Local News

ဘဝမှာ ဂုဏ်ယူဝင့်ကြွားစရာ နောက်ထပ်တစ်ခုကို လုပ်နိုင်လိုက်ပြီလို့ ဆိုလာတဲ့ ပန်ဆယ်လို

ဘဝမှာ ဂုဏ်ယူဝင့်ကြွားစရာ နောက်ထပ်တစ်ခုကို လုပ်နိုင်လိုက်ပြီလို့ ဆိုလာတဲ့ ပန်ဆယ်လို

“ဘဝမှာ ဂုဏ်ယူဝင့်ကြွားစရာ နောက်ထပ်တစ်ခုကို လုပ်နိုင်လိုက်ပြီ ဆိုပါတော့။

လေလံကြမ်းခင်းစျေး $1000 ကို မဝံ့မရဲဖြစ်နေလို့ ဇွတ်အတင်းပြောရတဲ့ ကိုကျားကတော့ သူ့ရဲ့ကမ္ဘာ့စျေးအမြင့်ဆုံး Ukulele တော်လှန်ဂစ်တာလေးအတွက် ဘယ်လောက် ဂုဏ်ယူနေလိုက်မလဲ။

လေလံအောင်သွားတဲ့ပုဂ္ဂိုလ်ဆိုတာကလည်း ဒီပိုက်ဆံလောက်ကို ဘတ်ခနဲ လွယ်လွယ်ပေးနိုင်တဲ့ ရေပေါ်ဆီအသိုင်းအဝိုင်းက မဟုတ်။ ပြည်ပမှာ ခက်ခက်ခဲခဲရှာဖွေထားရတဲ့ ရိုးသားစစ်မှန်တဲ့ငွေကို တော်လှန်ရေးအတွက် ဆက်တိုက်လှူဒါန်းပေးလာတဲ့သူ။

ကိုယ် ခရီးသွားရင်း ဒီအစ်ကိုနဲ့ ဆုံခဲ့ဖူးတယ်။ သူလှူဒါန်းပေးနေတဲ့ ငွေကြေးတွေက ကားအကောင်းစားကြီးတစ်စီးမက အေးဆေးဝယ်လို့ရပေမယ့် သာမန်ကားလေးစီးပြီး ရသမျှ ရှာသမျှငွေကို တော်လှန်ရေးအတွက် ပံ့ပို့ပေးနေတဲ့သူ။

လေလံအပြိုင်ပေးနေတဲ့ အစ်မနှစ်ယောက်ဆိုရင်လည်း ပြည်ပမှာ ရုန်းကန်ရှာဖွေထားတဲ့ စစ်မှန်ရိုးသားတဲ့ငွေတွေကို အနှမျောမရှိ တဒိန်းဒိန်းလိုက်ပေးနေကြတာ။ နောက်ဆုံးမိနစ်မှာ နှလုံးသားက ခုန်ထွက်တော့မယ့်အတိုင်းပဲ။

ဂုဏ်ယူတယ်။ ကမ္ဘာ့စျေးအကြီးဆုံးUkulele ဂစ်တာအဖြစ် မှတ်တမ်းဝင်နိုင်တော့မယ့် လေလံပွဲကို ပါဝင်ကူညီနိုင်တာ ဂုဏ်ယူတယ်။

ဘယ်ရေပေါ်ဆီသူခိုးအသိုင်းအဝိုင်းမှ မပါဘဲ ဒီမိုကရေစီလိုလားတဲ့ စစ်မှန်တဲ့ပြည်သူတွေဆီက မေတ္တာအင်အားနဲ့ ကမ္ဘာ့စံချိန်ကို ရောက်နိုင်ခဲ့တာ ဂုဏ်ယူတယ်။

ဒီလောက် ဒီမိုကရေစီကို လိုလားနေတဲ့ပြည်သူဟာ ဒီမိုကရေစီကို ထိုက်ထိုက်တန်တန် ရကိုရမှာ။

ငါတို့နိုင်မှာ….. 💪”

Zawgyi

ဘဝမွာ ဂုဏ္ယူဝင့္ႂကြားစရာ ေနာက္ထပ္တစ္ခုကို လုပ္နိုင္လိုက္ၿပီလို႔ ဆိုလာတဲ့ ပန္ဆယ္လို

“ဘဝမွာ ဂုဏ္ယူဝင့္ႂကြားစရာ ေနာက္ထပ္တစ္ခုကို လုပ္နိုင္လိုက္ၿပီ ဆိုပါေတာ့။

ေလလံၾကမ္းခင္းေစ်း $1000 ကို မဝံ့မရဲျဖစ္ေနလို႔ ဇြတ္အတင္းေျပာရတဲ့ ကိုက်ားကေတာ့ သူ႕ရဲ႕ကမၻာ့ေစ်းအျမင့္ဆုံး Ukulele ေတာ္လွန္ဂစ္တာေလးအတြက္ ဘယ္ေလာက္ ဂုဏ္ယူေနလိုက္မလဲ။

ေလလံေအာင္သြားတဲ့ပုဂၢိုလ္ဆိုတာကလည္း ဒီပိုက္ဆံေလာက္ကို ဘတ္ခနဲ လြယ္လြယ္ေပးနိုင္တဲ့ ေရေပၚဆီအသိုင္းအဝိုင္းက မဟုတ္။ ျပည္ပမွာ ခက္ခက္ခဲခဲရွာေဖြထားရတဲ့ ရိုးသားစစ္မွန္တဲ့ေငြကို ေတာ္လွန္ေရးအတြက္ ဆက္တိုက္လႉဒါန္းေပးလာတဲ့သူ။

ကိုယ္ ခရီးသြားရင္း ဒီအစ္ကိုနဲ႕ ဆုံခဲ့ဖူးတယ္။ သူလႉဒါန္းေပးေနတဲ့ ေငြေၾကးေတြက ကားအေကာင္းစားႀကီးတစ္စီးမက ေအးေဆးဝယ္လို႔ရေပမယ့္ သာမန္ကားေလးစီးၿပီး ရသမွ် ရွာသမွ်ေငြကို ေတာ္လွန္ေရးအတြက္ ပံ့ပို႔ေပးေနတဲ့သူ။

ေလလံအၿပိဳင္ေပးေနတဲ့ အစ္မႏွစ္ေယာက္ဆိုရင္လည္း ျပည္ပမွာ ႐ုန္းကန္ရွာေဖြထားတဲ့ စစ္မွန္ရိုးသားတဲ့ေငြေတြကို အႏွေမ်ာမရွိ တဒိန္းဒိန္းလိုက္ေပးေနၾကတာ။ ေနာက္ဆုံးမိနစ္မွာ ႏွလုံးသားက ခုန္ထြက္ေတာ့မယ့္အတိုင္းပဲ။

ဂုဏ္ယူတယ္။ ကမၻာ့ေစ်းအႀကီးဆုံးUkulele ဂစ္တာအျဖစ္ မွတ္တမ္းဝင္နိုင္ေတာ့မယ့္ ေလလံပြဲကို ပါဝင္ကူညီနိုင္တာ ဂုဏ္ယူတယ္။

ဘယ္ေရေပၚဆီသူခိုးအသိုင္းအဝိုင္းမွ မပါဘဲ ဒီမိုကေရစီလိုလားတဲ့ စစ္မွန္တဲ့ျပည္သူေတြဆီက ေမတၱာအင္အားနဲ႕ ကမၻာ့စံခ်ိန္ကို ေရာက္နိုင္ခဲ့တာ ဂုဏ္ယူတယ္။

ဒီေလာက္ ဒီမိုကေရစီကို လိုလားေနတဲ့ျပည္သူဟာ ဒီမိုကေရစီကို ထိုက္ထိုက္တန္တန္ ရကိုရမွာ။

ငါတို႔နိုင္မွာ..

About the author

admin

Add Comment

Click here to post a comment