Local News

ဘီးလင်းနယ်ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ပြန်လာသော အောင်ပွဲရတပ်ဖွဲ့များကို ဒေသခံများပန်းကုံးဖြင့် ကြိုဆို

ဘီးလင်းနယ်ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ပြန်လာသော အောင်ပွဲရတပ်ဖွဲ့များကို ဒေသခံများပန်းကုံးဖြင့် ကြိုဆို

သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အောင်ပွဲဖြင့်ပြန်လာသောတပ်ဖွဲ့များကို ဒေသခံပြည်သူများက ပန်းကုံးများဖြင့် ကြိုဆိုခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေရှိ အဆိုပါတပ်စခန်းကို ဒီဇင်ဘာ ၁၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNUက ယနေ့ သတင်းထုတ်ပြန်ထားသည်။

ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF-၁၀၁၃ တပ်စခန်းအား ဒီဇင်ဘာ ၁၇ ရက် နံနက် ၆နာရီတွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ည၉နာရီခွဲတွင် တပ်စခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

KNUဗဟို၏ ထုတ်ပြန်ချက်တွင် ယခုစခန်းသိမ်းတိုက်ပွဲတွင် BGFဖက်မှ စခန်းမှူးအပါအဝင် လေးဦးထိခိုက် ဒဏ်ရာရခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးကျဆုံး သုံးဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ကြသောင်းဆိပ်-BGFစခန်းကို ကူပစ်ပေးသည့်အနေဖြင့် ကတိုင်ဒိ BGFစခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကျေးရွာအတွင်းရှိ လူနေအိမ်များ ပျက်စီးခဲ့ကြောင်း၊ BGF စခန်းအားသိမ်းယူပြီးသည်နှင့် တစ်ပြိုင်နက် စခန်းအတွင်းရှိ ကျန်ရှိနေသေးသော ပစ္စည်းများ၊ တဲအိမ်များကို မီးရှို့ရှင်းလင်းခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ဓာတ်ပုံ – KIC
People’sSpring

Zawgyi

ဘီးလင္းနယ္႐ွိ စစ္ေကာင္စီတပ္စခန္း သိမ္းပိုက္ျပန္လာေသာ ေအာင္ပြဲရတပ္ဖြဲ႕မ်ားကို ေဒသခံမ်ားပန္းကုံးျဖင့္ ႀကိဳဆို

သထုံခ႐ိုင္ ဘီးလင္းၿမိဳ႕နယ္ ၾကေသာင္းဆိပ္ေက်း႐ြာ႐ွိ စစ္ေကာင္စီလက္ေအာက္ခံတပ္စခန္းတစ္ခုကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA)ႏွင့္

ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕(PDF) ပူးေပါင္းအဖြဲ႕က တိုက္ခိုက္သိမ္းပိုက္ၿပီးေနာက္ ေအာင္ပြဲျဖင့္ျပန္လာေသာတပ္ဖြဲ႕မ်ားကို ေဒသခံျပည္သူမ်ားက ပန္းကုံးမ်ားျဖင့္ ႀကိဳဆိုခဲ့ၾကသည္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU/KNLA) တပ္မဟာ (၁)နယ္ေျမ႐ွိ အဆိုပါတပ္စခန္းကို ဒီဇင္ဘာ ၁၇ရက္တြင္ တိုက္ခိုက္သိမ္းပိုက္ခဲ့ေၾကာင္း KNUက ယေန႔ သတင္းထုတ္ျပန္ထားသည္။

ၾကေသာင္းဆိပ္ေက်း႐ြာ႐ွိ စစ္ေကာင္စီလက္ေအာက္ခံ ကရင္နယ္ျခားေစာင့္တပ္ BGF-၁၀၁၃ တပ္စခန္းအား ဒီဇင္ဘာ ၁၇ ရက္ နံနက္ ၆နာရီတြင္ စတင္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ရာ ည၉နာရီခြဲတြင္ တပ္စခန္းကို သိမ္းယူႏိုင္ခဲ့ျခင္းျဖစ္သည္။

KNUဗဟို၏ ထုတ္ျပန္ခ်က္တြင္ ယခုစခန္းသိမ္းတိုက္ပြဲတြင္ BGFဖက္မွ စခန္းမႉးအပါအဝင္ ေလးဦးထိခိုက္ ဒဏ္ရာရခဲ့ၿပီး KNLA ပူးေပါင္းတပ္ဖြဲ႕မွ တစ္ဦးက်ဆုံး သုံးဦးဒဏ္ရာရခဲ့သည္ဟု ေဖာ္ျပထားသည္။

ၾကေသာင္းဆိပ္-BGFစခန္းကို ကူပစ္ေပးသည့္အေနျဖင့္ ကတိုင္ဒိ BGFစခန္းမွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့၍ ေက်း႐ြာအတြင္း႐ွိ လူေနအိမ္မ်ား ပ်က္စီးခဲ့ေၾကာင္း၊ BGF စခန္းအားသိမ္းယူၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ စခန္းအတြင္း႐ွိ က်န္႐ွိေနေသးေသာ ပစၥည္းမ်ား၊ တဲအိမ္မ်ားကို မီး႐ိႈ႕႐ွင္းလင္းခဲ့ေၾကာင္း KNUက ထုတ္ျပန္သည္။

ဓာတ္ပုံ – KIC
People’sSpring

Recent Comments

No comments to show.