Local News

မင်းအောင်လှိုင်သမီးပိုင် ရုပ်ရှင်ကုမ္ပဏီ၊ စစ်တပ်ပိုင်Mytelနှင့် မြန်မာဘီယာအပါအဝင် စစ်တပ် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများ၏ Page များ Facebook က စတင်ဖယ်ရှားပိတ်ပင်

မင်းအောင်လှိုင်သမီးပိုင် ရုပ်ရှင်ကုမ္ပဏီ၊ စစ်တပ်ပိုင်Mytelနှင့် မြန်မာဘီယာအပါအဝင် စစ်တပ် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများ၏ Page များ Facebook က စတင်ဖယ်ရှားပိတ်ပင်

ရန်ကုန်၊ ဒီဇင်ဘာ ၈

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်ပိုင် 7 th Sense Creation ၊ စစ်တပ်ပိုင် မြန်မာဘီယာ၊ စစ်တပ်ပိုင် Mytel ကုမ္ပဏီတို့၏ လူမှုကွန်ရက်စာမျက်နှာများကို ယနေ့မှစတင်၍ Facebook @ Meta က စတင်ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်သမီး ၏ ရုပ်ရှင်ကုမ္ပဏီ ၏ လူမှုကွန်ရက် စာမျက်နှာ https://www.facebook.com/7thSenseCreation၊ စစ်တပ်ပိုင် Mytel ၏ လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/mytelmyanmar ၊ စစ်တပ် ဖက်စပ်မြန်မာဘီယာ

https://www.facebook.com/MyanmarBreweryLtd ၏ စာမျက်နှာများ လူမှုကွန်ရက်တွင် လုံး၀ ဖယ်ရှားခံလိုက်ရပြီဖြစ်ပြီး အခြားသော စစ်တပ်နှင့်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများ၏ လူမှုကွန်ရက် စာမျက်နှာလည်း ဖယ်ရှားနေပြီဖြစ်‌ကြောင်း သိရှိရသည်။

စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ နှင့် ဆက်နွယ်နေသော လူမှုကွန်ရက် စာမျက်နှာများ၊ အုပ်စုများနှင့် အကောင့်များအားလုံးကို ထပ်မံ ဖယ်ရှား ပိတ်ပင်အရေးယူမည်ဖြစ်ကြောင်း Facebook (ခ) Meta က ယနေ့ထုတ်ပြန် ကြေညာသည်။

စစ်တပ်နှင့် ပတ်သတ်သည့် တားမြစ်ပိတ်ပင်မှုများကို ထပ်မံတိုးမြှင့်သည့်အနေဖြင့် စစ်တပ် ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်း ကိုယ်စားပြု စာမျက်နှာ(Pages)၊ အဖွဲ့(Groups) များနှင့် အကောင့် (Accounts) များကို ယနေ့မှစ ဖယ်ရှားသွားမည်ဖြစ်ကြောင်း Meta က တရားဝင် ကြေညာသည်။

ယခုနှစ်ဆန်းပိုင်းမှာ ကြေညာခဲ့သည့် တပ်မတော်ပိုင်လုပ်ငန်းတွေကို ကြော်ငြာခွင့်တားမြစ်ခဲ့ပြီး နောက်ဆက်တွဲ ပိတ်ပင်အရေးယူမှုဖြစ်ကြောင်း၊ စစ်တပ်က ဆက်တိုက်ကျူးလွန်လျက်ရှိသည့်

လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်အကြမ်းဖက်မှုလုပ်ရပ်များအတွက် အဆိုပါ စီးပွားရေးလုပ်ငန်းတွေမှ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုမှာ တိုက်ရိုက်ပါဝင်လျက်ရှိသည်ကို

နိုင်ငံတကာအသိုင်းအဝိုင်းက စုစည်းတင်ပြထားသည့် အချက်အလက်များအပေါ် အခြေခံကာ ယခုအရေးယူဆောင်ရွက်မှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း Meta က ဆိုသည်။

ဓာတ်ပုံ- Facebook လူမှုကွန်ရက်တွင် ဖယ်ရှားခံလိုက်ရပြီဖြစ်သည့် Mytel ၏ စာမျက်နှာ။

Zawgyi

မင္းေအာင္လိႈင္သမီးပိုင္ ႐ုပ္႐ွင္ကုမၸဏီ၊ စစ္တပ္ပိုင္Mytelႏွင့္ ျမန္မာဘီယာအပါအဝင္ စစ္တပ္ ဆက္ႏြယ္ေသာ စီးပြားေရးလုပ္ငန္းမ်ား၏ Page မ်ား Facebook က စတင္ဖယ္႐ွားပိတ္ပင္

ရန္ကုန္၊ ဒီဇင္ဘာ ၈

အၾကမ္းဖက္ လူသတ္ ဖက္ဆစ္ စစ္ေခါင္းေဆာင္ မင္းေအာင္လိႈင္၏ သမီးျဖစ္သူ ခင္သီရိသက္မြန္ပိုင္ 7 th Sense Creation ၊ စစ္တပ္ပိုင္ ျမန္မာဘီယာ၊ စစ္တပ္ပိုင္ Mytel ကုမၸဏီတို႔၏ လူမႈကြန္ရက္စာမ်က္ႏွာမ်ားကို ယေန႔မွစတင္၍ Facebook @ Meta က စတင္ဖယ္႐ွားလိုက္ၿပီျဖစ္ေၾကာင္း သိ႐ွိရသည္။

မင္းေအာင္လိႈင္သမီး ၏ ႐ုပ္႐ွင္ကုမၸဏီ ၏ လူမႈကြန္ရက္ စာမ်က္ႏွာ https://www.facebook.com/7thSenseCreation၊ စစ္တပ္ပိုင္ Mytel ၏ လူမႈကြန္ရက္စာမ်က္ႏွာ https://www.facebook.com/mytelmyanmar ၊ စစ္တပ္ ဖက္စပ္ျမန္မာဘီယာ

https://www.facebook.com/MyanmarBreweryLtd ၏ စာမ်က္ႏွာမ်ား လူမႈကြန္ရက္တြင္ လုံး၀ ဖယ္႐ွားခံလိုက္ရၿပီျဖစ္ၿပီး အျခားေသာ စစ္တပ္ႏွင့္ဆက္ႏြယ္ေသာ စီးပြားေရးလုပ္ငန္းမ်ား၏ လူမႈကြန္ရက္ စာမ်က္ႏွာလည္း ဖယ္႐ွားေနၿပီျဖစ္‌ေၾကာင္း သိ႐ွိရသည္။

စစ္တပ္ပိုင္ စီးပြားေရး လုပ္ငန္းမ်ား ႏွင့္ ဆက္ႏြယ္ေနေသာ လူမႈကြန္ရက္ စာမ်က္ႏွာမ်ား၊ အုပ္စုမ်ားႏွင့္ အေကာင့္မ်ားအားလုံးကို ထပ္မံ ဖယ္႐ွား ပိတ္ပင္အေရးယူမည္ျဖစ္ေၾကာင္း Facebook (ခ) Meta က ယေန႔ထုတ္ျပန္ ေၾကညာသည္။

စစ္တပ္ႏွင့္ ပတ္သတ္သည့္ တားျမစ္ပိတ္ပင္မႈမ်ားကို ထပ္မံတိုးျမႇင့္သည့္အေနျဖင့္ စစ္တပ္ ထိန္းခ်ဳပ္မႈေအာက္႐ွိ စီးပြားေရးလုပ္ငန္း ကိုယ္စားျပဳ စာမ်က္ႏွာ(Pages)၊ အဖြဲ႕(Groups) မ်ားႏွင့္ အေကာင့္ (Accounts) မ်ားကို ယေန႔မွစ ဖယ္႐ွားသြားမည္ျဖစ္ေၾကာင္း Meta က တရားဝင္ ေၾကညာသည္။

ယခုႏွစ္ဆန္းပိုင္းမွာ ေၾကညာခဲ့သည့္ တပ္မေတာ္ပိုင္လုပ္ငန္းေတြကို ေၾကာ္ျငာခြင့္တားျမစ္ခဲ့ၿပီး ေနာက္ဆက္တြဲ ပိတ္ပင္အေရးယူမႈျဖစ္ေၾကာင္း၊ စစ္တပ္က ဆက္တိုက္က်ဴးလြန္လ်က္႐ွိသည့္

လူ႕အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားႏွင့္အၾကမ္းဖက္မႈလုပ္ရပ္မ်ားအတြက္ အဆိုပါ စီးပြားေရးလုပ္ငန္းေတြမွ ေငြေၾကးဆိုင္ရာ ေထာက္ပံ့မႈမွာ တိုက္႐ိုက္ပါဝင္လ်က္႐ွိသည္ကို

ႏိုင္ငံတကာအသိုင္းအဝိုင္းက စုစည္းတင္ျပထားသည့္ အခ်က္အလက္မ်ားအေပၚ အေျခခံကာ ယခုအေရးယူေဆာင္႐ြက္မႈကို လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း Meta က ဆိုသည္။

ဓာတ္ပုံ- Facebook လူမႈကြန္ရက္တြင္ ဖယ္႐ွားခံလိုက္ရၿပီျဖစ္သည့္ Mytel ၏ စာမ်က္ႏွာ။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.