Local News

မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ရုပ်သိမ်း

မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ရုပ်သိမ်း

မြန်မာ-အိန္ဒိယနယ်စပ် မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရုပ်သိမ်းသွားကြောင်းချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဇန်နဝါရီ ၅ရက်က မတူပီမြို့နယ် ဆဘောင်းသဲ တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရဟတ်ယာဉ်များဖြင့် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆို သည်။

“သူတို့ရဲ့နယ်စပ်စခန်းတစ်ခုကို သူတို့ ပြန်ရုပ်လိုက်တာပေါ့။ ဟက်စကီးသုံးစီးနဲ့ လာပြီးတော့ရုတ်သိမ်းသွားတာ တွေ့ရတယ်။” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း ထန်လတန်မြို့နယ်ရှိ ၎င်းတို့၏ အင်အားအနည်းငယ်သာရှိသည့် တပ်စခန်းတစ်ခုကို ပြန်လည် ရုပ်သိမ်းခဲ့ဖူးသည်။ ယခု ရုပ်သိမ်းခဲ့သည့် ဆဘောင်းသဲတပ်စခန်းသည်လည်း အင်အားဆယ်ဂဏန်းသာရှိသည်ဟု ဆိုသည်။

ယခုလဆန်းပိုင်းမှစ၍ မတူပီမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်က ဒေသတွင်း စစ်ဆင်ရေးလုပ်ရန် ပြင်ဆင်နေသကဲ့သို့ ချင်းလက်နက်ကိုင်တပ်ဖွဲ့များဘက်ကလည်း ခုခံတိုက်ခိုက်သွားမည်ဖြစ်၍ တိုက်ပွဲများဆက်ဖြစ်လာနိုင်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“နောက် ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာဘက်ကတော့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်နယ်စပ် ဖလမ်းမြို့နဲ့ကြားမှာ စစ်ကောင်စီ အင်အားဖြည့်တက်လာတာရှိတယ်”ဟု ၎င်းက ဆိုသည်။

ယခုလဆန်းပိုင်းအတွင်းကလည်း စစ်ကောင်စီတပ်သည် ထန်တလန်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များကို ဆက်လက်မီးရှို့ခဲ့၍ နေအိမ်အများအပြား မီးလောင်ခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၉ရက်မှ ဇန်နဝါရီ ၅ရက်အတွင်း စစ်ကောင်စီတပ်က ထန်တလန်မြို့ကို အကြိမ်ကြိမ် မီးရှို့ခဲ့၍ ဘုရားကျောင်း ခုနစ်ကျောင်း အပါအဝင်အိခြေ ၇၀၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့သည်ဟု ဆိုသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်သားများကို ​ပြီးခဲ့သည့်နှစ်ဖေ​ဖော်ဝါရီက ​တွေ့ရစဥ်)

Zawgyi

မတူပီၿမိဳ႕နယ္႐ွိ စစ္ေကာင္စီတပ္စခန္းတစ္ခု ႐ုပ္သိမ္း

ျမန္မာ-အိႏၵိယနယ္စပ္ မတူပီၿမိဳ႕နယ္႐ွိ စစ္ေကာင္စီတပ္စခန္းတစ္ခုကို ႐ုပ္သိမ္းသြားေၾကာင္းခ်င္းအမ်ိဳးသားတပ္ဦး(CNF) ေျပာေရးဆိုခြင့္႐ွိသူ ဆလိုင္းထက္နီက ေျပာသည္။

ဇန္နဝါရီ ၅ရက္က မတူပီၿမိဳ႕နယ္ ဆေဘာင္းသဲ တပ္စခန္း႐ွိ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ရဟတ္ယာဥ္မ်ားျဖင့္ လာေရာက္ေခၚေဆာင္သြားျခင္းျဖစ္သည္ဟုဆို သည္။

“သူတို႔ရဲ႕နယ္စပ္စခန္းတစ္ခုကို သူတို႔ ျပန္႐ုပ္လိုက္တာေပါ့။ ဟက္စကီးသုံးစီးနဲ႔ လာၿပီးေတာ့႐ုတ္သိမ္းသြားတာ ေတြ႕ရတယ္။” ဟု ဆလိုင္းထက္နီက ေျပာသည္။

စစ္ေကာင္စီတပ္သည္ ယခင္ကလည္း ထန္လတန္ၿမိဳ႕နယ္႐ွိ ၎တို႔၏ အင္အားအနည္းငယ္သာ႐ွိသည့္ တပ္စခန္းတစ္ခုကို ျပန္လည္ ႐ုပ္သိမ္းခဲ့ဖူးသည္။ ယခု ႐ုပ္သိမ္းခဲ့သည့္ ဆေဘာင္းသဲတပ္စခန္းသည္လည္း အင္အားဆယ္ဂဏန္းသာ႐ွိသည္ဟု ဆိုသည္။

ယခုလဆန္းပိုင္းမွစ၍ မတူပီၿမိဳ႕နယ္အတြင္း စစ္ေရးတင္းမာေနၿပီး ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ တိုက္ပြဲျဖစ္ပြားလ်က္႐ွိသည္။ စစ္ေကာင္စီတပ္က ေဒသတြင္း စစ္ဆင္ေရးလုပ္ရန္ ျပင္ဆင္ေနသကဲ့သို႔ ခ်င္းလက္နက္ကိုင္တပ္ဖြဲ႕မ်ားဘက္ကလည္း ခုခံတိုက္ခိုက္သြားမည္ျဖစ္၍ တိုက္ပြဲမ်ားဆက္ျဖစ္လာႏိုင္ေၾကာင္း ဆလိုင္းထက္နီက ေျပာသည္။

“ေနာက္ ခ်င္းျပည္နယ္ေျမာက္ပိုင္း ဟားခါးဗ်ဴဟာဘက္ကေတာ့ စစ္ကိုင္းတိုင္းနဲ႔ ခ်င္းျပည္နယ္နယ္စပ္ ဖလမ္းၿမိဳ႕နဲ႔ၾကားမွာ စစ္ေကာင္စီ အင္အားျဖည့္တက္လာတာ႐ွိတယ္”ဟု ၎က ဆိုသည္။

ယခုလဆန္းပိုင္းအတြင္းကလည္း စစ္ေကာင္စီတပ္သည္ ထန္တလန္ၿမိဳ႕ေပၚ႐ွိ ျပည္သူလူထု ေနအိမ္မ်ားကို ဆက္လက္မီး႐ိႈ႕ခဲ့၍ ေနအိမ္အမ်ားအျပား မီးေလာင္ခဲ့ေၾကာင္း ဆလိုင္းထက္နီက ေျပာသည္။

ခ်င္းလူ႕အခြင့္အေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ စက္တင္ဘာ ၉ရက္မွ ဇန္နဝါရီ ၅ရက္အတြင္း စစ္ေကာင္စီတပ္က ထန္တလန္ၿမိဳ႕ကို အႀကိမ္ႀကိမ္ မီး႐ိႈ႕ခဲ့၍ ဘုရားေက်ာင္း ခုနစ္ေက်ာင္း အပါအဝင္အိေျခ ၇၀၀ ေက်ာ္ မီးေလာင္ကြၽမ္းပ်က္စီးခဲ့သည္ဟု ဆိုသည္။

(အၾကမ္းဖက္စစ္​ေကာင္စီတပ္သားမ်ားကို ​ၿပီးခဲ့သည့္ႏွစ္ေဖ​ေဖာ္ဝါရီက ​ေတြ႕ရစဥ္)

Recent Comments

No comments to show.