Local News

မညည်းမငြူပဲ အဆင်ပြေသလိုနေနေတဲ့ သားအငယ်ဆုံးလေးရဲ့ ပုံရိပ်လေးတွေကိုပြလိုက်တဲ့ မင်းမော်ကွန်း

မညည်းမငြူပဲ အဆင်ပြေသလိုနေနေတဲ့ သားအငယ်ဆုံးလေးရဲ့ ပုံရိပ်လေးတွေကိုပြလိုက်တဲ့ မင်းမော်ကွန်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မင်းမော်ကွန်းကတော့ အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ စိတ်အားထက်သန်မှုအပြည့်အဝနဲ့ တတ်တတ်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခြင်းခံ ထားရပါတယ်။ သူကတော့ လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေသူ ဖြစ်ပါတယ်။

မိသားစုနဲ့အတူ အစစအရာရာကို စွန့်လွှတ်ပြီး နွေဦးတော်လှန်ရေး ဆင်နွှဲနေတဲ့ မင်းမော်ကွန်းကတော့ ပြည်သူတွေရဲ့ လေးစားခြင်းကို ခံထားရသူ ဖြစ်ပါတယ်။ သားနှစ်ယောက်၊ ဇနီးသည်နဲ့အတူ လွတ်မြောက်နယ်မြေ တစ်နေရာမှာ နေထိုင်နေတဲ့

မင်းမော်ကွန်းကတော့ အခက်အခဲတွေ ရင်ဆိုင်နေရေပေမယ့်လည်း တစ်ခြားလူရဲ့ အကူအညီကို ယူလေ့မရှိသူဖြစ်ပါတယ်။ အခက် အခဲတွေရှိပေမယ့် မညည်းမညူဘဲ တော်လှန်ရေး တိုက်ပွဲဝင်နေတဲ့ သူကတော့ မိသားစုနဲ့အတူ အဆင်ပြေသလို

နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ယခုမှာတော့ မင်းမော်ကွန်း တစ်ယောက်ဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ သားအငယ် ဆုံးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။


အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်မပျက် တင်ဆက်ပေးနေတာကြောင့် page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…Crd