Local News

မန္တလေး သူနာပြု လင်မယား သတ်ဖြတ်ခံရမှု မန္တလေး UG မြို့ပြပျောက်ကျားနှင့် PDF များ လုပ်ဆောင်ခြင်းမရှိဟုတရားဝင် ထုတ်ပြန်၊ စစ်တပ်က ၎င်းတို့ လက်ချက်မဟုတ်ဘဲ PDF ဟု စွပ်စွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်နေ ကိုအာကာဖြိုးနှင့် သူနာပြု ဒေါ်ချမ်းမြငြိမ်း လင်မယားကိုဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း သတ်ဖြတ်ခံရမှုသည်

မန္တလေး အခြေစိုက် UG မြို့ပြပျောက်ကျားနှင့်PDF များနှင့် သက်ဆိုင်ခြင်းမရှိဘဲ လုပ်ဆောင်ခြင်းမရှိကြောင်းRangers of Mandalay အဖွဲ့က တရားဝင် သတင်းထုတ်ပြန်ထားသည်။

“ဒီနေ့ဖြစ်ပွားခဲ့သော သူနာပြုဇနီးမောင်နှံပစ်ခတ်ခံရမှုတွင် UG မြို့ပြပျောက်ကျားနှင့် Local PDFတွေအနေဖြင့် ပြည်သူများရှင်းလင်းအောင် ထုတ်ပြန်ရန်လိုအပ်ပါတယ် ။

သို့ဖြစ်ပါ၍ ကျနော်တို့ ROMမြို့ပြပြောက်ကျားနှင့် မဟာမိတ်ညီကိုတွေအနေနဲ့ လုပ်ဆောင်မှုမရှိပါ၍ ကျွန်ုပ်တို့နှင့် သက်ဆိုင်မှုမရှိပါကြောင်း

အသိပေးထုတ်ပြန်လိုက်ပါတယ်” ဟု Rangers of Mandalay အဖွဲ့က
ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

မန္တလေးအခြေစိုက် မျက်မြင်များက သူနာပြု လင်မယား သတ်ဖြတ်ခံရမှုသည် စစ်တပ်နှင့် သက်ဆိုင်ကြောင်းပြောဆိုခဲ့ကြသော်လည်း စစ်တပ်က ၎င်းတို့လ က်ချက် မဟုတ်ဘဲ သူနာပြု လင်မယားကို ဆိုင်ကယ်သမား

၂ ဦးက လုပ်ကြံခြင်းဖြစ်ကြောင်း၊ အမေရိကန်ထုတ် ကျည်ဆန်များတွေ့ရှိရကြောင်း၊ PDF များ လုပ်ဆောင်သည်ဟုလည်းကောင်း CCTV မှတ်တမ်းများ ထုတ်ပြန်၍ စွပ်စွဲ ထုတ်ပြန်ထားသည်။

Zawgyi