Local News

မနက်ဖြန်မှာ သိရတော့မယ့် ညီလာခံအကြောင်းကို ပန်ဆယ်လိုပြောလာ

မနက်ဖြန်မှာ သိရတော့မယ့် ညီလာခံအကြောင်းကို ပန်ဆယ်လိုပြောလာ

မနက်ဖြန်မှာ သိရတော့မယ့် သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ Credential ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေ အတော်စိတ်ဝင်စားကြသလို စိတ်အားထက်သန်နေကြတယ်။ ကုလက ဘယ်လိုဆုံးဖြတ်နိုင်လဲ။ ကိုယ်ရေးမှာက လူအများနားလည်မယ့် အရေးအသားမျိုးမို့ တည့်တည့်ပဲ။ မှန်မယ်၊ မှားမယ် မကြာခင်သိရမှာပဲ။ ကိုယ့်အမြင်သက်သက်ပဲ။

၁)စစ်ကောင်စီကို အသိအမှတ်ပြုတာ။
ဒါကတော့ ဖြစ်နိုင်ချေ အရမ်းနည်းတယ်။ ကိုယ့်လေသံအတိုင်း ပြောရရင် ဖြစ်နိုင်ချေကို မရှိဘူး။ လူသတ်အကြမ်းဖက် MaALoe တွေ ကုလထိုင်ခုံမပြောနဲ့ အရိပ်တောင် နင်းနိုင်စရာ မရှိဘူး။ အခု ပိုသေချာတာက အနီးကပ်မှ အမေရိကန်နဲ့တရုတ်က စကစကို အသိအမှတ်မပြုဖို့ သဘောတူညီမှု ရပြီတဲ့။ ပြတ်ကရော။

၂)NUG ကို အသိအမှတ်ပြုတာ။ ဒါကတော့ ပြည်သူတွေ အမျှော်လင့်ဆုံး၊ အကောင်းဆုံးအခြေအနေပဲ။ ဒါပေမယ့် သံတမန်ရေးရာအရာ ရှုပ်ထွေးမှုတွေ ရှိတယ်။ ရေးရင် ရှည်တယ်။ စိတ်ဝင်စားစရာ မကောင်းဘူး။ ဒီလိုဖြစ်လာဖို့ မျှော်လင့်ပေမယ့် အရမ်းတော့ မျှော်လင့်ချက်ကြီးကြီးမထားနဲ့။ ဖြစ်လာရင်တော့ အတိုင်းထက်အလွန် ပျော်စရာပေါ့။

၃)NUGကိုရော၊ စစ်ကောင်စီကိုရော အသိအမှတ်မပြုဘဲ ထိုင်ခုံကို အလွတ်ထားလိုက်တာ။ ဒီလိုဆိုလည်း မဆိုးပါဘူး၊ သရေပဲလို့တော့ မတွေးလိုက်နဲ့ဦး။ ရှိပြီးသား ကိုယ်စားပြုမှုကို လက်လွှတ်လိုက်ရတာသည် ရှုံးတာပဲ။ သရေသည်ပင် အရှုံးဖြစ်နေတာ။

၄)ဒီအရေးကို မဆုံးဖြတ်ဘဲ ဆိုင်းငံ့ထားလိုက်တာ။ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေအရ ဒီအရေးကို ဆုံးဖြတ်ရန်ခက်ခဲနေသေးလို့ ဆိုင်းငံ့လိုက်ပါတယ်ဆိုရင် ဦးကျော်မိုးထွန်းဟာ လက်ရှိသံအမတ်နေရာမှာပဲ ဆက်ပြီး မြန်မာပြည်သူကို ကိုယ်စားပြုနေနိုင်မယ်။ ဒါကတော့ လက်ရှိမှာ မျှော်လင့်လို့အရဆုံးသော အောင်ပွဲပဲ။

ကုလအနေနဲ့ ဒီအကြပ်အတည်းကနေ ရှောင်ထွက်ဖို့ နံပါတ်(၃)နည်းကို သုံးလာခဲ့ရင် ထိုင်ခုံအလွတ်ထားတာဟာ တိုင်းပြည်ကိုပါ reject လုပ်တာမျိုး သက်ရောက်တယ်လို့ အငြင်းပွါးစရာ ရှိတယ်။

နံပါတ်(၄) နည်းလမ်းကိုတော့ ၁၉၉၆ ဝန်းကျင် အာဖဂန်ကိစ္စမှာ သုံးခဲ့ဖူးတယ်။ ၁၉၉၆ မှာ တာလီဘန်တွေ အာဖဂန်ကို သိမ်းပြီး အစိုးရလို့ကြေညာရပ်တည်ချိန်မှာ ကုလဟာ ဒီဆုံးဖြတ်ချက်ကို ဆိုင်းငံ့ပြီး ပထမအစိုးရရဲ့ ကိုယ်စားလှယ်ကိုပဲ ဆက်ကိုယ်စားပြုခွင့်ပေးခဲ့တာမျိုး ရှိခဲ့ဖူးတယ်။

ပြည်သူတွေကတော့ အကောင်းဆုံး အခြေအနေ နံပါတ်(၂)နဲ့ ကောင်းတဲ့အခြေအနေ နံပါတ်(၄)ကိုပဲ မျှော်လင့်ယုံကြည်ထားရမှာဖြစ်ပြီး စကစအနေနဲ့ကတော့ ဘယ်ခွေးတိုးပေါက်ကမှ ဝင်ခွင့်မရတဲ့ နံပါတ်(၁)နဲ့ နံပါတ်(၃)ကိုပဲ တမျှော်မျှော် လုပ်နေရမှာ။

လက်နက်မဲ့ပြည်သူကို လက်နက်ရှိလို့ အနိုင်ကျင့်နေတာအပြင် ဒီကောင်တွေ နိုင်နေတာ ဘာမှမရှိဘူး။ လူသတ်ကောင် အကြမ်းဖက်သမားတွေကို ဘယ်ယဉ်ကျေးသော လူ့အဖွဲ့အစည်းကမှ ကြမ်းတပြေးတည်း မထိုင်သလို သွေးစွန်းတဲ့လက်တွေကို ဘယ်အသိုင်းအဝိုင်းကမှ လက်ဆွဲနှုတ်မဆက်ဘူး။

နောက်ဆို ဖွာသည်မလေး မမလှိုင်ဟာ ကိုကိုကျင်ရဲ့ ပလစ်မှုတွေမှာ ဒူးနဲ့မျက်ရည်သုတ်ရဦးမှာ။🙂

ပန်ဆယ်လို