Local News

ဗိုလ်ကြင်စိုးကို အထင်သေးလို့မရဘူးဆိုတာ သက်သေပြနေတဲ့အချက်

ဗိုလ်ကြင်စိုးကို အထင်သေးလို့မရဘူးဆိုတာ သက်သေပြနေတဲ့အချက်

“သိမ်းချင်ရင် အမှိုက်သိမ်း ဆိုပြီး ပြက်ရယ်ပြုခဲ့ကြတာ တစ်နှစ်ရှိပါပြီ။ တချို့သော narration တွေက သတိပြုဖို့ လိုပါတယ်။” ဇော်မဲလုံးက PDF တွေ ပေါ်လာမယ် မထင်မိဘူး ဆိုပြီး ပြောတာကို အတော်များများ ဝမ်းသာနေကြတယ်။

အမှန်တော့ သူတို့က စကားကို သတိနဲ့ လိုသလို ပုံဖော်ပြောတယ်ပဲ ကိုယ်ကတော့ ယူဆတယ်။ ဆိုပါတော့ သူတို့အနေနဲ့ ဒါမျိုးတွေ ဖြစ်လာမယ် ဆိုတာ ကြိုသိထားပါတယ် ဆိုပြီး အေးဆေးပါ

ငါတို့က အဘက်ဘက်က ပြင်ဆင်ထားပြီးသား ဆိုပြီး ဂုဏ်ဆာလို့ရရက်သားနဲ့ “တစ်ကယ်မသိခဲ့ပါဘူးဗျာ” ဆိုပြီး ဘာလို့ ငိုပြနေတာလဲ။ တစ်ကယ်တော့ သူတို့ဟာ အမှန်ကန်ဆုံးလုပ်ရပ်ကို လုပ်ခဲ့တာပါ၊ သူတို့ မမှားပါဘူး စသည်ဖြင့်။ နိုင်ငံတော် အခြေအနေက

တောင်းဆိုနေလို့ သမိုင်းပေးတာဝန်အရ ရွေးချယ်စရာမရှိတဲ့ လမ်းကို လျှောက်ရတာပါ စသည်ဖြင့်။ သူတို့က မှန်နေတဲ့အတွက် မှန်ကန်သောလုပ်ရပ်ကို လုပ်ခဲ့တာမို့ ဒီလိုတွေ ဖြစ်လာမှာကို ကြိုမတွက်ခဲ့တာပါလို့ message ပေးနေတာပါ။

သူတို့မှန်တယ် ဆိုတဲ့အကြောင်းကို တည်ဆောက်ယူနေတာပါပဲ။ ကျွန်တော်ကတော့ အထင်လည်းမကြီးနဲ့ အထင်လည်းမသေးနဲ့ဆိုသလိုပဲ သူတို့ဘာလုပ်လုပ် သံသယနဲ့ပဲ ချဉ်းကပ်ကြည့်ပါတယ်။

အခုလို သူတို့တွေ ပြောဆိုလာကြတာက အဓိပ္ပါယ် နှစ်ခွ အမြဲထွက်တတ်လေ့ ရှိပါတယ်။ သူတို့လိုရာကို လိပ်လို ယက်ပြီး ပြောတာပါ။

အရင်ကလည်း ဗိုလ်စောက်ပုက ဆန္ဒပြပွဲတွေ ဒီလောက် အုံနဲ့ကျင်းနဲ့ ဖြစ်ပေါ်လာမယ် မထင်မိပါဘူး ဆိုပြီးပြောဖူးတယ်။ လူများစုက အဲဒါကိုပဲ ဟိုက်လိုက်လုပ်ပြီး ဝမ်းသာပြကြတယ်။ နောက်ဆက်တွဲ ဘာပြောသွားသလဲ သတိမထားမိကြတော့ဘူး။ အမှန်က

ဗိုလ်စောက်ပုက ဒါဟာ ဟယ်ရီတန်အရေးအခင်း လိုပါပဲ ဆိုပြီး ဥပမာဖန်တီးပြီး နွေဦးတော်လှန်ရေးကို သေးသိမ်အောင် လုပ်သွားတာပါ။

ဟယ်ရီတန်အရေးအခင်း ဆိုတာက စာမေးပွဲမေးခွန်း ပေါက်ကြားရာကနေ အကုန်လုံးကို အလျော်အစား အနေနဲ့ အအောင်ပေး/ အကျပေး လိုက်ရလို့ အမှန်အကန် စာကြိုးစား ဖြေခဲ့ကြတဲ့ ကျောင်းသားတွေက မေးခွန်းကို ခိုးတဲ့လူတွေ လာဘ်ပေးလာဘ်ယူ

လုပ်သူတွေကို အရေးမယူပဲ ဘာမှမဆိုင်တဲ့ သူတို့ကိုပါ ထိခိုက်စေလို့ မကျေနပ်ရာကနေ စခဲ့တဲ့ ဇာတ်လမ်းလေ။ အခု တော်လှန်ရေးဟာလည်း အမှန်အကန်မဲပေးခဲ့တဲ့လူတွေက မကျေနပ်လို့ ဆန္ဒပြကြတာ သူနားလည်ပါတယ်

ဆိုပြီး ဗိုလ်စောက်ပုက သူမှန်ကြောင်း သက်သေထူသွားတာ။ ရွေးကောက်ပွဲမဲခိုးကြသူတွေကြောင့် ဘာမှမဆိုင်တဲ့ အမှန်အကန် မဲဆန္ဒရှင်တွေပါ ထိခိုက်ရတယ် ဆိုပြီး သပ်လျှိုသွားတာ။

သူတို့ လုပ်သမျှ ပြောသမျှတွေက အရမ်း ဂရုစိုက်ကြည့်ရပါမယ်၊ အရမ်းကြီး ဟာသလုပ်လို့ မရပါဘူး။

ခွက်ဒစ်- စီငြိမ်းသာ

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.