Local News

မတရားလုယူခံရတဲ့ အခွင့်အရေးနဲ့ နိုင်ငံရေးစနစ်ကို တွန်းလှန်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မတရားလုယူခံရတဲ့ အခွင့်အရေးနဲ့ နိုင်ငံရေးစနစ်ကို တွန်းလှန်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မတရားလုယူခံထားရတဲ့ အခွင့်အရေးတွေနဲ့ နိုင်ငံရေးစနစ်ကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ မှာ ကျရောက်မယ့် ၂၇၆၁ ခုနှစ် ကရင့်အမျိုးသားဆိုင်ရာ နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ တိုက်တွန်းလိုက်ပါတယ်။

ရေးစွဲထား၊ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မတူကွဲပြားတဲ့ တိုင်းရင်းသားနဲ့ အခြားလူမျိုးတွေကို အသိအမှတ်မပြုတဲ့အပြင် ပပျောက်အောင် အစဉ်တစိုက် လျှို့ဝှက်ကြံစည်နေတယ်လို့ ထည့်သွင်းပြောပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် KNU က လုပ်ဆောင်နေတဲ့ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်စီးသွားခဲ့ရကြောင်း၊

စစ်အာဏာရှင်တွေဟာ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့စိတ် မရှိတဲ့ ကာလပတ်လုံး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်လို့ရမှာ မဟုတ်ကြောင်း ပြောပါတယ်။

နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူလူထုနဲ့ မျိုးဆက်သစ်လူငယ်တွေဟာ လက်ရှိအခြေအနေတွေကို သဘောပေါက်လာတဲ့အတွက် လက်နက်ကိုင် ခုခံတိုက်ပွဲဝင်လာနေကြတယ်လို့ ဖော်ပြထားပြီး

ကရင်အမျိုးသား ဘဝအနာဂတ် လှပဖို့နဲ့ ဂုဏ်အင်္ဂါလက္ခဏာရပ်တွေကို တိုက်ခိုက်ဖျက်ဆီးမယ့် ဘယ်လို ရန်သူမျိုးကိုမဆို ခုခံတွန်းလှန်သွားကြဖို့ တိုက်တွန်းပါတယ်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဟာ နိုင်ငံရေး ပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းလို့မရကြောင်း တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာဖို့လိုအပ်ကြောင်း မေလ ၁၀ ရက်နေ့က စာထုတ်ပြန်ခဲ့တဲ့အတွက် KNU အတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

KNU ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၉၀ ကျော်ဖြစ်ခဲ့ပြီး ဒီနေ့အချိန်အထိ KNU ထိန်းချုပ်နယ်မြေတစ်ဝိုက်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပါတယ်။

Photo: KNU
(KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကို တွေ့ရစဉ်)

Zawgyi

မတရားလုယူခံရတဲ့ အခြင့္အေရးနဲ႔ ႏိုင္ငံေရးစနစ္ကို တြန္းလွန္ဖို႔ KNU ဥကၠ႒ တိုက္တြန္း

မတရားလုယူခံထားရတဲ့ အခြင့္အေရးေတြနဲ႔ ႏိုင္ငံေရးစနစ္ကို မမွိတ္မသုန္ တြန္းလွန္တိုက္ဖ်က္ၾကဖို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး မူတူးေစးဖိုး က ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၂ မွာ က်ေရာက္မယ့္ ၂၇၆၁ ခုႏွစ္ ကရင့္အမ်ိဳးသားဆိုင္ရာ ႏွစ္သစ္ကူးေန႔ သဝဏ္လႊာမွာ တိုက္တြန္းလိုက္ပါတယ္။

ေရးစြဲထား၊ ျပဌာန္းထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒဟာ မတူကြဲျပားတဲ့ တိုင္းရင္းသားနဲ႔ အျခားလူမ်ိဳးေတြကို အသိအမွတ္မျပဳတဲ့အျပင္ ပေပ်ာက္ေအာင္ အစဥ္တစိုက္ လွ်ိဳ႕ဝွက္ၾကံစည္ေနတယ္လို႔ ထည့္သြင္းေျပာပါတယ္။

စစ္တပ္က အာဏာသိမ္းလိုက္တဲ့အတြက္ KNU က လုပ္ေဆာင္ေနတဲ့ ျပည္သူလူထု ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ျပည္တြင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ပ်က္စီးသြားခဲ့ရေၾကာင္း၊

စစ္အာဏာ႐ွင္ေတြဟာ ႏိုင္ငံေရး ျပႆနာေတြကို ႏိုင္ငံေရးနည္းနဲ႔ ေျဖ႐ွင္းလိုတဲ့စိတ္ မ႐ွိတဲ့ ကာလပတ္လုံး ျပည္တြင္းၿငိမ္းခ်မ္းေရး တည္ေဆာက္လို႔ရမွာ မဟုတ္ေၾကာင္း ေျပာပါတယ္။

ႏိုင္ငံတစ္ဝွမ္းမွာ႐ွိတဲ့ ျပည္သူလူထုနဲ႔ မ်ိဳးဆက္သစ္လူငယ္ေတြဟာ လက္႐ွိအေျခအေနေတြကို သေဘာေပါက္လာတဲ့အတြက္ လက္နက္ကိုင္ ခုခံတိုက္ပြဲဝင္လာေနၾကတယ္လို႔ ေဖာ္ျပထားၿပီး

ကရင္အမ်ိဳးသား ဘဝအနာဂတ္ လွပဖို႔နဲ႔ ဂုဏ္အဂၤါလကၡဏာရပ္ေတြကို တိုက္ခိုက္ဖ်က္ဆီးမယ့္ ဘယ္လို ရန္သူမ်ိဳးကိုမဆို ခုခံတြန္းလွန္သြားၾကဖို႔ တိုက္တြန္းပါတယ္။

KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး မူတူးေစးဖိုး ဟာ ႏိုင္ငံေရး ျပႆနာကို လက္နက္ကိုင္နည္းလမ္းနဲ႔ ေျဖ႐ွင္းလို႔မရေၾကာင္း ေတြ႕ဆုံေဆြးေႏြးတဲ့နည္းနဲ႔ အေျဖ႐ွာဖို႔လိုအပ္ေၾကာင္း ေမလ ၁၀ ရက္ေန႔က စာထုတ္ျပန္ခဲ့တဲ့အတြက္ KNU အတြင္း သေဘာထားကြဲလြဲမႈေတြ ႐ွိခဲ့ပါတယ္။

KNU ဟာ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးစာခ်ဳပ္ NCA မွာ လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕ျဖစ္ေပမယ့္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာသိမ္းစစ္ေကာင္စီနဲ႔ တိုက္ပြဲေပါင္း ၉၀ ေက်ာ္ျဖစ္ခဲ့ၿပီး ဒီေန႔အခ်ိန္အထိ KNU ထိန္းခ်ဳပ္နယ္ေျမတစ္ဝိုက္မွာ တိုက္ပြဲေတြ ေန႔စဥ္ျဖစ္ပြားေနပါတယ္။

Photo: KNU
(KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး မူတူးေစးဖိုး ကို ေတြ႕ရစဥ္)

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.