Local News

မန္တလေး ကုတင် ၃၀၀ ဆေးရုံရှေ့တွင် သူနာပြုဆရာမ ကိုယ်ဝန်ဆောင် မချမ်းမြငြိမ်းနှင့်ခင်ပွန်းဖြစ်သူကို ဆိုင်ကယ်ရပ်မ​ပေး၍ စစ်တပ်က ပစ်သ တ်

မန္တလေး ကုတင် ၃၀၀ ဆေးရုံရှေ့တွင် သူနာပြုဆရာမ ကိုယ်ဝန်ဆောင် မချမ်းမြငြိမ်းနှင့်ခင်ပွန်းဖြစ်သူကို ဆိုင်ကယ်ရပ်မ​ပေး၍ စစ်တပ်က ပစ်သ တ်၊ စစ်တပ်က ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း ကုတင် ၃၀၀ သင်ကြားရေးဆေးရုံရှေ့တွင် ဆိုင်ကယ်စီးလာသော သူနာပြုဆရာမ မချမ်းမြငြိမ်းနှင့်ခင်ပွန်းဖြစ်သူတို့ကို ဆိုင်ကယ်ရပ်မ​ပေး၍ စစ်တပ်က ယနေ့ နံနက် ၇ နာရီတွင် ပစ်သ တ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဒီနေ့မနက် ၇နာရီလောက်မှာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းပေါ်က ကုတင်၃၀၀ဆေးရုံရှေ့မှာ စစ်ခွေးတွေက ဆိုင်ကယ်တစ်စီးကို ပစ်သတ်လိုက်ကြပါတယ်။

ဆိုင်ကယ်က မြို့တော်ဆေးရုံကို Duty ဆင်းသွားတဲ့ သူနာပြုဆရာမ မချမ်းမြငြိမ်းနဲ့ သူ့အမျိုးသား စီးလာတဲ့ ဆိုင်ကယ်ပါ။ သူနာပြုဆရာမကို သူ့ယောကျာ်းကလိုက်ပို့တာပါ။ ဆရာမရော သူ့ယောကျာ်းရော နှစ်ယောက်စလုံး‌ေ သပါပြီ။

သူနာပြုဆရာမက ကိုယ်ဝန် ၄ လနဲ့ပါ” ဟု သူနာပြုဆရာမနှင့်ရင်းနှီးသူ မိတ်ဆွေက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အခင်းဖြစ်ပွားမှုကို မြင်တွေ့လိုက်ရသူ မျက်မြင်တစ်ဦးကလည်း သူနာပြုဆရာမ မချမ်းမြငြိမ်း သည် စစ်တပ်၏ ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် သေဆုံးကာ အမျိုးသားဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားသည်ဟုဆိုသည်။

“ယောကျာ်းဖြစ်သူကတော့ ကုတင်၃၀၀ရှေ့တင် ဦးနှောက်တွေထွက်ကျပြီး ပွဲချင်းပြီးဆုံးတယ်။ ကုတင်၃၀၀ရှေ့မှာ သွေးကွက်ကြီးမြင်ခဲ့ရပါတယ်။ ဆေးရုံကြီးမှာကတော့ ဆရာမရဲ့ dead body တွေ့ခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်တပ်ဘက်ကတော့ သူနာပြုဆရာမ လင်မယားကို ပစ်သတ်မှုက ၎င်းတို့လက်ချက်မဟုတ်ဘဲ ဆိုင်ကယ်စီး သေနတ်သမား ၂ ဦးက ပစ်သတ်သွားကြောင်း၊ USA 9 mm LUGER ကျည်ခွံ ၂ ခု တွေ့ရှိရကြောင်း သတင်းထုတ်ပြန်သည်။

Zawgyi

မႏၲေလး ကုတင္ ၃၀၀ ေဆး႐ုံေ႐ွ႕တြင္ သူနာျပဳဆရာမ ကိုယ္ဝန္ေဆာင္ မခ်မ္းျမၿငိမ္းႏွင့္ခင္ပြန္းျဖစ္သူကို ဆိုင္ကယ္ရပ္မ​ေပး၍ စစ္တပ္က ပစ္သ တ္၊ စစ္တပ္က ၎တို႔လက္ခ်က္မဟုတ္ဟု ျငင္းဆို

ရန္ကုန္၊ ဒီဇင္ဘာ ၁၂

မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၆၂ လမ္း ကုတင္ ၃၀၀ သင္ၾကားေရးေဆး႐ုံေ႐ွ႕တြင္ ဆိုင္ကယ္စီးလာေသာ သူနာျပဳဆရာမ မခ်မ္းျမၿငိမ္းႏွင့္ခင္ပြန္းျဖစ္သူတို႔ကို ဆိုင္ကယ္ရပ္မ​ေပး၍ စစ္တပ္က ယေန႔ နံနက္ ၇ နာရီတြင္ ပစ္သ တ္လိုက္ေၾကာင္း ေဒသခံမ်ားထံမွ သိ႐ွိရသည္။

“ဒီေန႔မနက္ ၇နာရီေလာက္မွာ မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၆၂ လမ္းေပၚက ကုတင္၃၀၀ေဆး႐ုံေ႐ွ႕မွာ စစ္ေခြးေတြက ဆိုင္ကယ္တစ္စီးကို ပစ္သတ္လိုက္ၾကပါတယ္။

ဆိုင္ကယ္က ၿမိဳ႕ေတာ္ေဆး႐ုံကို Duty ဆင္းသြားတဲ့ သူနာျပဳဆရာမ မခ်မ္းျမၿငိမ္းနဲ႔ သူ႕အမ်ိဳးသား စီးလာတဲ့ ဆိုင္ကယ္ပါ။ သူနာျပဳဆရာမကို သူ႕ေယာက်ာ္းကလိုက္ပို႔တာပါ။ ဆရာမေရာ သူ႕ေယာက်ာ္းေရာ ႏွစ္ေယာက္စလုံး‌ေ သပါၿပီ။

သူနာျပဳဆရာမက ကိုယ္ဝန္ ၄ လနဲ႔ပါ” ဟု သူနာျပဳဆရာမႏွင့္ရင္းႏွီးသူ မိတ္ေဆြက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

အခင္းျဖစ္ပြားမႈကို ျမင္ေတြ႕လိုက္ရသူ မ်က္ျမင္တစ္ဦးကလည္း သူနာျပဳဆရာမ မခ်မ္းျမၿငိမ္း သည္ စစ္တပ္၏ ပစ္ခတ္ခံရၿပီးေနာက္ ေဆး႐ုံတြင္ ေသဆုံးကာ အမ်ိဳးသားျဖစ္သူမွာ ပြဲခ်င္းၿပီး ေသဆုံးသြားသည္ဟုဆိုသည္။

“ေယာက်ာ္းျဖစ္သူကေတာ့ ကုတင္၃၀၀ေ႐ွ႕တင္ ဦးေႏွာက္ေတြထြက္က်ၿပီး ပြဲခ်င္းၿပီးဆုံးတယ္။ ကုတင္၃၀၀ေ႐ွ႕မွာ ေသြးကြက္ႀကီးျမင္ခဲ့ရပါတယ္။ ေဆး႐ုံႀကီးမွာကေတာ့ ဆရာမရဲ႕ dead body ေတြ႕ခဲ့ပါတယ္” ဟု ေဒသခံတစ္ဦးက ဆိုသည္။

စစ္တပ္ဘက္ကေတာ့ သူနာျပဳဆရာမ လင္မယားကို ပစ္သတ္မႈက ၎တို႔လက္ခ်က္မဟုတ္ဘဲ ဆိုင္ကယ္စီး ေသနတ္သမား ၂ ဦးက ပစ္သတ္သြားေၾကာင္း၊ USA 9 mm LUGER က်ည္ခြံ ၂ ခု ေတြ႕႐ွိရေၾကာင္း သတင္းထုတ္ျပန္သည္။

About the author

admin

Add Comment

Click here to post a comment