Local News

မင်းကင်းတွင် စစ်တပ်က ကျေးရွာ ၃ ရွာကို မီးရှို့ပြီး မိုင်းများထောင်ထားခဲ့၊ ပြည်သူ ၂ ဦး မိုင်းထိ၍ ခြေလက်ပြတ် (ရုပ်/သံ)

မင်းကင်းတွင် စစ်တပ်က ကျေးရွာ ၃ ရွာကို မီးရှို့ပြီး မိုင်းများထောင်ထားခဲ့၊ ပြည်သူ ၂ ဦး မိုင်းထိ၍ ခြေလက်ပြတ် (ရုပ်/သံ အေက်တွင်ပါဝင်သည်)

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၃ ရွာကို မီးရှို့ပြီး မိုင်းများထောင်ထားခဲ့ရာ ယင်းမိုင်းများ ထိမှန်၍ ပြည်သူ ၂ ဦး ခြေလက်ပြတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများတွင် အထိနာခဲ့‌သော အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၄ ရက် နံနက်ပိုင်းမှ စတင်ကာ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ ထုံးကြီး၊ သစ်ခေါင်းတီး၊ ဝင်ဝကျေးရွာများတွင်းဝင်ရောက်ကာ

အများပြည်သူနေအိမ်များကို မီးတင်ရှို့နေကြပြီး အနီးဝန်းကျင်တွင် မြေမြှုပ်မိုင်းများထောင်ထားခဲ့တာကြောင့် မီးငြှိမ်းသတ်ရန်သွားသော ပြည်သူ ၂ ဦး ခြေထောက်နှင့် လက် ပြတ်သွားကြောင်း သတင်းရရှိသည်။

“ထုံးကြီးမှာ နေအိမ် ၆ လုံး၊ သစ်ခေါင်းတီးမှာ နေအိမ် ၅ လုံး၊ ဝင်ဝရွာမှာ နေအိမ် ၁ လုံးကို စစ်သားတွေက မီးရှို့သွားတယ်။ ကျပ်ငွေတန်ဖိုးသိန်း၂၀၀၀ ကျော် ပါသွားတယ်၊ မီးရှို့ပြီး မိုင်းတွေထောင်ထားခဲ့ပါတယ်၊

မီးသွားငြိမ်းသော ပြည်သူ ၁ ဦးမိုင်ထိပြီး ခြေထောက်ပြတ်သွားတယ်၊ သစ်ခေါင်းတီး ပြည်သူ ၁ ဦး က လက်တစ်ဖက် ပြတ်သွားပါတယ်၊ တောင်တွင်းဒေသ အာရှပတ်လမ်းတလျှောက် က ရွာတွေကို မီးဝင်ရှို့နေကြတာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နှင့် ၁၀ ရက်တွင် အဆိုပါဒေသ၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ ၆၀ ဝန်းကျင်သေဆုံးပြီး အထိနာခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

“ဒီကောင်တွေက ဒီမနက် ၁၀ နာရီလောက်က စပြီး ရွာတွေကို မီးရှို့နေတာ၊ ပြီးခဲ့တဲ့ တိုက်ပွဲ ၂ ပွဲမှာ သူတို့ အတော်အထိနာသွားလို့ ရွာတွေကို မီးရှို့နေတာ၊ ဒီနေ့က တိုက်ပွဲ မဖြစ်ဘူး။

စစ်ခွေးတွေက အခုထိ မီးရှို့နေတုန်းပဲ” ဟု တောင်တွင်း PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက သစ်ခေါင်းတီးကားလမ်းတလျှောက် ရွာများကို ဝင်ရောက်မီးရှို့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို စာရင်းလိုက်ကောက်နေကြောင်း တောင်တွင်း PDF ထံမှ သိရှိရသည်။

Zawgyi

မင္းကင္းတြင္ စစ္တပ္က ေက်း႐ြာ ၃ ႐ြာကို မီး႐ိႈ႕ၿပီး မိုင္းမ်ားေထာင္ထားခဲ့၊ ျပည္သူ ၂ ဦး မိုင္းထိ၍ ေျခလက္ျပတ္ (႐ုပ္/သံ ေအက္တြင္ပါဝင္သည္)

ရန္ကုန္၊ ဒီဇင္ဘာ ၁၄

စစ္ကိုင္းတိုင္း၊ မင္းကင္းၿမိဳ႕နယ္တြင္ စစ္တပ္က ေက်း႐ြာ ၃ ႐ြာကို မီး႐ိႈ႕ၿပီး မိုင္းမ်ားေထာင္ထားခဲ့ရာ ယင္းမိုင္းမ်ား ထိမွန္၍ ျပည္သူ ၂ ဦး ေျခလက္ျပတ္သြားေၾကာင္း ေဒသခံမ်ားထံမွ သိ႐ွိရသည္။

ေဒသခံ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ တိုက္ပြဲမ်ားတြင္ အထိနာခဲ့‌ေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္သည္ ဒီဇင္ဘာလ ၁၄ ရက္ နံနက္ပိုင္းမွ စတင္ကာ မင္းကင္းၿမိဳ႕နယ္၊ ေတာင္တြင္းေဒသ႐ွိ ထုံးႀကီး၊ သစ္ေခါင္းတီး၊ ဝင္ဝေက်း႐ြာမ်ားတြင္းဝင္ေရာက္ကာ

အမ်ားျပည္သူေနအိမ္မ်ားကို မီးတင္႐ိႈ႕ေနၾကၿပီး အနီးဝန္းက်င္တြင္ ေျမျမႇဳပ္မိုင္းမ်ားေထာင္ထားခဲ့တာေၾကာင့္ မီးၿငႇိမ္းသတ္ရန္သြားေသာ ျပည္သူ ၂ ဦး ေျခေထာက္ႏွင့္ လက္ ျပတ္သြားေၾကာင္း သတင္းရ႐ွိသည္။

“ထုံးႀကီးမွာ ေနအိမ္ ၆ လုံး၊ သစ္ေခါင္းတီးမွာ ေနအိမ္ ၅ လုံး၊ ဝင္ဝ႐ြာမွာ ေနအိမ္ ၁ လုံးကို စစ္သားေတြက မီး႐ိႈ႕သြားတယ္။ က်ပ္ေငြတန္ဖိုးသိန္း၂၀၀၀ ေက်ာ္ ပါသြားတယ္၊ မီး႐ိႈ႕ၿပီး မိုင္းေတြေထာင္ထားခဲ့ပါတယ္၊

မီးသြားၿငိမ္းေသာ ျပည္သူ ၁ ဦးမိုင္ထိၿပီး ေျခေထာက္ျပတ္သြားတယ္၊ သစ္ေခါင္းတီး ျပည္သူ ၁ ဦး က လက္တစ္ဖက္ ျပတ္သြားပါတယ္၊ ေတာင္တြင္းေဒသ အာ႐ွပတ္လမ္းတေလွ်ာက္ က ႐ြာေတြကို မီးဝင္႐ိႈ႕ေနၾကတာ” ဟု ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

ဒီဇင္ဘာလ ၉ ရက္ႏွင့္ ၁၀ ရက္တြင္ အဆိုပါေဒသ၌ အၾကမ္းဖက္စစ္ေကာင္စီတပ္ကို ေတာင္တြင္းျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ႏွင့္ ကနီျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မ်ားက မိုင္းဆြဲတိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲမ်ားျဖစ္ပြားခဲ့ကာ စစ္ေကာင္စီတပ္မွ ၆၀ ဝန္းက်င္ေသဆုံးၿပီး အထိနာခဲ့သည္ဟု ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားထံမွ သိ႐ွိရသည္။

“ဒီေကာင္ေတြက ဒီမနက္ ၁၀ နာရီေလာက္က စၿပီး ႐ြာေတြကို မီး႐ိႈ႕ေနတာ၊ ၿပီးခဲ့တဲ့ တိုက္ပြဲ ၂ ပြဲမွာ သူတို႔ အေတာ္အထိနာသြားလို႔ ႐ြာေတြကို မီး႐ိႈ႕ေနတာ၊ ဒီေန႔က တိုက္ပြဲ မျဖစ္ဘူး။

စစ္ေခြးေတြက အခုထိ မီး႐ိႈ႕ေနတုန္းပဲ” ဟု ေတာင္တြင္း PDF မွ တာဝန္႐ွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ အတည္ျပဳေျပာဆိုသည္။

အၾကမ္းဖက္စစ္ေကာင္စီက သစ္ေခါင္းတီးကားလမ္းတေလွ်ာက္ ႐ြာမ်ားကို ဝင္ေရာက္မီး႐ိႈ႕မႈေၾကာင့္ ပ်က္စီးဆုံး႐ႈံးမႈမ်ားကို စာရင္းလိုက္ေကာက္ေနေၾကာင္း ေတာင္တြင္း PDF ထံမွ သိ႐ွိရသည္။

About the author

admin

Add Comment

Click here to post a comment