Local News

မန္တလေးတွင် “ဒီမိုကရေစီလိုချင်ရင် စစ်တပ် အုပ်ချုပ်မှုအောက်မှာနေ” ဟုဆိုကာ စစ်တပ်က လူနေအိမ်များ ပစ်ခတ်သဖြင့် အသက် ၅ နှစ်အရွယ် သမီးငယ်တစ်ဦး ကျည်ထိ သေ ဆုံး

မန္တလေးတွင် “ဒီမိုကရေစီလိုချင်ရင် စစ်တပ် အုပ်ချုပ်မှုအောက်မှာနေ” ဟုဆိုကာ စစ်တပ်က လူနေအိမ်များ ပစ်ခတ်သဖြင့် အသက် ၅ နှစ်အရွယ် သမီးငယ်တစ်ဦး ကျည်ထိ သေ ဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၆

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်တွင် ယနေ့ညပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရမ်းကားပစ်ခတ်မှုကြောင့်

အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ဦးခေါင်းကျည်ထိ၍ သေဆုံးသွားကြောင်း မန္တလေး ပြည်ကြီးတံခွန်ဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ မိန့်ကြားသည်။

ယနေ့ညပိုင်း ၈ နာရီဝန်းကျင်တွင် စစ်တပ် တပ်စွဲထားသော အောင်သာယာရပ်ကွက်ရုံးအနီးတွင် ဗုံးကွဲတစ်ခုဖြစ်ပေါ်ပြီး စစ်တပ်က လူနေအိမ်များကို ချိန်၍

ပစ်ခတ်မှုများ လုပ် ဆောင်ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် နေအိမ်တွင် ဆော့ကစားနေသည့် ကလေးငယ် တစ်ဦး ကျည်ထိသေဆုံးသွားကြောင်း သိရှိရသည်။

“ကလေးကိုသေနတ်မှန်ပြီး တဲ့အချိန်မှာ ဒီမိုကရေစီလိုချင်ရင် သူတို့အုပ်ချုပ်မှုအောက်နေဆိုပြီး စစ်ခွေးတွေက လမ်းထဲမှာအော်ပြောသွားတယ်” ဟု ပြည်ကြီးတံခွန်ဆရာတော်က မိန့်ကြားသည်။

ချမ်းမြသာစည်ဒေသခံများကလည်း စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ကလေးငယ်သေဆုံးမှုကို အတည်ပြုပြီး ကလေးငယ်၏ နာမည်နှင့် မိဘများကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောဆိုကြသည်။

Source. Khit Thit Media

Zawgyi

မႏၲေလးတြင္ “ဒီမိုကေရစီလိုခ်င္ရင္ စစ္တပ္ အုပ္ခ်ဳပ္မႈေအာက္မွာေန” ဟုဆိုကာ စစ္တပ္က လူေနအိမ္မ်ား ပစ္ခတ္သျဖင့္ အသက္ ၅ ႏွစ္အ႐ြယ္ သမီးငယ္တစ္ဦး က်ည္ထိ ေသဆုံး

ရန္ကုန္၊ ဒီဇင္ဘာ ၆

မႏၲေလး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္သာယာရပ္ကြက္တြင္ ယေန႔ညပိုင္း အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား၏ ရမ္းကားပစ္ခတ္မႈေၾကာင့္

အသက္ ၅ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ဦးေခါင္းက်ည္ထိ၍ ေသဆုံးသြားေၾကာင္း မႏၲေလး ျပည္ႀကီးတံခြန္ဆရာေတာ္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ မိန္႔ၾကားသည္။

ယေန႔ညပိုင္း ၈ နာရီဝန္းက်င္တြင္ စစ္တပ္ တပ္စြဲထားေသာ ေအာင္သာယာရပ္ကြက္႐ုံးအနီးတြင္ ဗုံးကြဲတစ္ခုျဖစ္ေပၚၿပီး စစ္တပ္က လူေနအိမ္မ်ားကို ခ်ိန္၍ ပစ္ခတ္မႈမ်ား

လုပ္ ေဆာင္ေၾကာင္း၊ ယင္းပစ္ခတ္မႈေၾကာင့္ ေနအိမ္တြင္ ေဆာ့ကစားေနသည့္ ကေလးငယ္ တစ္ဦး က်ည္ထိေသဆုံးသြားေၾကာင္း သိ႐ွိရသည္။

“ကေလးကိုေသနတ္မွန္ၿပီး တဲ့အခ်ိန္မွာ ဒီမိုကေရစီလိုခ်င္ရင္ သူတို႔အုပ္ခ်ဳပ္မႈေအာက္ေနဆိုၿပီး စစ္ေခြးေတြက လမ္းထဲမွာေအာ္ေျပာသြားတယ္” ဟု ျပည္ႀကီးတံခြန္ဆရာေတာ္က မိန္႔ၾကားသည္။

ခ်မ္းျမသာစည္ေဒသခံမ်ားကလည္း စစ္တပ္၏ ရမ္းကားပစ္ခတ္မႈေၾကာင့္ ကေလးငယ္ေသဆုံးမႈကို အတည္ျပဳၿပီး ကေလးငယ္၏ နာမည္ႏွင့္ မိဘမ်ားကို စုံစမ္းေနဆဲျဖစ္ေၾကာင္း ေျပာဆိုၾကသည္။

About the author

admin

Add Comment

Click here to post a comment