဇန္နဝါရီ ၇ ရက္။

ဖားအံၿမိဳ႕၊​ေတာင္က​ေလး အက်ဥ္း​ေထာင္အတြင္းက ႏိုင္ငံ​ေရးအက်ဥ္းသားမ်ားအ​ေပၚ ​ေခါင္းပုံျဖတ္မႈမ်ား၊ခြဲျခားဖိႏွိပ္ျခင္းမ်ား၊​ေရႏွင့္ အစားအ​ေသာက္ မသန္႔႐ွင္းမႈမ်ား​ေၾကာင့္ ဝမ္းပ်က္ဝမ္း​ေလ်ာ မႈမ်ား ျဖစ္ပြား​ေန​ေၾကာင္း ၊ေထာင္အတြင္း ႏိုင္ငံ​ေရး အက်ဥ္းသားမ်ားထံ မိသားစုမွ စားစရာ ၊

ရိကၡာမ်ား​ေပးပို႔သည့္ အခါ ​ မ​ေရာက္႐ွိပဲ ေထာင္ပိုင္အရာ႐ွိ ဝန္ထမ္းမ်ားမွ ​ေခါင္းပုံျဖတ္ ယူထားျခင္းမ်ား ႐ွိ​ေန​ေၾကာင္း စသည့္ ​ေထာင္တြင္းအျဖစ္အပ်က္မ်ားကို အက်ဥ္းက်​ေနသူ ​ေက်ာင္းသား လူငယ္တစ္ဦးက ျပင္ပ႐ွိ သတင္းမီဒီယာမ်ားႏွင့္ ျပည္သူလူထု သိ႐ွိရန္ စာ​ေရးသား ​ေပးပို႔ ​ေတာင္းဆိုခဲ့​သည္။

အဆိုပါ စာကို အခက္အခဲမ်ားၾကားမွ ျပင္ပ​ေရာက္႐ွိ​ေအာင္ ​ေပးပို႔ခဲ့ျခင္း ျဖစ္ကာ ​ေထာင္အတြင္း ႏိုင္/က်ဥ္းမ်ား အတူ​ေနခြင့္ရ​ေရးအတြက္ ဆႏၵျပ ​ေတာင္းဆိုၾကမည္ဟု သိ႐ွိရသည္။

အဆိုပါ စာအရ ေတာင္ကေလးေထာင္ထဲမွ ႏိုင္က်ဥ္းေတြကို အတူ​ေနခြင့္မ​ေပးဘဲ တျခား ခိုး၊ဆိုး၊လု၊ႏိႈက္မ်ားႏွင့္အတူ ေရာ​ေႏွာထားကာ ႏိုင္က်ဥ္းအခ်င္းခ်င္း ေတြ႕ခြင့္ မေပးၾကဘူးလို႔ သိ႐ွိရသည္။

ႏိုင္က်ဥ္းအမ်ားစုက ၿမိဳ႕ခံမ်ားမဟုတ္ၾကပဲ တျခားေနရာကေန ဖမ္းမိတဲ့လူေတြ ျဖစ္သည္မို႔ ၎တို႔၏မိသားစုေတြက အစားစာ မပို႔ႏိုင္ၾကသျဖင့္ ႏိုင္က်ဥ္းအခ်င္းခ်င္း အတူတူအစားအစာမွ်စားဖို႔လိုအပ္​ေၾကာင္း၊ထို႔​ေၾကာင့္ ႏိုင္/က်ဥ္းမ်ား အတူတူစုေနလို႔ရရင္ အဆင္ေျပမွာ ျဖစ္သျဖင့္ ေထာင္ပိုင္ အရာ႐ွိေတြကို တူတူထားေပးဖို႔ေျပာထားေပမယ့္ ယခုခ်ိန္ထိ အတူ​​ေနခြင့္ မရၾက​ေသး​ေၾကာင္း သိရသည္။

​ေသာက္​ေရ၊သုံး​ေရတို႔ မသန္႔႐ွင္း သျဖင့္ ဝဲ​ေပါက္ျခင္းမ်ား၊ထမင္းေတြကိုလဲ soda နဲ႔ေရာ၍ ​ေကြၽး​ေမြးၾက​သျဖင့္ ဝမ္း​ေလ်ာျခင္းမ်ား ျဖစ္​ေနရေၾကာင္း သိရသည္။

ၿမိဳ႕ခံ ႏိုင္က်ဥ္းမိသားစုမ်ားက ပို႔လိုက္သည့္ ပစၥည္းမ်ားလည္း အက်ဥ္းသားမ်ားထံ အကုန္မေရာက္ပဲ ဂိတ္ေပါက္ဝက ပစၥည္းလက္ခံတဲ့ဝန္ထမ္းေတြက ခိုးယူထားၾက​ေၾကာင္း စသည့္ ျပသနာမ်ားလည္း ၾကဳံ​ေတြ႕​ေနရတယ္ လို႔ အဆိုပါ စာ အရ သိ႐ွိရသည္။
ဤကဲ့သို႔ အက်ဥ္း​ေထာင္အတြင္း အျဖစ္အပ်က္မ်ား ျပင္ပသို႔မ​ေရာက္႐ွိ​ေအာင္ ႏိုင္က်ဥ္းမ်ားကို စာ႐ြက္ႏွင့္ ​ေဘာပင္ ​ေပးမသုံးၾက​ေၾကာင္းလည္း ဆိုထားပါသည္။

ေထာင္အတြင္း ႏိုင္က်ဥ္းသားမ်ားကို အတူတူ ထား႐ွိ​ေရးကိုသာ ​ေတာင္းဆို​ေနၾကသည္ျဖစ္ၿပီး အဆိုပါ အခြင့္အ​ေရးအတြက္ ​ေထာင္တြင္း ဆႏၵျပမႈ ျပဳလုပ္ၾကမည္ဟု ​​ေရးသားထားသည္ကို ​ေတြ႕႐ွိရသည္။

ဤကဲ့သို႔​ေသာ ႏိုင္က်ဥ္း မ်ား၏ ၾကဳံ​ေတြ႕​ေနရ​ေသာ အျဖစ္အပ်က္မ်ားကို ICRC၊ AAPP နဲ႔ Media သတင္းဌာနမ်ားသို႔ အမ်ားျပည္သူ သိ႐ွိႏိုင္ရန္ အကူအညီ​ေတာင္းခံ​ပါသည့္အေၾကာင္းၾကားစာကို အခက္အခဲမ်ားစြာျဖင့္ ျပင္ပသို႔ ​ေရာက္႐ွိ​ေအာင္ ​ေပးပို႔ခဲ့သည္ကို Media9 မွ ​ေဖာ္ျပ​ေပးအပ္ပါသည္။

(ျပင္ပမိသားစု၏ လုံျခဳံ​ေရးႏွင့္ ​ေတာင္းဆိုခ်က္အရ စာ၏ မူရင္း ဓါတ္ပုံအား Media9မွ ​ေဖာ္ျပ မ​ေပးႏိုင္ပါ​ေၾကာင္း အသိ​ေပးအပ္ပါသည္)

PTT@Media9