Local News

မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားရင်း အာဆီယံသိက္ခာကို ဖြိုလှဲမယ့် ဟွန်ဆန်

မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားရင်း အာဆီယံသိက္ခာကို ဖြိုလှဲမယ့် ဟွန်ဆန်

By Igor Blazevic

တစ်ယောက်ယောက်ကများ ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟွန်ဆန်ကို မြန်မာပြည်က မီးရှို့ခံထားရတဲ့ မြို့တွေ ရွာတွေ ရဲ့ ဓာတ်ပုံပြပေးလို့ရမလား။ မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင် တသိုက်ဟာ ပြည်သူလူထုအပေါ် စစ်ဆင်နွဲနေတယ်။ ဟွန်ဆန်က ဒါကို အားပေးအားမြှောက်လုပ်ဖို့ရှိနေတယ်။

မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးအဖွဲ့ရဲ့ မကြာခင်က အစီရင်ခံစာမှာ ခုလိုဖေါ်ပြထားပါတယ်။

“ စစ်အာဏာရှင်များ၏ မြန်မာပြည်သူတို့အပေါ် ကျူးလွန်သည့် ရက်စက်မှုများသည် မျက်မှောက်ခေတ် အခြား ကမ္ဘာ့နေရာများမှလူ့အခွင့်အရေးဖေါက်ဖျက် ရက်စက်မှုများထက် လွန်ကဲပြင်းထန်ပါသည်။

မနှိုင်းယှဉ်သာလောက်အောင်ပင် ဖြစ်ပါသည်။ ဖေဖေါ်ဝါရီ ၁ ရက်အာဏာသိမ်းမှုနောက်ပိုင်း တပ်မတော်၏ လုပ်ရပ်များသည် နိုင်ငံတကာဥပဒေအရအကြမ်းဖက်မှုမြောက်သည်မှာ ရှင်းနေပါသည်။”

မြန်မာပြည်ကို ဇန်နဝါရီလမှာလာပြီး အကြမ်းဖက်စစ်ခေါင်းဆောင်ချုပ် မင်းအောင်လှိုင်နဲ့တွေ့တာ၊ တစ်ချိန်တည်းမှာ အမှန်တကယ် လူထုကိုယ်စားပြုတဲ့ NUG အစိုးရနဲ့မတွေ့တာဟာ ဟွန်ဆန်အနေနဲ့ အကြမ်းဖက်ပဋ္ဋိပက္ခကို အရှိန်လျှော့အောင်လုပ်တာမဟုတ်ပါဘူး။

ဟွန်ဆန်ဟာ မအလရဲ့ တရားမဝင်အာဏာချုပ်ကိုင်ဖို့လုပ်တာကို အားပေးတာပဲဖြစ်ပါလိန့်မယ်။ မအလရဲ့ စစ်ရာဇဝတ်မှုတွေ ပြည်သူအပေါ်ကျူးလွန်နေတဲ့ လူသားမျိုးနွယ် အပေါ်ဆန့်ကျင်ကျူးလွန်တဲ့ ပြစ်မှုတွေကို အားပေးရာလည်း ရောက်ပါတယ်။

ဟွန်ဆန်ရဲ့ အလည်အပတ်ခရီးသာဖြစ်ခဲ့ရင် မြန်မာပြည်သူတွေကြားက အာဆီယံဂုဏ်သိက္ခာကို နောက်ဆုံး ပိတ်အပြီးသတ်ပေးသလို ဖြစ်ပါမယ်။ နိုင်ငံတကာ အလယ်က အာဆီယံဂုဏ်သိက္ခာလည်းပြိုလဲပါမယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ခင်ဗျား အိမ်မှာသာနေပါ။

(Igor Blazevic သည် မြန်မာ့အရေးကို အစဉ်တစိုက် အကူအညီနေသူတစ်ဦးဖြစ်သည်)

ဓာတ်ပုံ – ရတနာပုံတက္ကသိုလ် ကျောင်းသားများက မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံရန် ကြိုးစားနေသည့် ဟွန်ဆန်၏ဓာတ်ပုံကို ခြေဖြင့်နင်း၍ ယနေ့ ဆန္ဒပြနေစဉ်။

Zawgyi

မင္းေအာင္လိႈင္နဲ႔ ထိေတြ႕ဆက္ဆံဖို႔ ႀကိဳးစားရင္း အာဆီယံသိကၡာကို ၿဖိဳလွဲမယ့္ ဟြန္ဆန္

By Igor Blazevic

တစ္ေယာက္ေယာက္ကမ်ား ကေမ႓ာဒီယား ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကို ျမန္မာျပည္က မီး႐ိႈ႕ခံထားရတဲ့ ၿမိဳ႕ေတြ ႐ြာေတြ ရဲ႕ ဓာတ္ပုံျပေပးလို႔ရမလား။ မင္းေအာင္လိႈင္နဲ႔ စစ္အာဏာ႐ွင္ တသိုက္ဟာ ျပည္သူလူထုအေပၚ စစ္ဆင္ႏြဲေနတယ္။ ဟြန္ဆန္က ဒါကို အားေပးအားေျမႇာက္လုပ္ဖို႔႐ွိေနတယ္။

ျမန္မာျပည္ဆိုင္ရာ အထူးအၾကံေပးအဖြဲ႕ရဲ႕ မၾကာခင္က အစီရင္ခံစာမွာ ခုလိုေဖၚျပထားပါတယ္။

“ စစ္အာဏာ႐ွင္မ်ား၏ ျမန္မာျပည္သူတို႔အေပၚ က်ဴးလြန္သည့္ ရက္စက္မႈမ်ားသည္ မ်က္ေမွာက္ေခတ္ အျခား ကမ႓ာ့ေနရာမ်ားမွလူ႕အခြင့္အေရးေဖါက္ဖ်က္ ရက္စက္မႈမ်ားထက္ လြန္ကဲျပင္းထန္ပါသည္။

မႏိႈင္းယွဥ္သာေလာက္ေအာင္ပင္ ျဖစ္ပါသည္။ ေဖေဖၚဝါရီ ၁ ရက္အာဏာသိမ္းမႈေနာက္ပိုင္း တပ္မေတာ္၏ လုပ္ရပ္မ်ားသည္ ႏိုင္ငံတကာဥပေဒအရအၾကမ္းဖက္မႈေျမာက္သည္မွာ ႐ွင္းေနပါသည္။”

ျမန္မာျပည္ကို ဇန္နဝါရီလမွာလာၿပီး အၾကမ္းဖက္စစ္ေခါင္းေဆာင္ခ်ဳပ္ မင္းေအာင္လိႈင္နဲ႔ေတြ႕တာ၊ တစ္ခ်ိန္တည္းမွာ အမွန္တကယ္ လူထုကိုယ္စားျပဳတဲ့ NUG အစိုးရနဲ႔မေတြ႕တာဟာ ဟြန္ဆန္အေနနဲ႔ အၾကမ္းဖက္ပ႗ိပကၡကို အ႐ွိန္ေလွ်ာ့ေအာင္လုပ္တာမဟုတ္ပါဘူး။

ဟြန္ဆန္ဟာ မအလရဲ႕ တရားမဝင္အာဏာခ်ဳပ္ကိုင္ဖို႔လုပ္တာကို အားေပးတာပဲျဖစ္ပါလိန္႔မယ္။ မအလရဲ႕ စစ္ရာဇဝတ္မႈေတြ ျပည္သူအေပၚက်ဴးလြန္ေနတဲ့ လူသားမ်ိဳးႏြယ္ အေပၚဆန္႔က်င္က်ဴးလြန္တဲ့ ျပစ္မႈေတြကို အားေပးရာလည္း ေရာက္ပါတယ္။

ဟြန္ဆန္ရဲ႕ အလည္အပတ္ခရီးသာျဖစ္ခဲ့ရင္ ျမန္မာျပည္သူေတြၾကားက အာဆီယံဂုဏ္သိကၡာကို ေနာက္ဆုံး ပိတ္အၿပီးသတ္ေပးသလို ျဖစ္ပါမယ္။ ႏိုင္ငံတကာ အလယ္က အာဆီယံဂုဏ္သိကၡာလည္းၿပိဳလဲပါမယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ခင္ဗ်ား အိမ္မွာသာေနပါ။

(Igor Blazevic သည္ ျမန္မာ့အေရးကို အစဥ္တစိုက္ အကူအညီေနသူတစ္ဦးျဖစ္သည္)

ဓာတ္ပုံ – ရတနာပုံတကၠသိုလ္ ေက်ာင္းသားမ်ားက မင္းေအာင္လိႈင္ႏွင့္ ထိေတြ႕ဆက္ဆံရန္ ႀကိဳးစားေနသည့္ ဟြန္ဆန္၏ဓာတ္ပုံကို ေျချဖင့္နင္း၍ ယေန႔ ဆႏၵျပေနစဥ္။

About the author

admin

Add Comment

Click here to post a comment