
တော်လှန်ရေးအတွက်လိုအပ်တဲ့နေရာမှာ ကျနော့ကိုခိုင်းပါ ဆိုတဲ့ ကိုပေါက်
ဝမ်းသာစရာ သတင်းများနဲ့လူတစ်နေ့ညက ၇:၀၀ ကနေ ၉:၀၀ ထိ ထီးလက်မှတ်ရောင်းဖို့Live လွှင့်လိုက်တယ်။
လက်မှတ် ၄၀၀၀ ကျော်ရောင်းရဖို့ကြိုးစားရင်း ဝေးကွာနေတဲ့ ချစ်ရသူတွေကို သီချင်းလည်းဆိုပြ လက်မှတ်လည်းထိုးရောင်းပေါ့။ချစ်လို့အားပေးကြတာမြင် မကောင်ဘူး။
Live လွှင့်ပြီး ၁၂ နာရီအကြာမှာတင် (နောက်နေ့မနက် ၁၀ နာရီမှာတင်)ရည်မှန်းချက် ၇၇၀၀၀ ပြည့်ခဲ့ပြီး အခုဆိုရင်လက်မှတ်အစောင်ရေ ၈၁၀၀၀ ကျော်ခဲ့ပါပြီ။
ဒီလိုပြည်သူတွေတော်လှန်ရေးကို စိတ်မပျက်သေးသ၍၊တခဲနက် အားဖြည့်နေသေးသ၍ကျနော်တို့ တော်လှန်ရေးအောင်ပြီသာမှတ်။
လက်မှတ်ဝယ်ပေးတဲ့သူရောအခြေအနေအရ မဝယ်ဖြစ်ဘဲ 6.4K ဖြစ်အောင် အားပေးကြည့်ရှု့ပေးတဲ့သူရော၊ကျနော့ကိုဝင်ဆဲတဲ့သူရော၊ချစ်ပေးတဲ့သူရော အားလုံးဘေးကင်ကြပါစေ။
အားလုံးကိုကျေးဇူးတင်တယ်။၈ ထိပ်စီးကိုပြောင်းသွားပြီဆိုတော့ မူလ ရည်မှန်းချက်1M ပြည့်ဖို့ ဘာမှမလိုတော့ဘူးလေ ဆက်တွန်းကြမယ်လေ။အားပေးအုံးနော်❤️❤️❤️
တော်လှန်ရေးအတွက်လိုအပ်တဲ့နေရာမှာ ကျနော့ကိုခိုင်းပါ။ကျနော် အသင့်ရှိနေပါတယ်။
ဒီလိုရောင်းရတာဟာ ကျနော်တစ်ယောက်တည်းကြောင့်မဟုတ်ပါဘူးနော်။
စုပေါင်းအားကြောင့်ဖြစ်တာပါ။အားလုံးကိုလေးစားလျှက်
ကိုပေါက်