Local News

မင်းအောင်လှိုင်ကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ MAP က နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ တိုင်ကြား

မင်းအောင်လှိုင်ကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ MAP က နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ တိုင်ကြား

—People’s Spring

မြန်မာစစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သောရာဇဝတ်မှုများဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ မြန်မာတာဝန်ခံမှုရှိစေရေးအဖွဲ့(MAP)က တိုင်ကြားလိုက်သည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ MAP သည် ရောမသဘောတူစာချုပ်(Rome Statute)၏ ပုဒ်မ ၁၅ ရက်အရ မြန်မာနိုင်ငံတွင် ဆန္ဒပြလှုပ်ရှားမှုများကို အကြမ်းဖက်ဖြိုခွဲခြင်း အစိတ်အပိုင်းအဖြစ် ညှင်းပန်းနှိပ်စက်ခဲ့မှုများကို စုံစမ်းစစ်ဆေးမှုစတင်ရန် တောင်းဆိုခဲ့သည်။

MAP ၏ တင်ပြချက်မှာ ၂၀၂၁ ဖေဖော်ဝါရီတွင် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းချိန်ကစ၍ မြန်မာနိုင်ငံတွင် ကျယ်ပြန့်ပြီး စနစ်တကျကျူးလွန်သည့် ညှင်းပန်းနှိပ်စက်မှုများကိုလည်း သက်သေများနှင့်အတူ ဖော်ပြထားသည်။

၂၀၁၈ တွင် ကုလသမဂ္ဂက ဖွဲ့စည်းပေးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေး ရေးယန္တရား(IIMM)၏ မကြာသေးမီ တွေ့ရှိချက်က ယခုစွပ်စွဲမှုများကို အထောက်အပံ့ဖြစ်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့တင်သွင်းသည့် IIMM ၏ တတိယနှစ်လည်အစီရင်ခံစာတွင် မြန်မာစစ်တပ်၏ လူသတ်မှု၊ နှိပ်စက်ညှင်းပန်းမှု၊ ထောင်ချမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဓမ္မပျောက်ဆုံးမှုနှင့် နှိပ်စက်ညှင်းပန်းမှု အပါအဝင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ပါဝင်သည်။

တရားမဝင်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်း၏ အမိန့်ဖြင့် အစုလိုက်အပြုံလိုက်ရက်စက်ယုတ်မာသောရာဇဝတ်မှုများကျူးလွန်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိကြောင်း MAP ဒါရိုက်တာ Chris Gunness က ပြောသည်။

#People’sSpring

Zawgyi

မင္းေအာင္လိႈင္ကို လူ႕အခြင့္အေရးတက္ႂကြလႈပ္႐ွားသူမ်ားအဖြဲ႕ MAP က ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးသို႔ တိုင္ၾကား

—People’s Spring

ျမန္မာစစ္တပ္ေခါင္းေဆာင္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္ကို လူသားမ်ိဳးႏြယ္စုအေပၚက်ဴးလြန္ေသာရာဇဝတ္မႈမ်ားျဖင့္ ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး(ICC)သို႔ ျမန္မာတာဝန္ခံမႈ႐ွိေစေရးအဖြဲ႕(MAP)က တိုင္ၾကားလိုက္သည္။

လူ႕အခြင့္အေရးတက္ႂကြလႈပ္႐ွားသူမ်ားအဖြဲ႕ MAP သည္ ေရာမသေဘာတူစာခ်ဳပ္(Rome Statute)၏ ပုဒ္မ ၁၅ ရက္အရ ျမန္မာႏိုင္ငံတြင္ ဆႏၵျပလႈပ္႐ွားမႈမ်ားကို အၾကမ္းဖက္ၿဖိဳခြဲျခင္း အစိတ္အပိုင္းအျဖစ္ ညႇင္းပန္းႏွိပ္စက္ခဲ့မႈမ်ားကို စုံစမ္းစစ္ေဆးမႈစတင္ရန္ ေတာင္းဆိုခဲ့သည္။

MAP ၏ တင္ျပခ်က္မွာ ၂၀၂၁ ေဖေဖာ္ဝါရီတြင္ ဒီမိုကေရစီနည္းက်ေ႐ြးေကာက္ခံအစိုးရထံမွ အာဏာသိမ္းခ်ိန္ကစ၍ ျမန္မာႏိုင္ငံတြင္ က်ယ္ျပန္႔ၿပီး စနစ္တက်က်ဴးလြန္သည့္ ညႇင္းပန္းႏွိပ္စက္မႈမ်ားကိုလည္း သက္ေသမ်ားႏွင့္အတူ ေဖာ္ျပထားသည္။

၂၀၁၈ တြင္ ကုလသမဂၢက ဖြဲ႕စည္းေပးခဲ့သည့္ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာစုံစမ္းစစ္ေဆး ေရးယႏၲရား(IIMM)၏ မၾကာေသးမီ ေတြ႕႐ွိခ်က္က ယခုစြပ္စြဲမႈမ်ားကို အေထာက္အပံ့ျဖစ္သည္။

ကုလသမဂၢလူ႕အခြင့္အေရးေကာင္စီသို႔တင္သြင္းသည့္ IIMM ၏ တတိယႏွစ္လည္အစီရင္ခံစာတြင္ ျမန္မာစစ္တပ္၏ လူသတ္မႈ၊ ႏွိပ္စက္ညႇင္းပန္းမႈ၊ ေထာင္ခ်မႈ၊ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈ၊ အဓမၼေပ်ာက္ဆုံးမႈႏွင့္ ႏွိပ္စက္ညႇင္းပန္းမႈ အပါအဝင္ လူသားမ်ိဳးႏြယ္စုအေပၚ က်ဴးလြန္ေသာ ရာဇဝတ္မႈမ်ား ပါဝင္သည္။

တရားမဝင္အာဏာသိမ္းေခါင္းေဆာင္မင္းေအာင္လိႈင္သည္ ၎၏ အမိန္႔ျဖင့္ အစုလိုက္အျပဳံလိုက္ရက္စက္ယုတ္မာေသာရာဇဝတ္မႈမ်ားက်ဴးလြန္သည့္ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားအတြက္ ရာဇဝတ္မႈဆိုင္ရာ တာဝန္႐ွိေၾကာင္း MAP ဒါ႐ိုက္တာ Chris Gunness က ေျပာသည္။

#People’sSpring

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.