Local News

ဗကသ ဒုတိယဥက္ကဋ္ဌကိုဝေယံဖြိုးမိုး ထောင်ချခံရပြီး ထောင်တွင်းမှာနှိပ်စက်ခံနေရ

ဗကသ ဒုတိယဥက္ကဋ္ဌ ထောင်ချခံရပြီး ထောင်တွင်းမှာနှိပ်စက်ခံနေရ
ပုံစံခန်းထဲခေါ်ထည့်ပြီး ရာဇဝတ်အကျဉ်းတွေကို ဝိုင်းဝန်းထိုးကြိတ်ခိုင်း

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (ဗကသ) ရဲ့ ဒုတိယဥက္ကဋ္ဌကိုဝေယံဖြိုးမိုးကို မနေ့က ထောင်ချပြီးနောက် ထောင်တွင်းအကြမ်းဖက်နှိပ်စက်ခံနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဗကသ က သတင်းထုတ်ပြန်ပါတယ်။

ကိုဝေယံဖြိုးမိုးကို မနေ့က ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၂ နှစ်နဲ့၁ လချမှတ်ပြီးနောက် ပုံစံခန်းကို ခေါ်ဆောင်ပြီး သပြေဆောင်မှူးက ဖိနပ်နဲ့ပါးရိုက်ခဲ့သလို အကျဉ်းသား ၅ ယောက်က နှစ်ကြိမ်တိုင်တိုင် ထိုးကြိတ်ရိုက်နှက် နှိပ်စပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုအကြမ်းဖက်နှိပ်စက်တာကြောင့် ကိုဝေယံဖြိုးမိုးရဲ့ လည်ပင်းမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး နံရိုးတွေလည်းကျိုးသွားတယ်လို့ ဗကသက သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို နှိပ်စက်ပေမယ့် အင်းစိန်ထောင် အာဏာပိုင်တွေဟာ အခုချိန်ထိ ဆေးကုသခွင့်မပေးသေးဘူးလို့သိရပါတယ်။

အင်းစိန်ထောင်အာဏာပိုင်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရင်း ဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသာေးတွကိုထောင်တွင်းမှာဖိနှိပ်အကြမ်းဖက်မှုတွေကို ပြုလုပ်နေတာတွေရှိပါတယ်။

ပြီးခဲ့တဲ့ အသံတိတ်သပိတ်မှာဆို ထောင်တွင်းဆန္ဒပြပွဲမှာပါဝင်သူတွေကို ရိုက်နှက်တိုက်ပိတ်တာတွေရှိသလို တချို့နိုင်ငံရေးအကျဉ်းသားတွေကို အဆောင်ပြောင်းခဲ့ပါတယ်။

ပြောင်းရွှေ့ရာအဆောင်ရောက်တဲ့အခါ ရာဇဝတ်အကျဉ်းသားတွေကို ရိုက်နှိက်ခိုင်းတာမျိုး လုပ်ခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တဲ့နိုင်ငံရေးအကျဉ်းသားတွေရှိခဲ့တယ်လို့သိရပါတယ်။

Zawgyi

ဗကသ ဒုတိယဥကၠ႒ ေထာင္ခ်ခံရၿပီး ေထာင္တြင္းမွာႏွိပ္စက္ခံေနရ
ပုံစံခန္းထဲေခၚထည့္ၿပီး ရာဇဝတ္အက်ဥ္းေတြကို ဝိုင္းဝန္းထိုးႀကိတ္ခိုင္း

ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားသမဂၢအဖြဲ႕ခ်ဳပ္ (ဗကသ) ရဲ႕ ဒုတိယဥကၠ႒ကိုေဝယံၿဖိဳးမိုးကို မေန႔က ေထာင္ခ်ၿပီးေနာက္ ေထာင္တြင္းအၾကမ္းဖက္ႏွိပ္စက္ခံေနရၿပီး အသက္အႏၲရာယ္စိုးရိမ္ရတယ္လို႔ ဗကသ က သတင္းထုတ္ျပန္ပါတယ္။

ကိုေဝယံၿဖိဳးမိုးကို မေန႔က ေထာင္တြင္းတရား႐ုံးမွာ ေထာင္ဒဏ္ ၂ ႏွစ္နဲ႔၁ လခ်မွတ္ၿပီးေနာက္ ပုံစံခန္းကို ေခၚေဆာင္ၿပီး သေျပေဆာင္မႉးက ဖိနပ္နဲ႔ပါး႐ိုက္ခဲ့သလို အက်ဥ္းသား ၅ ေယာက္က ႏွစ္ႀကိမ္တိုင္တိုင္ ထိုးႀကိတ္႐ိုက္ႏွက္ ႏွိပ္စပ္ခဲ့တယ္လို႔ သိရပါတယ္။

ဒီလိုအၾကမ္းဖက္ႏွိပ္စက္တာေၾကာင့္ ကိုေဝယံၿဖိဳးမိုးရဲ႕ လည္ပင္းမွာ ျပင္းျပင္းထန္ထန္ဒဏ္ရာရၿပီး နံ႐ိုးေတြလည္းက်ိဳးသြားတယ္လို႔ ဗကသက သတင္းထုတ္ျပန္ထားပါတယ္။

ဒီလို ႏွိပ္စက္ေပမယ့္ အင္းစိန္ေထာင္ အာဏာပိုင္ေတြဟာ အခုခ်ိန္ထိ ေဆးကုသခြင့္မေပးေသးဘူးလို႔သိရပါတယ္။

အင္းစိန္ေထာင္အာဏာပိုင္ေတြဟာ စစ္အာဏာ႐ွင္ဆန္႔က်င္ရင္း ဖမ္းဆီးခံရတဲ့ႏိုင္ငံေရးအက်ဥ္းသာေးတြကိုေထာင္တြင္းမွာဖိႏွိပ္အၾကမ္းဖက္မႈေတြကို ျပဳလုပ္ေနတာေတြ႐ွိပါတယ္။

ၿပီးခဲ့တဲ့ အသံတိတ္သပိတ္မွာဆို ေထာင္တြင္းဆႏၵျပပြဲမွာပါဝင္သူေတြကို ႐ိုက္ႏွက္တိုက္ပိတ္တာေတြ႐ွိသလို တခ်ိဳ႕ႏိုင္ငံေရးအက်ဥ္းသားေတြကို အေဆာင္ေျပာင္းခဲ့ပါတယ္။

ေျပာင္းေ႐ႊ႕ရာအေဆာင္ေရာက္တဲ့အခါ ရာဇဝတ္အက်ဥ္းသားေတြကို ႐ိုက္ႏွိက္ခိုင္းတာမ်ိဳး လုပ္ခဲ့တဲ့အတြက္ ျပင္းျပင္းထန္ထန္ဒဏ္ရာရခဲ့တဲ့ႏိုင္ငံေရးအက်ဥ္းသားေတြ႐ွိခဲ့တယ္လို႔သိရပါတယ္။

About the author

admin

Add Comment

Click here to post a comment