Local News

ဖုန်းဆင်းကတ်ဝယ်ရာမှာ တစ်ကတ်ကို ကျပ်နှစ်သောင်း နဲ့ စစ်ကောင်စီအခွန်ကောက်မည်ဟု ကြေငြာ

ဖုန်းဆင်းကတ်ဝယ်ရာမှာ တစ်ကတ်ကို ကျပ်နှစ်သောင်း နဲ့ စစ်ကောင်စီအခွန်ကောက်မယ်
အင်တာနက်သုံးစွဲခကိုပါ အခွန်ကောက်ဖို့ စစ်ကောင်စီပြင်ဆင်

တယ်လီဖုန်းဆင်းကတ်ရောင်းချရာမှာ ဆင်းကတ်တစ်ကတ်ကို ကျပ်နှစ်သောင်းနှုန်း နဲ့စစ်ကောင်စီဟာ အခွန်ကောက်တော့မှာဖြစ်ပါတယ်။

ဆင်းကတ်ဝယ်ယူရာမှာ တစ်ကတ်ကို ကျပ်နှစ်သောင်းအခွန်ကောက်တာကို ဒီလ ဇန်နဝါရီလ ၈ ရက်ကစတင်ပြီး စစ်ကောင်စီက ကောက်ယူတော့မှာပါ။

ဒီလိုကောက်ယူဖို့အတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြင်ဆင်လိုက်ပြီး အဲဒီပြင်ဆင်လိုက်တဲ့ဥပဒေဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်ကနေ ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်အထိ အကျိုးသက်ရောက်မယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

စစ်တပ်ဟာ မတရားအာဏာသိမ်းပြီးနောက် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့အတွက် ဆက်သွယ်ရေးဖြတ်တောက်တာတွေကိုလုပ်ခဲ့ပါတယ်။

ဒါအပြင် အင်တာနက်ကိုလည်း ပိတ်ခဲ့တာတွေရှိသလို မိုဘိုင်းဒေတာ သုံးစွဲခတွေကိုလည်း ဆက်သွယ်ရေးကုမ္ပဏီတွေကိုတိုးမြှင့်ကောက်ခံစေခဲ့ပါတယ်။

အခုနောက်ဆုံးမှာတော့ ဆင်းကတ် တွေကို အခွန်ကောက်ကာ ဈေးမြှင့်ရောင်းချဖို့စီစဉ်လာတာပဲဖြစ်ပါတယ်။

Zawgyi

ဖုန္းဆင္းကတ္ဝယ္ရာမွာ တစ္ကတ္ကို က်ပ္ႏွစ္ေသာင္း နဲ႔ စစ္ေကာင္စီအခြန္ေကာက္မယ္
အင္တာနက္သုံးစြဲခကိုပါ အခြန္ေကာက္ဖို႔ စစ္ေကာင္စီျပင္ဆင္

တယ္လီဖုန္းဆင္းကတ္ေရာင္းခ်ရာမွာ ဆင္းကတ္တစ္ကတ္ကို က်ပ္ႏွစ္ေသာင္းႏႈန္း နဲ႔စစ္ေကာင္စီဟာ အခြန္ေကာက္ေတာ့မွာျဖစ္ပါတယ္။

ဆင္းကတ္ဝယ္ယူရာမွာ တစ္ကတ္ကို က်ပ္ႏွစ္ေသာင္းအခြန္ေကာက္တာကို ဒီလ ဇန္နဝါရီလ ၈ ရက္ကစတင္ၿပီး စစ္ေကာင္စီက ေကာက္ယူေတာ့မွာပါ။

ဒီလိုေကာက္ယူဖို႔အတြက္ ျပည္ေထာင္စုအခြန္အေကာက္ဥပေဒကို ျပင္ဆင္လိုက္ၿပီး အဲဒီျပင္ဆင္လိုက္တဲ့ဥပေဒဟာ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ ၈ ရက္ကေန ၂၀၂၂ ခုႏွစ္မတ္လ ၃၀ ရက္အထိ အက်ိဳးသက္ေရာက္မယ္လို႔စစ္ေကာင္စီက ဆိုထားပါတယ္။

စစ္တပ္ဟာ မတရားအာဏာသိမ္းၿပီးေနာက္ ဆန္႔က်င္မႈေတြကို ဖိႏွိပ္ဖို႔အတြက္ ဆက္သြယ္ေရးျဖတ္ေတာက္တာေတြကိုလုပ္ခဲ့ပါတယ္။

ဒါအျပင္ အင္တာနက္ကိုလည္း ပိတ္ခဲ့တာေတြ႐ွိသလို မိုဘိုင္းေဒတာ သုံးစြဲခေတြကိုလည္း ဆက္သြယ္ေရးကုမၸဏီေတြကိုတိုးျမႇင့္ေကာက္ခံေစခဲ့ပါတယ္။

အခုေနာက္ဆုံးမွာေတာ့ ဆင္းကတ္ ေတြကို အခြန္ေကာက္ကာ ေဈးျမႇင့္ေရာင္းခ်ဖို႔စီစဥ္လာတာပဲျဖစ္ပါတယ္။