Local News

မင်းအောင်လှိုင်ခန့် ဝန်ကြီးချုပ် ၄ ဦး၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ကပစရုံး၊ စစ်ထောက်ချုပ်ရုံးတို့ကို အမေရိကန်၊ ကနေဒါနှင့်ဗြိတိန်တို့က ပိတ်ဆို့ အရေးယူ

မင်းအောင်လှိုင်ခန့် ဝန်ကြီးချုပ် ၄ ဦး၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ကပစရုံး၊ စစ်ထောက်ချုပ်ရုံးတို့ကို အမေရိကန်၊ ကနေဒါနှင့်ဗြိတိန်တို့က ပိတ်ဆို့ အရေးယူ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

မင်းအောင်လှိုင်ခန့်ထားသည့် ဝန်ကြီးချုပ် ၄ ဦး၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ကပစရုံး၊ စစ်ထောက်ချုပ်ရုံးတို့ကို အမေရိကန်၊ ကနေဒါနှင့်ဗြိတိန်တို့က ပိတ်ဆို့ အရေးယူမှု ချမှတ်လိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ခန့်ထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကရင် ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့်အရေးယူလိုက်ကြောင်း ဒီဇင်ဘာလ ၁၀ ရက်တွင် ကြေ ညာသည်။

ထို့ပြင် ကပစ – ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ စစ်မှုထမ်းဟောင်းအဖွဲ့တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူသည့် အဖွဲ့အစည်းစာရင်းမှာ ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

မြန်မာ ပြည်သူများ အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အလွဲသုံးစားပြုမှုများတွင် ပါဝင်ပတ်သက်နေသည့် စစ်တပ်ပိုင် အဖွဲ့အစည်း ၄ခုကို အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံတို့နှင့် UK အစိုးရက အရေးယူပိတ်ဆို့မှု အသစ်များ ထပ်မံချမှတ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ထို အရေးယူပိတ်ဆို့ခံရသော စစ်တပ်ပိုင် အဖွဲ့အစည်း ၄ခုဖြစ်သည့် စစ်ထောက်ချုပ်ရုံး၊ နိုင်ငံပိုင် လုပ်ငန်းဖြစ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးနှင့်

မြန်မာစစ်တပ်အတွက် အရန်အင်အားတစ်ခုဖြစ်သော မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့တို့သည် စစ်တပ်၏ ထောက်ပံ့ရေးကွင်းဆက်အဖြစ် အဓိကကျသောအစိတ်အပိုင်းတစ်ခုဖြစ်ကာ အရပ်သား ပြည်သူလူထုအပေါ် ဆက်လက်ဖိနှိပ်နေမှုကို ပံ့ပိုးပေးနေသကဲ့သို့ ဖြစ်စေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာစစ်အာဏာရှင်က ပြည်သူလူထူရဲ့ ဒီမိုကရေစီ ဆန္ဒကို ချိူးဖျက်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို မတရားဖမ်းဆီးတာတွေနဲ့ သူတို့နဲ့ထိပ်တိုက်ရင်ဆိုင်လာသူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေဆက်ရှိနေပါတယ်။

ယူကေအစိုးရနဲ့ မိတ်ဖက်နိုင်ငံတွေက ဒီဖြစ်ရပ်တွေကို မျက်ကွယ်ပြုထားမှာမဟုတ်ပါ။ ဒီလိုမျိုး အလွန်ဆိုးရွားပြင်းထန်တဲ့ လုပ်ရပ်တွေကို ပံ့ပိုးပေးတဲ့ အရင်းအမြစ်တွေဆီ စစ်တပ်က လက်လှမ်းမှီမရောက်ရှိနိုင်စေဖို့ ကျွန်မတို့ အတတ်နိုင်ဆုံး ချမှတ်လုပ်ဆောင်သွားမှာဖြစ်ပြီး

တာဝန်ရှိသူတွေကိုလည်း အရေးယူဒဏ်ခတ်မှုတွေ ဆောင်ရွက်သွားမှာပါ။” ဟု အာရှရေးရာ ယူကေဝန်ကြီး Amanda Milling က ပြောကြားလိုက်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် UK သံရုံးက ထုတ်ပြန်ထားသည်။

Zawgyi

မင္းေအာင္လိႈင္ခန္႔ ဝန္ႀကီးခ်ဳပ္ ၄ ဦး၊ စစ္မႈထမ္းေဟာင္းအဖြဲ႕၊ ကပစ႐ုံး၊ စစ္ေထာက္ခ်ဳပ္႐ုံးတို႔ကို အေမရိကန္၊ ကေနဒါႏွင့္ၿဗိတိန္တို႔က ပိတ္ဆို႔ အေရးယူ

ရန္ကုန္၊ ဒီဇင္ဘာ ၁၁

မင္းေအာင္လိႈင္ခန္႔ထားသည့္ ဝန္ႀကီးခ်ဳပ္ ၄ ဦး၊ စစ္မႈထမ္းေဟာင္းအဖြဲ႕၊ ကပစ႐ုံး၊ စစ္ေထာက္ခ်ဳပ္႐ုံးတို႔ကို အေမရိကန္၊ ကေနဒါႏွင့္ၿဗိတိန္တို႔က ပိတ္ဆို႔ အေရးယူမႈ ခ်မွတ္လိုက္ေၾကာင္း သိ႐ွိရသည္။

စစ္ေကာင္စီက ခန္႔ထားသည့္ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္း၊ ကရင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေစာျမင့္ဦး၊ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ဦးေမာင္ကိုနဲ႔ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္တို႔ကို အေမရိကန္ ျပည္ေထာင္စုက ဒဏ္ခတ္ပိတ္ဆို႔္အေရးယူလိုက္ေၾကာင္း ဒီဇင္ဘာလ ၁၀ ရက္တြင္ ေၾက ညာသည္။

ထို႔ျပင္ ကပစ – ကာကြယ္ေရးပစၥည္းထုတ္လုပ္ေရး အရာ႐ွိခ်ဳပ္႐ုံး၊ စစ္ေထာက္ခ်ဳပ္႐ုံး၊ စစ္မႈထမ္းေဟာင္းအဖြဲ႕တို႔ကိုလည္း ဒဏ္ခတ္ပိတ္ဆို႔ အေရးယူသည့္ အဖြဲ႕အစည္းစာရင္းမွာ ထည့္သြင္းလိုက္ျခင္းျဖစ္သည္။

ျမန္မာ ျပည္သူမ်ား အေပၚတြင္ လူ႕အခြင့္အေရး ခ်ိဳးေဖာက္မႈႏွင့္ အလြဲသုံးစားျပဳမႈမ်ားတြင္ ပါဝင္ပတ္သက္ေနသည့္ စစ္တပ္ပိုင္ အဖြဲ႕အစည္း ၄ခုကို အေမရိကန္ႏိုင္ငံ၊ ကေနဒါႏိုင္ငံတို႔ႏွင့္ UK အစိုးရက အေရးယူပိတ္ဆို႔မႈ အသစ္မ်ား ထပ္မံခ်မွတ္ေၾကာင္း ယေန႔ ဒီဇင္ဘာလ ၁၀ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္သည္။

ထို အေရးယူပိတ္ဆို႔ခံရေသာ စစ္တပ္ပိုင္ အဖြဲ႕အစည္း ၄ခုျဖစ္သည့္ စစ္ေထာက္ခ်ဳပ္႐ုံး၊ ႏိုင္ငံပိုင္ လုပ္ငန္းျဖစ္သည့္ ကာကြယ္ေရးပစၥည္းစက္႐ုံမ်ား ၫႊန္ၾကားေရးမႉး႐ုံး၊ ကာကြယ္ေရးပစၥည္းဝယ္ယူေရး ၫႊန္ၾကားေရးမႉး႐ုံးႏွင့္

ျမန္မာစစ္တပ္အတြက္ အရန္အင္အားတစ္ခုျဖစ္ေသာ ျမန္မာႏိုင္ငံ စစ္မႈထမ္းေဟာင္း အဖြဲ႕တို႔သည္ စစ္တပ္၏ ေထာက္ပံ့ေရးကြင္းဆက္အျဖစ္ အဓိကက်ေသာအစိတ္အပိုင္းတစ္ခုျဖစ္ကာ အရပ္သား ျပည္သူလူထုအေပၚ ဆက္လက္ဖိႏွိပ္ေနမႈကို ပံ့ပိုးေပးေနသကဲ့သို႔ ျဖစ္ေစသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

“ျမန္မာစစ္အာဏာ႐ွင္က ျပည္သူလူထူရဲ႕ ဒီမိုကေရစီ ဆႏၵကို ခ်ိဴးဖ်က္တာ၊ ႏိုင္ငံေရးအက်ဥ္းသားေတြကို မတရားဖမ္းဆီးတာေတြနဲ႔ သူတို႔နဲ႔ထိပ္တိုက္ရင္ဆိုင္လာသူေတြအေပၚ ရက္ရက္စက္စက္ သတ္ျဖတ္ေနတာေတြဆက္႐ွိေနပါတယ္။

ယူေကအစိုးရနဲ႔ မိတ္ဖက္ႏိုင္ငံေတြက ဒီျဖစ္ရပ္ေတြကို မ်က္ကြယ္ျပဳထားမွာမဟုတ္ပါ။ ဒီလိုမ်ိဳး အလြန္ဆိုး႐ြားျပင္းထန္တဲ့ လုပ္ရပ္ေတြကို ပံ့ပိုးေပးတဲ့ အရင္းအျမစ္ေတြဆီ စစ္တပ္က လက္လွမ္းမွီမေရာက္႐ွိႏိုင္ေစဖို႔ ကြၽန္မတို႔ အတတ္ႏိုင္ဆုံး ခ်မွတ္လုပ္ေဆာင္သြားမွာျဖစ္ၿပီး

တာဝန္႐ွိသူေတြကိုလည္း အေရးယူဒဏ္ခတ္မႈေတြ ေဆာင္႐ြက္သြားမွာပါ။” ဟု အာ႐ွေရးရာ ယူေကဝန္ႀကီး Amanda Milling က ေျပာၾကားလိုက္ေၾကာင္း ျမန္မာႏိုင္ငံ အေျခစိုက္ UK သံ႐ုံးက ထုတ္ျပန္ထားသည္။

About the author

admin

Add Comment

Click here to post a comment