မနှစ်က စာလေးနဲ့ပဲ ထပ်ပြီး အားပေးဆုတောင်းပေးပါရစေ အမေလို့ ထားထက်ထက် ဆုတောင်း

မနှစ်က စာလေးနဲ့ပဲ ထပ်ပြီး အားပေးဆုတောင်းပေးပါရစေ အမေလို့ ထားထက်ထက် ဆုတောင်း

နှစ်ပေါင်း ၂၀ ကျော် အချုပ်အနှောင်ခံပြီးမှရခဲ့တဲ့
ဒီမိုကရေစီ ရဲ့ အလင်းအာဏာရူးတစ်စုကြောင့်
ဆိတ် သုဉ်း ခဲ့ ပြီ အမေ…

ခေတ် က ပေးတဲ့တာဝန်ကျွန်မတို့ ယူနေတယ် အမေ…
အမေ ပြောဖူးသလိုပေါ့…ကြောက်နေလျက် နဲ့ လုပ်သင့်တာ ကို လုပ်နေပါတယ်…

အမေ့ဆုံးမစကား အတိုင်းစိတ်အားထက်သန်စွာနဲ့
စိန်ခေါ်မှုတွေ ဘယ်လောက်များများရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပါတယ် အမေ…

အမေရေ…..ကျွန်မတို့ အားလုံးက တစ်ယောက်တည်း
မဟုတ်ဘူးနော်… ဒါပေမယ့် တစိတ်ထဲ တဝမ်းထဲ…..
အမေ ပြန်လာမှ နမ်းမယ့် ငြိမ်းချမ်းရေးနှင်းဆီ
အားလုံးရင်ဘတ်မှာ သွေးစွေး နီ လျက်ပါ အမေ…

ကျွန်မတို့ ပြန်ဆုံကြမယ်နော် အမေ စု…ကျန်းမာ အသက်ရှည်ပါစေ 🙏🙏🙏

ကျွန်မတို့တွေအားလုံး အတူရှိနေပါတယ်……
Happy Birthday အမေစုမနှစ်က စာလေးနဲ့ပဲ ထပ်ပြီး အားပေးဆုတောင်းပေးပါရစေ🙏🙏🙏

June 19 2022


ဆိတ် သုဉ်း ခဲ့ ပြီ အမေ






June 19 2022

Leave a Reply

Your email address will not be published.