Local News

ဗိုလ်ချုပ်မှူးကြီးသည်ဇာတာတော်ခွင်အရ ဥပစ္ဆေဒကကံဖြင့်မသေနိုင်ဟုဗိုလ်ချုပ်ဇော်မင်းထွန်း…SeeMore

ဗိုလ်ချုပ်မှူးကြီးသည်ဇာတာတော်ခွင်အရ ဥပစ္ဆေဒကကံဖြင့်မသေနိုင်ဟုဗိုလ်ချုပ်ဇော်မင်းထွန်းပြော

“ဒီရက်ပိုင်းပြည်သူတွေသိပ်ကိုစိုးရိမ်နေကြတဲ့ ကိစ္စလေး ပြောချင်ပါတယ်၊သူတို့သိပ်ချစ်တဲ့ဗိုလ်ချုပ်မှူးကြီးကို မလိုတမာသူတွေက ICCတို့ ICJတို့ပို့မယ်၊ဘာဖြစ်မယ်ညာဖြစ်မယ်

သွားပုပ်လေလွင့်ပြောနေကြလို့ စိတ်အရမ်းပူတယ်တဲ့၊ကျွန်တော်တခါတည်းပြောလိုက်မယ်၊ ICနဲ့ပတ်သက်ရင်

လေးဖြူတို့ချစ်စမ်းမောင်တို့ ဆိုကြတီးကြတဲ့ Iron cross ICတီးဝိုင်းကိုတောင် ဗိုလ်ချုပ်မှူးကြီးသွားဖို့အစီ‌အစဉ်မရှိပါဘူး၊နားညီးလို့ပါ၊

ဗိုလ်ချုပ်မှူးကြီးဟာ ဘာသာ သာသနာကိုပဲထွန်းတောက်ဖို့စိတ်ဝင်စားပါတယ်၊တိုင်းပြည်‌အေးချမ်းသာယာဖို့ပဲသူဆုတောင်းနေပါတယ်၊

သူလုပ်ဆောင်နေပါတယ်၊သူကြိုးစားအားထုတ်နေပါတယ်၊သူ့တိုင်းသူပြည်သားတွေ ဉာဏ်ပညာကြီးမားပြီး လူတိုင်းချမ်းသာကြွယ်ဝနိုင်အောင်

သူစီမံဆောင်ရွက်နေပါတယ်၊ သူ့ရဲ့ဇာတာတော်ခွင်ကိုလည်း ဗေဒင်ဆရာတွေ ပုဏ္ဏားပုရောဟိတ်တွေ ဟူးရားပဏ္ဍိတ်တွေ‌နဲ့စစ်ဆေးပြီးပါပြီ၊

သူဟာ ဥပစ္ဆေဒကကံနဲ့သေဖို့မရှိပါဘူး၊ သက်တော်(၁၂၀)ကျော်အထိရှည်မယ်လို့ ဇာတာတော်မှာပါပါတယ်၊

ပြည်သူ့အကျိုးကို နောင်နှစ်ပေါင်းနှစ်ဆယ်ထိ ထမ်းဆောင်သွားနိုင်မယ့် သာသနာပြု မင်းကောင်းမင်းမြတ်တပါးလို့ဆိုပါတယ်၊

ဒါ့ကြောင့်ပြည်သူတွေမစိုးရိမ်ပါနဲ့လို့ပြောပါရစေ၊သူ့လက္ခဏာတော်ကိုလည်း စစ်ဆေးပြီးပါပြီ၊အာယုဒီဃအသက်လမ်းကြောင်းဟာ အရှည်ကြီးပါ၊ သူဟာ ပြည်သူ့အတွက်တာဝန်

တွေကျေအောင် နောင်အနှစ်၂၀လောက်အထိပေးဆပ် ထမ်းဆောင်ပေးနေအုံးမှာပါ၊သူဟာ ပြည်သူတွေအမှန်တကယ်အားကိုးထိုက်တဲ့အနာဂါမ်ပုဂ္ဂိလ်ထူးပုဂ္ဂိုလ်မြတ် အရိယာသူတော်စင်တစ်ဦးပါပဲ ”

#ဗိုလ်ချုပ်ဇော်မင်းထွန်း

Zawgyi

ဗိုလ္ခ်ဳပ္မႉးႀကီးသည္ဇာတာေတာ္ခြင္အရ ဥပေစၧဒကကံျဖင့္မေသႏိုင္ဟုဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ

“ဒီရက္ပိုင္းျပည္သူေတြသိပ္ကိုစိုးရိမ္ေနၾကတဲ့ ကိစၥေလး ေျပာခ်င္ပါတယ္၊သူတို႔သိပ္ခ်စ္တဲ့ဗိုလ္ခ်ဳပ္မႉးႀကီးကို မလိုတမာသူေတြက ICCတို႔ ICJတို႔ပို႔မယ္၊ဘာျဖစ္မယ္ညာျဖစ္မယ္

သြားပုပ္ေလလြင့္ေျပာေနၾကလို႔ စိတ္အရမ္းပူတယ္တဲ့၊ကြၽန္ေတာ္တခါတည္းေျပာလိုက္မယ္၊ ICနဲ႔ပတ္သက္ရင္

ေလးျဖဴတို႔ခ်စ္စမ္းေမာင္တို႔ ဆိုၾကတီးၾကတဲ့ Iron cross ICတီးဝိုင္းကိုေတာင္ ဗိုလ္ခ်ဳပ္မႉးႀကီးသြားဖို႔အစီ‌အစဥ္မ႐ွိပါဘူး၊နားညီးလို႔ပါ၊

ဗိုလ္ခ်ဳပ္မႉးႀကီးဟာ ဘာသာ သာသနာကိုပဲထြန္းေတာက္ဖို႔စိတ္ဝင္စားပါတယ္၊တိုင္းျပည္‌ေအးခ်မ္းသာယာဖို႔ပဲသူဆုေတာင္းေနပါတယ္၊

သူလုပ္ေဆာင္ေနပါတယ္၊သူႀကိဳးစားအားထုတ္ေနပါတယ္၊သူ႕တိုင္းသူျပည္သားေတြ ဉာဏ္ပညာႀကီးမားၿပီး လူတိုင္းခ်မ္းသာႂကြယ္ဝႏိုင္ေအာင္

သူစီမံေဆာင္႐ြက္ေနပါတယ္၊ သူ႕ရဲ႕ဇာတာေတာ္ခြင္ကိုလည္း ေဗဒင္ဆရာေတြ ပုဏၰားပုေရာဟိတ္ေတြ ဟူးရားပ႑ိတ္ေတြ‌နဲ႔စစ္ေဆးၿပီးပါၿပီ၊

သူဟာ ဥပေစၧဒကကံနဲ႔ေသဖို႔မ႐ွိပါဘူး၊ သက္ေတာ္(၁၂၀)ေက်ာ္အထိ႐ွည္မယ္လို႔ ဇာတာေတာ္မွာပါပါတယ္၊

ျပည္သူ႕အက်ိဳးကို ေနာင္ႏွစ္ေပါင္းႏွစ္ဆယ္ထိ ထမ္းေဆာင္သြားႏိုင္မယ့္ သာသနာျပဳ မင္းေကာင္းမင္းျမတ္တပါးလို႔ဆိုပါတယ္၊

ဒါ့ေၾကာင့္ျပည္သူေတြမစိုးရိမ္ပါနဲ႔လို႔ေျပာပါရေစ၊သူ႕လကၡဏာေတာ္ကိုလည္း စစ္ေဆးၿပီးပါၿပီ၊အာယုဒီဃအသက္လမ္းေၾကာင္းဟာ အ႐ွည္ႀကီးပါ၊ သူဟာ ျပည္သူ႕အတြက္တာဝန္

ေတြေက်ေအာင္ ေနာင္အႏွစ္၂၀ေလာက္အထိေပးဆပ္ ထမ္းေဆာင္ေပးေနအုံးမွာပါ၊သူဟာ ျပည္သူေတြအမွန္တကယ္အားကိုးထိုက္တဲ့အနာဂါမ္ပုဂၢိလ္ထူးပုဂၢိဳလ္ျမတ္ အရိယာသူေတာ္စင္တစ္ဦးပါပဲ ”

#ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း