Local News

မင်းအောင်လှိုင်ရဲ့အဆုံးစွန် မိုက်တွင်းနက်လမ်းကြောင့် အငြိမ်းစားဗိုလ်ချုပ်တွေ ကြောက်လန့်လာ

မင်းအောင်လှိုင်ရဲ့အဆုံးစွန် မိုက်တွင်းနက်လမ်းကြောင့် အငြိမ်းစားဗိုလ်ချုပ်တွေ ကြောက်လန့်လာ

မင်းအောင်လှိုင်ရဲ့ အာဏာတည်မြဲရေးလမ်းကို မျက်လုံးစုံမှိတ်ရွေးချယ်ခြင်းကြောင့် အငြိမ်းစားစစ်ဗိုလ်ချုပ် တွေကြား စိုးရိမ်ကြောက်လန့်မှုတေွ ဖြစ်ပေါ်နေပြီလို့ Delta News Agencyရဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

ဖရူဆိုလူသတ်ပွဲလို ဘယ်သူကမှခွင့်လွှတ်လို့မရတဲ့ သတ်ဖြတ်မှုတွေနဲ့ ပြည်သူကိုအပြင်းထန်ဆုံးအကြောက်တ ရားပေးဖို့သာလုပ်ဆောင်နေမှုဟာ သူ့အာဏာတည်မြဲရေးတစ်ခုတည်းကိုသာ မျက်လုံးစုံမှိတ်ရွေးချယ်ခြင်းဖြစ် ကြောင်း

ICC လို နိုင်ငံတကာတရားရုံးမှာတရားစွဲခံရတော့မယ့်အခြေအနေဟာ ခွင့်လွှတ်ကြေအေးခြင်းစကားလုံးမ ရှိတော့ဘူးလို့ နိုင်ငံတကာအသိုင်းအဝိုင်းကပြောဆိုလိုက်ခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်ကျရှုံးခြင်းဟာ ကျွဲ ကူးရေပါဆိုသလို ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေနဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေကိုပါ ရိုက်ခတ်မှုကြီးနိုင်တာ ကြောင့် စိုးရိမ်ကြောက်လန့်နေကြခြင်းဖြစ်ကြောင်း သိရပါတယ်။

‘သူတို့အားလုံးမှာ အာဏာနဲ့သိုက်တူးပြီးရထားတဲ့ စည်းစိမ်ဥစ္စာတွေရှိတယ်။မင်းအောင်လှိုင်ပြေးရပြီဆို သူတို့ အငြိမ်းစားဗိုလ်ချုပ်တွေကို အဖမ်းမခံရတောင် သူတို့စည်းစိမ်ဥစ္စာတွေအသိမ်းခံရမလားဆိုပြီး တွေးပူနေကြ ပြီ’လို့ သူကပြောပါတယ်။

မင်းအောင်လှိုင်ရဲ့အဆုံးစွန်လုပ်ရပ်တွေဟာ စစ်အာဏာရှင်အသိုင်းအဝိုင်းကို ပြည်သူက ခွင့်လွှတ်လို့မရအောင် တွန်းပို့နေတာကြောင့် အငြိမ်းစားစစ်ဗိုလ်ချုပ်တွေကြား သဘောမတူကြပေမဲ့ မင်းအောင်လှိုင်ကိုဆန့်ကျင်ရဲတဲ့ သတ္တိလည်းမရှိကြဘူးလို့ သိရပါတယ်။

‘သူတို့ထဲမှာ မင်းအောင်လှိုင်ကိုလက်မခံတဲ့လူတွေရှိတယ်။အဲဒီထဲကတချို့တွေက ပြည်သူဘက်ရပ်ချင်တယ်။ တချို့ကတော့ မင်းအောင်လှိုင်ကိုလက်မခံပေမဲ့ ပြည်သူအပေါ်လည်းစေတနာရှိတာမဟုတ်ဘူး။

သူတို့စိုးရိမ် တာက မင်းအောင်လှိုင်ကြောင့်သူတို့ဒုက္ခရောက်မှာကိုပါ။’လို့သူကပြောပါတယ်။ပြည်သူဘက်ရပ်ချင်တဲ့ အငြိမ်းစားဗိုလ်ချုပ်တွေဟာ သူတို့မိသားစုနဲ့ စည်းစိမ်ကို မင်းအောင်လှိုင်သိမ်းယူဒုက္ခ ပေးမှာစိုးလို့ မရပ်ရဲကြပါဘူး’လို့သူကဆက်ပြောပါတယ်။

ယမန်နေ့ကထွက်ပေါ်ခဲ့တဲ့ ICC ကပေးပို့လာတဲ့ အကြောင်းကြားစာကို လက်ခံခြင်းမပြုဖို့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရဲ့ လျှို့ဝှက်ညွှန်ကြားစာ အွန်လိုင်းပေါ်ပျံ့နှံ့ပြီးနောက် အငြိမ်းစားဗိုလ်ချုပ်တွေကြား မင်းအောင် လှိုင်အရေးနိမ့်တော့မယ်ဆိုတဲ့အသိ ပိုခိုင်မာလာတယ်လို့သိရပါတယ်။

Zawgyi

မင္းေအာင္လိႈင္ရဲ႕အဆုံးစြန္ မိုက္တြင္းနက္လမ္းေၾကာင့္ အၿငိမ္းစားဗိုလ္ခ်ဳပ္ေတြ ေၾကာက္လန္႔လာ

မင္းေအာင္လိႈင္ရဲ႕ အာဏာတည္ၿမဲေရးလမ္းကို မ်က္လုံးစုံမွိတ္ေ႐ြးခ်ယ္ျခင္းေၾကာင့္ အၿငိမ္းစားစစ္ဗိုလ္ခ်ဳပ္ ေတြၾကား စိုးရိမ္ေၾကာက္လန္႔မႈေတြ ျဖစ္ေပၚေနၿပီလို႔ Delta News Agencyရဲ႕ သတင္းရင္းျမစ္ကေျပာပါတယ္။

ဖ႐ူဆိုလူသတ္ပြဲလို ဘယ္သူကမွခြင့္လႊတ္လို႔မရတဲ့ သတ္ျဖတ္မႈေတြနဲ႔ ျပည္သူကိုအျပင္းထန္ဆုံးအေၾကာက္တ ရားေပးဖို႔သာလုပ္ေဆာင္ေနမႈဟာ သူ႕အာဏာတည္ၿမဲေရးတစ္ခုတည္းကိုသာ မ်က္လုံးစုံမွိတ္ေ႐ြးခ်ယ္ျခင္းျဖစ္ ေၾကာင္း

ICC လို ႏိုင္ငံတကာတရား႐ုံးမွာတရားစြဲခံရေတာ့မယ့္အေျခအေနဟာ ခြင့္လႊတ္ေၾကေအးျခင္းစကားလုံးမ ႐ွိေတာ့ဘူးလို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကေျပာဆိုလိုက္ျခင္းျဖစ္ေၾကာင္း မင္းေအာင္လိႈင္က်႐ႈံးျခင္းဟာ ကြၽဲ ကူးေရပါဆိုသလို ျပည္ခိုင္ၿဖိဳးေခါင္းေဆာင္ေတြနဲ႔ အၿငိမ္းစားစစ္ဗိုလ္ခ်ဳပ္ေတြကိုပါ ႐ိုက္ခတ္မႈႀကီးႏိုင္တာ ေၾကာင့္ စိုးရိမ္ေၾကာက္လန္႔ေနၾကျခင္းျဖစ္ေၾကာင္း သိရပါတယ္။

‘သူတို႔အားလုံးမွာ အာဏာနဲ႔သိုက္တူးၿပီးရထားတဲ့ စည္းစိမ္ဥစၥာေတြ႐ွိတယ္။မင္းေအာင္လိႈင္ေျပးရၿပီဆို သူတို႔ အၿငိမ္းစားဗိုလ္ခ်ဳပ္ေတြကို အဖမ္းမခံရေတာင္ သူတို႔စည္းစိမ္ဥစၥာေတြအသိမ္းခံရမလားဆိုၿပီး ေတြးပူေနၾက ၿပီ’လို႔ သူကေျပာပါတယ္။

မင္းေအာင္လိႈင္ရဲ႕အဆုံးစြန္လုပ္ရပ္ေတြဟာ စစ္အာဏာ႐ွင္အသိုင္းအဝိုင္းကို ျပည္သူက ခြင့္လႊတ္လို႔မရေအာင္ တြန္းပို႔ေနတာေၾကာင့္ အၿငိမ္းစားစစ္ဗိုလ္ခ်ဳပ္ေတြၾကား သေဘာမတူၾကေပမဲ့ မင္းေအာင္လိႈင္ကိုဆန္႔က်င္ရဲတဲ့ သတၱိလည္းမ႐ွိၾကဘူးလို႔ သိရပါတယ္။

‘သူတို႔ထဲမွာ မင္းေအာင္လိႈင္ကိုလက္မခံတဲ့လူေတြ႐ွိတယ္။အဲဒီထဲကတခ်ိဳ႕ေတြက ျပည္သူဘက္ရပ္ခ်င္တယ္။ တခ်ိဳ႕ကေတာ့ မင္းေအာင္လိႈင္ကိုလက္မခံေပမဲ့ ျပည္သူအေပၚလည္းေစတနာ႐ွိတာမဟုတ္ဘူး။

သူတို႔စိုးရိမ္ တာက မင္းေအာင္လိႈင္ေၾကာင့္သူတို႔ဒုကၡေရာက္မွာကိုပါ။’လို႔သူကေျပာပါတယ္။ျပည္သူဘက္ရပ္ခ်င္တဲ့ အၿငိမ္းစားဗိုလ္ခ်ဳပ္ေတြဟာ သူတို႔မိသားစုနဲ႔ စည္းစိမ္ကို မင္းေအာင္လိႈင္သိမ္းယူဒုကၡ ေပးမွာစိုးလို႔ မရပ္ရဲၾကပါဘူး’လို႔သူကဆက္ေျပာပါတယ္။

ယမန္ေန႔ကထြက္ေပၚခဲ့တဲ့ ICC ကေပးပို႔လာတဲ့ အေၾကာင္းၾကားစာကို လက္ခံျခင္းမျပဳဖို႔ ျပည္ေထာင္စုတရား လႊတ္ေတာ္ခ်ဳပ္ရဲ႕ လွ်ိဳ႕ဝွက္ၫႊန္ၾကားစာ အြန္လိုင္းေပၚပ်ံ႕ႏွံ႔ၿပီးေနာက္ အၿငိမ္းစားဗိုလ္ခ်ဳပ္ေတြၾကား မင္းေအာင္ လိႈင္အေရးနိမ့္ေတာ့မယ္ဆိုတဲ့အသိ ပိုခိုင္မာလာတယ္လို႔သိရပါတယ္။

About the author

admin

Add Comment

Click here to post a comment