Local News

ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ နေအိမ်အကျယ်ချုပ်ကျခံရသည်ဟု သတင်းထွက်ပေါ်

ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ နေအိမ်အကျယ်ချုပ်ကျခံရသည်ဟု သတင်းထွက်ပေါ်

စစ်ကောင်စီတပ်၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်စစ်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေမှာ နေအိမ်အကျယ်ချုပ်ချခံထားရသည်ဟု CDM ပြုလုပ်နေသည့် ပြည်သူ့စစ်သားများအစုအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသော ဆောင်းပါးတစ်ပုဒ်တွင် ပါရှိသည်။

” ရန်ကုန် အကြမ်းဖက်ကိစ္စ​တွေနဲ့ ငြိပြီး အဓိက ကားနဲ့တိုက်တဲ့ကိစ္စ​ကြောင့် အခု ​နေအိမ်အကျယ်ချုပ် လို့ကြား​​နေရလို့။ မအလ (မင်းအောင်လှိုင်) အမြဲ အဲ့လိုလုပ်တယ်။ သူ့ရှေ့က ဗိုလ်ချုပ်တစ်ယောက် KIA ဗိုလ် လောင်းကုန်းကို လက် နက်ကြီးနဲ့ပစ်တယ်။

Black list အသွင်းခံရ​တော့ တိုင်းမှူး မပေးတော့ဘူး။ ဂျောင်ထိုးလိုက်တယ်ဗျာ။သူပဲခိုင်းပြီး နာမည်ထွက်လာရင် အကုန်အ​ရေးယူပစ်ပြီး သူကတရားမျှတပါတယ် လုပ်ပစ်တယ်။” ဟု အဆိုပါဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။

ကိုယ်ပိုင်အမှတ်ကြည်း ၂၅၉၈၃၊ စစ်တက္ကသိုလ်အပတ်စဉ် (၃၆) ဆင်း ဗိုလ်ိချုပ်ညွှန့်ဝင်းဆွေမှာ နေအိမ်အကျယ်ချုပ်ချခံထားရသည်ဆိုသောသတင်းနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

တပ်မတော် ဆေး တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်များ ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ညွှန့်ဝင်းဆွေသည် ယမန်နှစ်လယ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်ခန့်အပ်ခံခဲ့ရသည်။

စစ်ကောင်စီတပ်အတွင်း တပ်တွင်းအရေးယူမှုများကို ထိပ်တန်းလျို့ဝှက်ချက်အဖြစ်သတ်မှတ်သတင်းအမှောင်ချထားလေ့ရှိပြီး တပ်တွင်း ဖရဲသီးဟုခေါ်ဝေါ်ကြသည့် ပြည်သူ့ဘက်ကိုပူးပေါင်းပါဝင်သူများက သတင်းထုတ်ပေးမှသာ သိကြရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းမြို့နယ်တစ်ခုတွင် လေတပ်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး ဒီဇင်ဘာ ၈ ရက်နေ့က ” ဖရဲသီးအမှု” ဖြင့် အဖမ်းခံခဲ့ရပြီး ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မီးသဂြိုလ်လိုက်ပြီဆိုကာ မိသားစုကို အကြောင်းကြားမှုဖြစ်ပွားခဲ့ကြောင်း တပ်တွင်းသတင်းရပ်ကွက်တစ်ခုအရသိရသည်။

ဓာတ်ပုံ- ဧရာ၀တီ

Zawgyi

ဗိုလ္ခ်ဳပ္ၫႊန္႔ဝင္းေဆြ ေနအိမ္အက်ယ္ခ်ဳပ္က်ခံရသည္ဟု သတင္းထြက္ေပၚ

စစ္ေကာင္စီတပ္၏ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္စစ္တိုင္းမႉး ဗိုလ္ခ်ဳပ္ၫႊန္႔ဝင္းေဆြမွာ ေနအိမ္အက်ယ္ခ်ဳပ္ခ်ခံထားရသည္ဟု CDM ျပဳလုပ္ေနသည့္ ျပည္သူ႕စစ္သားမ်ားအစုအဖြဲ႕၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားေသာ ေဆာင္းပါးတစ္ပုဒ္တြင္ ပါ႐ွိသည္။

” ရန္ကုန္ အၾကမ္းဖက္ကိစၥ​ေတြနဲ႔ ၿငိၿပီး အဓိက ကားနဲ႔တိုက္တဲ့ကိစၥ​ေၾကာင့္ အခု ​ေနအိမ္အက်ယ္ခ်ဳပ္ လို႔ၾကား​​ေနရလို႔။ မအလ (မင္းေအာင္လိႈင္) အၿမဲ အဲ့လိုလုပ္တယ္။ သူ႕ေ႐ွ႕က ဗိုလ္ခ်ဳပ္တစ္ေယာက္ KIA ဗိုလ္ ေလာင္းကုန္းကို လက္ နက္ႀကီးနဲ႔ပစ္တယ္။

Black list အသြင္းခံရ​ေတာ့ တိုင္းမႉး မေပးေတာ့ဘူး။ ေဂ်ာင္ထိုးလိုက္တယ္ဗ်ာ။သူပဲခိုင္းၿပီး နာမည္ထြက္လာရင္ အကုန္အ​ေရးယူပစ္ၿပီး သူကတရားမွ်တပါတယ္ လုပ္ပစ္တယ္။” ဟု အဆိုပါေဆာင္းပါးတြင္ ေရးသားေဖာ္ျပထားသည္။

ကိုယ္ပိုင္အမွတ္ၾကည္း ၂၅၉၈၃၊ စစ္တကၠသိုလ္အပတ္စဥ္ (၃၆) ဆင္း ဗိုလ္ိခ်ဳပ္ၫႊန္႔ဝင္းေဆြမွာ ေနအိမ္အက်ယ္ခ်ဳပ္ခ်ခံထားရသည္ဆိုေသာသတင္းႏွင့္ပတ္သက္၍ မဇၩိမအေနျဖင့္ သီးျခားအတည္ျပဳခ်က္ရယူႏိုင္ျခင္းမ႐ွိပါ။

တပ္မေတာ္ ေဆး တကၠသိုလ္ ေက်ာင္းအုပ္ႀကီးႏွင့္ အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး တာဝန္မ်ား ထမ္းေဆာင္ခဲ့သူ ဗိုလ္ခ်ဳပ္ၫႊန္႔ဝင္းေဆြသည္ ယမန္ႏွစ္လယ္က ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးအျဖစ္ခန္႔အပ္ခံခဲ့ရသည္။

စစ္ေကာင္စီတပ္အတြင္း တပ္တြင္းအေရးယူမႈမ်ားကို ထိပ္တန္းလ်ိဳ႕ဝွက္ခ်က္အျဖစ္သတ္မွတ္သတင္းအေမွာင္ခ်ထားေလ့႐ွိၿပီး တပ္တြင္း ဖရဲသီးဟုေခၚေဝၚၾကသည့္ ျပည္သူ႕ဘက္ကိုပူးေပါင္းပါဝင္သူမ်ားက သတင္းထုတ္ေပးမွသာ သိၾကရသည္။

႐ွမ္းျပည္နယ္ ေတာင္ပိုင္းၿမိဳ႕နယ္တစ္ခုတြင္ ေလတပ္မွ ဗိုလ္မႉးအဆင့္႐ွိသူတစ္ဦး ဒီဇင္ဘာ ၈ ရက္ေန႔က ” ဖရဲသီးအမႈ” ျဖင့္ အဖမ္းခံခဲ့ရၿပီး ဒီဇင္ဘာ ၁၀ ရက္ေန႔တြင္ မီးသၿဂိဳလ္လိုက္ၿပီဆိုကာ မိသားစုကို အေၾကာင္းၾကားမႈျဖစ္ပြားခဲ့ေၾကာင္း တပ္တြင္းသတင္းရပ္ကြက္တစ္ခုအရသိရသည္။

ဓာတ္ပုံ- ဧရာ၀တီ

About the author

admin

Add Comment

Click here to post a comment