Local News

မင်းအောင်လှိုင်၏ ၉ လအရွယ် မြေးဖြစ်သူ၏ မွေးရာပါနှလုံးရောဂါ ခွဲစိတ်ကုသရန် အိန္ဒိယ နှလုံးအထူးကုဆရာဝန် ၂ ဦး ရန်ကုန်သို့ ခေါ်ယူ ခွဲစိတ်ကုသ

မင်းအောင်လှိုင်၏ ၉ လအရွယ် မြေးဖြစ်သူ၏ မွေးရာပါနှလုံးရောဂါ ခွဲစိတ်ကုသရန် အိန္ဒိယ နှလုံးအထူးကုဆရာဝန် ၂ ဦး ရန်ကုန်သို့ ခေါ်ယူ ခွဲစိတ်ကုသ

ရန်ကုန်၊ ဇန်နဝါရီ ၇

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကိုးလအရွယ် မြေးဖြစ်သူ၏ မွေးရာပါ နှလုံးရောဂါကို အိန္ဒိယမှ နှလုံးအထူးကုဆရာဝန် ၂ ဦးခေါ်ယူ ခွဲစိတ်ကုသရကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

မင်းအောင်လှိုင် မြေး၏ မွေးရာပါ နှလုံးရောဂါကို ခွဲစိတ်ကုသရန် အိန္ဒိယ Rainbow Children’s Heart Instituteမှ အကြီးတန်း နှလုံးရောဂါ အထူးကု ဆရာဝန် နှစ်ဦး ဖြစ်သော

ဒေါက်တာ Nageswara Rao Koneti နှင့် Dr. Shweta Bakhru တို့ကို လေ ယာဉ်ဖြင့် ရန်ကုန်သို့ ခေါ်ယူခွဲစိတ်ခဲ့ကြောင်း ၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် မင်းအောင်လှိုင်၏မြေးကို ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒေါက်တာ Rao ၏ ပြောဆိုချက်အရ သိရှိရသည်။

“ကိုးလသား ကလေးက မွေးရာပါ နှလုံးရောဂါ ခံစားနေရတယ်။နှလုံးကို ခွဲစိတ်မှု လုပ်ဆောင်ခဲ့ပါတယ်။ ကလေးက နောက်နေ့ ခွဲစိတ်မှုအပြီး ဆေးရုံက ဆင်းပြီး ကောင်းကောင်းနေကောင်းစပြုနေပြီ” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ခရီးစဉ်တွင် အိန္ဒိယဆရာဝန်အဖွဲ့က မွေးရာပါ နှလုံးရောဂါ ခံစားနေရသော နောက်ထပ် ကလေးငယ် ၁၅ ဦးကို ခွဲစိတ်ကုသမှု လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယသမ္မတဟောင်း ဒေါက်တာ A.P.J. Abdul Kalam သည် Care Foundation ၏ အကူအညီဖြင့် India နှင့် Myanmar အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကလေးနှလုံးရောဂါခွဲစိတ်ကုသမှုဆိုင်ရာ သင်တန်းများပေးနေကြောင်း၊ ဆရာဝန် ၁၀ ဦး ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ-မင်းအောင်လှိုင်မြေးဖြစ်သူကို နှလုံးခွဲစိတ်ပေးခဲ့သော အိန္ဒိယ ဆရာဝန် ၂ ဦးနှင့်အတူ တွေ့ရသည့် မင်းအောင်လှိုင်။

Photo – thehindu

Zawgyi

မင္းေအာင္လိႈင္၏ ၉ လအ႐ြယ္ ေျမးျဖစ္သူ၏ ေမြးရာပါႏွလုံးေရာဂါ ခြဲစိတ္ကုသရန္ အိႏၵိယ ႏွလုံးအထူးကုဆရာဝန္ ၂ ဦး ရန္ကုန္သို႔ ေခၚယူ ခြဲစိတ္ကုသ

ရန္ကုန္၊ ဇန္နဝါရီ ၇

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လိႈင္၏ ကိုးလအ႐ြယ္ ေျမးျဖစ္သူ၏ ေမြးရာပါ ႏွလုံးေရာဂါကို အိႏၵိယမွ ႏွလုံးအထူးကုဆရာဝန္ ၂ ဦးေခၚယူ ခြဲစိတ္ကုသရေၾကာင္း အိႏၵိယသတင္းမ်ားတြင္ ေဖာ္ျပထားသည္။

မင္းေအာင္လိႈင္ ေျမး၏ ေမြးရာပါ ႏွလုံးေရာဂါကို ခြဲစိတ္ကုသရန္ အိႏၵိယ Rainbow Children’s Heart Instituteမွ အႀကီးတန္း ႏွလုံးေရာဂါ အထူးကု ဆရာဝန္ ႏွစ္ဦး ျဖစ္ေသာ

ေဒါက္တာ Nageswara Rao Koneti ႏွင့္ Dr. Shweta Bakhru တို႔ကို ေလ ယာဥ္ျဖင့္ ရန္ကုန္သို႔ ေခၚယူခြဲစိတ္ခဲ့ေၾကာင္း ၊ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလတြင္ မင္းေအာင္လိႈင္၏ေျမးကို ခြဲစိတ္ကုသေပးခဲ့ေၾကာင္း ေဒါက္တာ Rao ၏ ေျပာဆိုခ်က္အရ သိ႐ွိရသည္။

“ကိုးလသား ကေလးက ေမြးရာပါ ႏွလုံးေရာဂါ ခံစားေနရတယ္။ႏွလုံးကို ခြဲစိတ္မႈ လုပ္ေဆာင္ခဲ့ပါတယ္။ ကေလးက ေနာက္ေန႔ ခြဲစိတ္မႈအၿပီး ေဆး႐ုံက ဆင္းၿပီး ေကာင္းေကာင္းေနေကာင္းစျပဳေနၿပီ” ဟု သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အလားတူ ခရီးစဥ္တြင္ အိႏၵိယဆရာဝန္အဖြဲ႕က ေမြးရာပါ ႏွလုံးေရာဂါ ခံစားေနရေသာ ေနာက္ထပ္ ကေလးငယ္ ၁၅ ဦးကို ခြဲစိတ္ကုသမႈ လုပ္ ေဆာင္ခဲ့ေၾကာင္း သိ႐ွိရသည္။

အိႏၵိယသမၼတေဟာင္း ေဒါက္တာ A.P.J. Abdul Kalam သည္ Care Foundation ၏ အကူအညီျဖင့္ India ႏွင့္ Myanmar အၾကား ပူးေပါင္းေဆာင္႐ြက္လ်က္႐ွိၿပီး ကေလးႏွလုံးေရာဂါခြဲစိတ္ကုသမႈဆိုင္ရာ သင္တန္းမ်ားေပးေနေၾကာင္း၊ ဆရာဝန္ ၁၀ ဦး ေက်ာ္ကို ေလ့က်င့္သင္ၾကားေပးခဲ့ၿပီးျဖစ္ ေၾကာင္း သိ႐ွိရသည္။

ဓာတ္ပုံ-မင္းေအာင္လိႈင္ေျမးျဖစ္သူကို ႏွလုံးခြဲစိတ္ေပးခဲ့ေသာ အိႏၵိယ ဆရာဝန္ ၂ ဦးႏွင့္အတူ ေတြ႕ရသည့္ မင္းေအာင္လိႈင္။

Photo – thehindu

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.