ဘယ်ကလဲတဲ့ ဗိုလ်ကြီး လင်းထက်အောင် မဟုတ်ရင် ဒိုးတဲ့ သေရော

ဘယ်ကလဲတဲ့ ဗိုလ်ကြီး လင်းထက်အောင် မဟုတ်ရင် ဒိုးတဲ့ သေရော

ကိုယ်ကလည်း ဗိုလ်ကြီး လင်းထက်အောင် လို့ခေါ်ရင်မကြိုက်တာ အားလုံးသိကြတယ်လေ

အာ့နဲ့ meeting တစ်ခုရောက်သွားတယ်

မိတ်ဆက်ကြပေါ့

ကိုယ့်အလှည့်ရောက်တယ်

Zoom profile မှာ profile photo လည်းမတပ်ထားမိဘူး

ဟုတ် ကျနော်က လင်းထက်အောင်ပါ

ဘယ်ကလဲတဲ့ ဗိုလ်ကြီး လင်းထက်အောင် မဟုတ်ရင် ဒိုးတဲ့

သေရော

မပြောချင်တဲ့ ဗိုလ်ကြီး ထည့်ပြောမှ အော် သိပြီတဲ့

ဗိုလ်ကြီးကို မထည့်စေချင်တာတော့ အမှန်ပါ

ဘာလို့ မထည့်စေချင်တာလဲဆိုတော့ ကိုယ်က အခု တော်လှန်ရေးတပ်ဖွဲ့တွေမှာလည်းမပါသလို အကြမ်းဖက်ဗိုလ်ကြီးလည်းမဟုတ်တော့ဘူး

သာမန်အရပ်သားလို့ပဲခံယူထားပြီး တော်လှန်ရေးမှာ ပါဝင်နေတာ

ဗိုလ်ကြီးဆိုတဲ့ အခေါ်အဝေါ်က အရမ်းလေးနက်တယ်ဗျ

ဗိုလ်ကြီးတစ်ယောက်ဟာ အနည်းဆုံး လူ ၂၀ ကနေ အများဆုံး၁၀၀ ကြားအုပ်ချုပ်ရတယ်

သူအုပ်ချုပ်ရတဲ့ လူတွေအပြင် သူတာဝန်ယူထားရတဲ့ နယ်မြေအတွင်းက လူ အိုးအိမ် ပစ္စည်းတွေပါ မထိခိုက်ဖို့ အတက်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ရတယ်

ကျနော်က အခု အဲ့တာဝန်တွေဘာမှမယူထားသလို ဘာဆိုဘာမှမဟုတ်ဘူးဗျာ

အခုချိန် ပြည်သူနဲ့အတူ ရပ်တည်ပြီး သာမန်လူသားအဖြစ်ပဲ နိုင်သလောက်လေး ပါဝင်နေတဲ့ လူတစ်ဦးပါ

ဘာကြောင့်ဗိုလ်ကြီး အခေါ်မခံလဲဆိုတာ ရှင်းပြတာပါ

ဗိုလ်ကြီး ဆိုတဲ့အခေါ်အဝေါ်က လေးနက်ပါတယ်

မင်းကအဲ့တာဝန်တွေမယူချင်လို့ အခေါ်မခံတာလားမေးရင်တော့

ကျနော်မှာ အဖြေတစ်ခုပဲရှိပါတယ်

ကျနော်လက်နက်မကိုင်ချင်တော့ပါ ဒါပေမယ့် စစ်အာဏာရှင်ကို တော်လှန်တဲ့လက်နက်ကိုင်တော်လှန်ရေးမှာ နိုင်သလောက်ပါဝင်နေမှာပါ

Leave a Reply

Your email address will not be published.