Local News

ဖုန်းဆင်းမ်ကတ်တွေကို တစ်ကတ် ကျပ် ငါးထောင်ထိ စျေးတင်ရောင်းနေ

ဖုန်းဆင်းမ်ကတ်တွေကို တစ်ကတ် ကျပ် ငါးထောင်ထိ စျေးတင်ရောင်းနေ

ဆင်းကတ်အသစ်တစ်ကတ်ကို ငွေကျပ် နှစ်သောင်း အခွန်ကောက်မယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာပြီးတဲ့နောက် ဈေးကွက်အတွင်း ဆင်းကတ်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

လမ်းဘေးမှာ ဆင်းကတ်ရောင်းချတဲ့ ဆိုင်တွေမှာ ဇန်နဝါရီ ၇ ရက်က ကတ်တစ်ကတ် ကျပ်ငါးထောင်အထိ ဈေးတင်ရောင်းနေတာကိုတွေ့ရပြီး အရောင်းအဝယ်ကတော့ပုံမှန်ပဲရှိတယ်လို့ ဈေးရောင်းသူတွေက ပြောပါတယ်။

နောက်ရက်ကျရင် ဒီ့ထက်ဈေးတတ်ဦးမှာလို့ လှည်းတန်းမှာ ဆင်းကတ်ရောင်းချနေသူတစ်ဦးက​ပြောသည်။

အရင်ကတော့ ဆင်းကတ်တစ်ကတ်ကို ပုံမှန် ငွေကျပ် ၁၅၀၀ ကနေ ၂၅၀၀ အထိ ဈေး အမျိူးမျိုးရောင်းချခဲ့တာပါ။

လှည်းတန်းဝန်းကျင်က လမ်းဘေးဆင်းကတ်ဆိုင်လေးတွေကတော့ ဒီကနေ့ ညနေ ၃ နာရီလောက်ထဲက ဆိုင်သိမ်းသွားကြတာတွေ့ရပါတယ်။

ဇန်နဝါရီ ၈ ရက်ကစပြီး ဆင်းကတ်တွေကိုအခွန် ငွေကျပ်နှစ်သောင်းကောက်ခံမယ်လို့ အာဏာသိမ်းစစ်ကောင်စီကကြေညာထားတာပါ။

Zawgyi

ဖုန္းဆင္းမ္ကတ္ေတြကို တစ္ကတ္ က်ပ္ ငါးေထာင္ထိ ေစ်းတင္ေရာင္းေန

ဆင္းကတ္အသစ္တစ္ကတ္ကို ေငြက်ပ္ ႏွစ္ေသာင္း အခြန္ေကာက္မယ္လို႔ အာဏာသိမ္းစစ္ေကာင္စီက ေၾကညာၿပီးတဲ့ေနာက္ ေဈးကြက္အတြင္း ဆင္းကတ္ေဈးႏႈန္းေတြ ျမင့္တက္ခဲ့ပါတယ္။

လမ္းေဘးမွာ ဆင္းကတ္ေရာင္းခ်တဲ့ ဆိုင္ေတြမွာ ဇန္နဝါရီ ၇ ရက္က ကတ္တစ္ကတ္ က်ပ္ငါးေထာင္အထိ ေဈးတင္ေရာင္းေနတာကိုေတြ႕ရၿပီး အေရာင္းအဝယ္ကေတာ့ပုံမွန္ပဲ႐ွိတယ္လို႔ ေဈးေရာင္းသူေတြက ေျပာပါတယ္။

ေနာက္ရက္က်ရင္ ဒီ့ထက္ေဈးတတ္ဦးမွာလို႔ လွည္းတန္းမွာ ဆင္းကတ္ေရာင္းခ်ေနသူတစ္ဦးက​ေျပာသည္။

အရင္ကေတာ့ ဆင္းကတ္တစ္ကတ္ကို ပုံမွန္ ေငြက်ပ္ ၁၅၀၀ ကေန ၂၅၀၀ အထိ ေဈး အမ်ိဴးမ်ိဳးေရာင္းခ်ခဲ့တာပါ။

လွည္းတန္းဝန္းက်င္က လမ္းေဘးဆင္းကတ္ဆိုင္ေလးေတြကေတာ့ ဒီကေန႔ ညေန ၃ နာရီေလာက္ထဲက ဆိုင္သိမ္းသြားၾကတာေတြ႕ရပါတယ္။

ဇန္နဝါရီ ၈ ရက္ကစၿပီး ဆင္းကတ္ေတြကိုအခြန္ ေငြက်ပ္ႏွစ္ေသာင္းေကာက္ခံမယ္လို႔ အာဏာသိမ္းစစ္ေကာင္စီကေၾကညာထားတာပါ။

About the author

admin

Add Comment

Click here to post a comment