မကွေးရဲစခန်း ဗီဒီယိုပေါက်ကြားမှု့ ဗီဒီယိုဖိုင် ရိုက်ကူးတဲ့သူကို စစ်တပ်ထောက်ခံသူတွေက…see more

မကွေးရဲစခန်း ဗီဒီယိုပေါက်ကြားမှု့ ဗီဒီယိုဖိုင် ရိုက်ကူးတဲ့သူကို စစ်တပ်ထောက်ခံသူတွေက…see more

မကွေးမြို့၊ မြို့ပတ်လမ်းနဲ့​ တောင်တွင်းလမ်းထောင့် ဆုံမကျည်းအဝိုင်းထိပ်မှာရှိတဲ့ အမှတ် ၂ ရဲစခန်းမှာ မေလ ၃၁ ရက်နေ့ကစစ်ကောင်စီမကွေးလေတပ် စစ်သားနဲ့ အမှတ် ၂ ရဲစခန်းမှူး ရန်ဖြစ်တဲ့ ၊

ဗီဒီယိုဖိုင်ကို ဇွန်လ ၁ ရက်နေ့ မနေ့က လူမှုကွန်ရက်မှာ ပေါက်ကြားပျံ့နှံ့လာတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်အများအပြား စစ်ဆေးခံနေရတယ်လို့ မကွေးရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရှိရပါသည်။

အဲ့ဒီဗီဒီယိုကို ရဲတပ်ဖွဲ့ဝင်တဦးက ဖြစ်စဥ်ရဲ့မှတ်တမ်း အထောက်အထားအနေနဲ့ ရိုက်ကူးထားခဲ့တာဖြစ်ပြီး အထက်ရုံးတွေကို အဲဒီဗီဒီယိုဖိုင်ကိုပေးပို့ တင်ပြရာကနေ ပေါက်ကြားပျံ့နှံ့ခြင်းဖြစ်တယ်လို့ ဆိုပါသည်။

ဗီဒီယိုဖိုင်ပေါက်ကြားတာနဲ့ပတ်သက်ပြီး အမှတ် ၂ မကွေးမြို့မရဲစခန်းကတဆင့် တင်ပြခဲ့တဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းရဲတပ်ဖွဲ့များမှ အဆိုပါဗီဒီယိုဖိုင်နဲ့ ဆက်စပ်သူရဲတပ်ဖွဲ့ဝင်အရာရှိတွေ အစစ်ဆေးခံနေရတာလို့ သိရပါသည်။

“အမှတ် ၂ က မကွေးမြို့မစခန်းဘဲ။ အဲ့ဒီဖိုင်ကိုရိုက်တာက ဒုရဲအုပ်တယောက်လို့သိရတယ်။ သူကတော့ ဒီဖိုင်ကို ဖရဲသီးလုပ်ဖို့ ရိုက်တာမဟုတ်ဘူး။

စစ်တပ်နဲ့ ဖြစ်တာဆိုတော့ စုံစမ်းစစ်ဆေးရေးခုံရုံး(စုံ/ခုံ)တွေ ဘာတွေဖွဲ့ရမယ်ဆိုရင် သူတို့ရဲတွေဘက်ကိုလှည့်လာရင် သူတို့မမှားပါဘူး။

တပ်ကစထိုးကြိတ်တာဆိုတာမျိုး တင်ပြဖို့မှတ်တမ်းတင်ထားတဲ့သဘော။ အဲ့ဒီကနေ အဆင့်ဆင့်အဲ့ဒီဖိုင်ကို ပို့ပြီး တင်ပြတာကနေကြားထဲက အပြင်ကိုပေါက်ကြားတာလို့ သိရတယ်။ Privacy ပေါက်တဲ့ပုံစံမျိုးပေါ့။

အဲ့တာကြောင့် အဲ့ဒီဗီဒီယိုဖိုင်နဲ့ဆက်စပ်တဲ့ မြို့နယ်ရုံးတို့ ခရိုင်တို့ တိုင်းရုံးတို့ကရဲတွေပါ အစစ်ခံနေရတယ်လို့သိရတယ်” လို့ မကွေးရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ အမည်မဖော်လိုသူက ပြောပါသည်။

အဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့အကြားဝေဖန်မှုတွေမြင့်တက်နေပြီး မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ –

စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းကို ဗီဒီယိုဖိုင် ရိုက်ကူးတဲ့သူကို ဖော်ထုတ်အရေးယူဆောင်ရွက်ပေးဖို့ စစ်တပ်ထောက်ခံသူတွေက တိုက်တွန်းထားပါသည်။

ပြီးခဲ့တဲ့ ဧပြီလထဲကဘဲ မကွေးတိုင်းစစ်ကောင်စီအစည်းအဝေးမှာပြောကြားခဲ့တဲ့ အစည်းအဝေးမှတ်တမ်း အသံဖိုင်ကို ရန်ကုန်ခေတ်သစ်မီဒီယာကိုပေးပို့ခဲ့လို့ဆိုပြီး မကွေးစစ်ကောင်စီအတွင်းရေးမှူးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ သိရပါသည်။

Leave a Reply

Your email address will not be published.