Local News

မင်းတပ် CDFက တိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦး​သေ

မင်းတပ် CDFက တိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦး​သေ

ချင်းပြည်နယ် မင်းတပ်မြို့တွင် မင်းတပ် CDF၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကြောင်း မင်းတပ်မြို့နယ် ပ.အ.ဖ (သတင်းအဖွဲ့)က ယနေ့ (ဒီဇင်ဘာ ၂၅)တွင် ထုတ်ပြန်သည်။

မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်၌ စခန်းချနေသည့် စစ်ကောင်စီတပ်ကို CDF က ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦး နှင့် ရဲတပ်သားတစ်ဦး သေဆုံးသည့်အပြင် MA 3 သေနတ်တစ်လက် နှင့် G3 သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ ခြင်းဖြစ်သည်။

တိုက်ခိုက်မှုတွင် မင်းတပ် CDFက အထိအခိုက်မရှိ ပြန်ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းကလည်း မင်းတပ်မြို့ ပလိပ်ထွီရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပေါင်းစုံဖြင့် တိုက်ပွဲပြင်းထန်ခဲ့ သော်လည်း စစ်ကောင်စီတပ်သားသေဆုံးမှုကို အတည်မပြုနိုင်သေးပေ။

အကြမ်းဖက်စစ်ကောင်စီသည် ဒီဇင်ဘာ ၁၇ ရက်က စ၍ မင်းတပ်မြို့ ရှိ ကျေးရွာအချို့ကို အင်အား ၇၀ မှ၁၀၀ ကြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲခဲ့ပြီးနောက် တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည်။

မင်းတပ် CDFနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် သြဂုတ်အတွင်းက နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီက ဘုရားစခန်းရွာအနီးသို့လည်း တစ်ကျော့ပြန် နယ်ကျွံလာနေသည်။ စစ်ကောင်စီကို မောင်းထုတ်ရေးအတွက် ယခင်ကထက် စွမ်းဆောင်ရည်ကောင်းသည့် တိုက်ခိုက်ရေးပုံစံဖြင့် စစ်ကောင်စီအား တုန့်ပြန်မည်ဟု မင်းတပ်CDF က သတိပေးထားသည်။

People’sSpring

Zawgyi

မင္းတပ္ CDFက တိုက္ခိုက္ရာ စစ္​ေကာင္စီတပ္မွ ဗိုလ္ႀကီးတစ္ဦးအပါအဝင္ ႏွစ္ဦး​ေသ

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕တြင္ မင္းတပ္ CDF၏ တိုက္ခိုက္မႈေၾကာင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ ဗိုလ္ႀကီးတစ္ဦးအပါအဝင္ ႏွစ္ဦးေသဆုံးေၾကာင္း မင္းတပ္ၿမိဳ႕နယ္ ပ.အ.ဖ (သတင္းအဖြဲ႕)က ယေန႔ (ဒီဇင္ဘာ ၂၅)တြင္ ထုတ္ျပန္သည္။

မင္းတပ္ၿမိဳ႕ အေ႐ွ႕ျပင္ရပ္ကြက္၌ စခန္းခ်ေနသည့္ စစ္ေကာင္စီတပ္ကို CDF က ဒီဇင္ဘာ ၂၄ ရက္ ညေနပိုင္းတြင္ ခ်ံဳခိုတိုက္ခိုက္ခဲ့ရာ ဗိုလ္ႀကီးတစ္ဦး ႏွင့္ ရဲတပ္သားတစ္ဦး ေသဆုံးသည့္အျပင္ MA 3 ေသနတ္တစ္လက္ ႏွင့္ G3 ေသနတ္တစ္လက္ သိမ္းဆည္းရမိခဲ့ ျခင္းျဖစ္သည္။

တိုက္ခိုက္မႈတြင္ မင္းတပ္ CDFက အထိအခိုက္မ႐ွိ ျပန္ဆုတ္ခြာလာခဲ့ေၾကာင္း သိရသည္။

ယမန္ေန႔ ညေနပိုင္းကလည္း မင္းတပ္ၿမိဳ႕ ပလိပ္ထြီ႐ြာတြင္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး လက္နက္ႀကီး၊ လက္နက္ငယ္ေပါင္းစုံျဖင့္ တိုက္ပြဲျပင္းထန္ခဲ့ ေသာ္လည္း စစ္ေကာင္စီတပ္သားေသဆုံးမႈကို အတည္မျပဳႏိုင္ေသးေပ။

အၾကမ္းဖက္စစ္ေကာင္စီသည္ ဒီဇင္ဘာ ၁၇ ရက္က စ၍ မင္းတပ္ၿမိဳ႕ ႐ွိ ေက်း႐ြာအခ်ိဳ႕ကို အင္အား ၇၀ မွ၁၀၀ ၾကားျဖင့္ စစ္ေၾကာင္းထိုးဝင္ေရာက္တပ္စြဲခဲ့ၿပီးေနာက္ တိုက္ပြဲမ်ား ျပန္လည္စတင္ခဲ့သည္။

မင္းတပ္ CDFႏွင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္သည္ ၿပီးခဲ့သည့္ ၾသဂုတ္အတြင္းက ေနာက္ဆုံးတိုက္ပြဲျဖစ္ခဲ့သည္။

ထို႔အျပင္ စစ္ေကာင္စီက ဘုရားစခန္း႐ြာအနီးသို႔လည္း တစ္ေက်ာ့ျပန္ နယ္ကြၽံလာေနသည္။ စစ္ေကာင္စီကို ေမာင္းထုတ္ေရးအတြက္ ယခင္ကထက္ စြမ္းေဆာင္ရည္ေကာင္းသည့္ တိုက္ခိုက္ေရးပုံစံျဖင့္ စစ္ေကာင္စီအား တုန္႔ျပန္မည္ဟု မင္းတပ္CDF က သတိေပးထားသည္။

People’sSpring

About the author

admin

Add Comment

Click here to post a comment