Uncategorized

မင်းတပ်မီးအိမ်ရှင်မလေး(သို့မဟုတ်) ဒေါက်တာအငြိမ်း

မင်းတပ်မီးအိမ်ရှင်မလေး(သို့မဟုတ်) ဒေါက်တာအငြိမ်း

ခြေထောက်တစ်ဖက်တွင် ဘောငြးဘီကိုူးအထိ မ ,တင်ပြီး ကျန်တစ်ဖက်ကို ခြေမျက်စိအထိ (ဘောင်းဘီ)ချကာ ရှူးဝါးဖိနပ်အစုတ်စီးတဲ့ မျက်မှန်နဲ့လူတစ်ယောက်ကို လူအများက တလေးတစားဆက်ဆံနေတာ ခင်ဗျားမြင်ခဲ့မယ်ဆိုရင်

အဲ့လူဟာ ကျတော်တို့ မင်းတပ်မြို့ရဲ့ မီးအိမ်ရှင်မလေး ( သို့မဟုတ်)ဒေါက်တာအငြိမ်း သာဖြစ်ပါလိမ့်မယ်။

သူ့ရဲ့ပုံစံကို ဆယ်တန်းဖတ်စာမှာသင်ရတဲ့ ရေသည်မိန်းမဝတ်စားပုံနှင့်ခိုင်းနှိုင်းမယ်ဆိုရင် ရိုင်းရာကျပေမယ့် ပိုပြီးထင်သာမြင်သာ ရှိစေမှာတော့အမှန်ပါဘဲ။

အငြိမ်း မှန်းကြိုတင်မသိခဲ့ရင် သူ့ကိုစတွေ့တွေ့ချင်း ခင်ဗျားလေးစားမိမယ်လို့ကျတော်မထင်ဘူး။ ကျတော်ကိုယ်တိုင်လည်း သူ့ကိုစတွေ့တွေ့ချင်း ဘယ်ကမှန်းမသိတဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်နေတတ်တဲ့မိန်းကလေးတစ်ယောက်အဖြစ်သာ သတိထားမိတာ..။

ကျတော်မှမဟုတ်ဘူး အထက်လူကြီးတွေကလည်း သူ့ရဲ့ ” ခင်ဗျားတို့ကို ကျွန်မပိုက်ဆံသိန်းတစ်ထောင် လှူမယ် ဆိုတဲ့ တွေ့တွေ့ချင်းပြောတဲ့စကားကို မယုံကြည်ခဲ့ကြဘူး။

ကိုယောမာန်ရဲ့ မှတ်ချက်ကိုပြန်လည်မျှဝေရရင် “သူရှိနေလို့ ငါတို့အခုထိ ခရီးပေါက်နိုင်တာ ဆေးပစ္စည်းကအစ ပိုက်ဆံအဆုံး သူရှိလို့တော်သေးတယ် သူဟာငါတို့အတွက်ဘုရားပေးတဲ့လက်ဆောင်ဘဲ တဲ့။

ဘုရားသခင်ဟာ သခင်ယေရှရဲ့ အသက်ကိုပေးပြီးကျတော်တို့လူသားတွေကို ရွေးနှုတ်ကယ်တင်ခဲ့တယ်။

အခုလည်း မင်းတပ်မြို့ရဲ့ ဒုကျခအလီလိီကို ဖြေရှင်းပေးမယ့် ဒေါက်တာအငြိမ်းတို့ဇနီးမောင်နှံကို လက်ဆောင်ပေးပြန်တယ်။

ဟုတ်တယ်……သူတို့ဟာမင်းတပ်မြို့အတွက်ဘုရား သခင်ပေးတဲ့လက်ဆောင်ဘဲ။ရှေ့တန်းကပြန်လာတဲ့ရဲဘော်တွေကို နွေးနွေးထွေးထွေးကြိုဆိုပြီးမုန့်ဖိုးတွေပေးတယ်။

ဒဏ်ရာရလာတဲ့သူကို သူကိုယ်တိုင်ဆေးကုပေးတယ်။ပြည်သူတွေကို ဆေးတွေလိုက်လံဝေငှပေးတယ်။

ဒါတင်ဘဲလား မဟုတ်ပြန်ဘူး CDM ဝင်တဲ့ဝန်ထမ်းသုံးထောင်ကျော်ကို တစ်ယောက်ချင်းစီဖုန်းခေါ်ပြီး ထောက်ပံ့ကြေး ပေးတယ်။

အဲ့လိုအလုပ်ရှုပ်နေတဲ့သူ့ကိုကြည့်ပြီး “ဒေါက်တာရယ်..ဆရာမစိမ်းပါယ်တို့ ဆရာမအောင်လိုင်းတို့ မဘေဘီ တို့ကိုအကူအညီတောင်းလို့ရပါတယ် ဒါတွေကိုကအစ လုပ်ပေးစရာမလိုပါဘူးဗျာ ဆိုတော့

သူက ကျတော့်ကိုကြည့်ပြီး “ငါပင်ပန်းနေရင် သူတို့ရဲ့အသံတွေက ငါ့ကိုအေးမြစေတယ် ဆရာမတွေကိုလည်း အကူအညီတောင်းထားပါတယ် တဲ့။

အခုတလောဆို သူ့ရဲ့ဆရာမတွေအတွက်ဆိုပြီ စားစရာတွေရောက်ရောက်လာတတ်တယ် ကျတော်ကဆရာမတွေဘေးမှာနေရတော့ “ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ် ဆိုပါတော့။

သူ့ရဲ့စေတနာမေတ္တာတွေကို ကြံဖန်ပြီးဖြည့်စွတ်ပြောတယ်မထင်ပါနဲ့သူ့အကြောင်းသေသေချာချာလေ့လာကြည့်ပါကျတော်ရေးတာ လိုနေသေးကြောင်း
တွေ့ရပါလိမ့်မယ်။

ကျတော်တို့ကလည်း ကျတော်တို့ပါဘဲလေ..အလကားကူညီတာကိုတောင် ဝေဖန်ဖို့လောက်ဘဲချောင်းနေကြတယ်။ ကူညီမယ်လို့တော့ မတွေးတတ်ကြဘူး။

ဘုရားပေးတဲ့လက်ဆောင်ကို တန်ဖိုးမထားခြင်းဟာ ဘုရားသခင်ကိုအထိရောက်ဆုံးစော်ကားခြင်းပါဘဲ။

ဒါကြောင့် ဝေဖန်ဖို့ထက် ကူညီဖေးမ တန်ဖိုးထားကြဖို့ တိုက်တွန်းရင်း……။

ခေါဘန်လိန်း (ပူကွန်း)
13.9.2021…