မ​လေးရှား နိုင်ငံခြား​ရေးဝန်ကြီးကို မျောက်ပြ ကမ္ဘာလှည့်ရောင်းလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ​ပြောကြား

မ​လေးရှား နိုင်ငံခြား​ရေးဝန်ကြီးကို မျောက်ပြ ကမ္ဘာလှည့်ရောင်းလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ​ပြောကြား

မလေးရှားနိုင်ငံခြား​ရေးဝန်ကြီးနှင့် NUG ကိုယ်စား လှယ်များ ​တွေ့ဆုံမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနအ​နေဖြင့်လည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ထား​ကြောင်းနှင့်

မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ​ရှေးရှုပြီး​ နိုင်ငံခြား​ရေးမူဝါဒနှင့်အညီ လိုအပ်သည် ​ဆောင်ရွက်မှု​များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်​ကြောင်းလည်း ဗိုလ်ချုပ်​ဇော်မင်းထွန်းက ​ပြောကြားသည်။

ဗိုလ်ချုပ်​ဇော်မင်းထွန်းက“မြန်မာနိုင်ငံအ​နေနဲ့ ပြင်းထန် စွာ ကန့်ကွက်တဲ့အ​ကြောင်းနဲ့ မ​လေးရှားအစိုးရ အဖွဲ့ဝင်များ၊

လွှတ်​တော်အမတ်များအ​နေနဲ့ ​နောင်မှာ အလားတူ ထိ​တွေ့ဆက်ဆံမှုမျိုး မပြုလုပ်ရန် သတိပေးထား​ကြောင်း မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီးဌာနကို ကန့်ကွက်စာ​ပေးပို့ခဲ့ပါတယ်” ဟု ​​​ပြောကြားသည်။

ရန်ကုန်မြို့ရှိ မ​လေးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံကိုလည်း နိုင်ငံခြား​ရေးဝန်ကြီးဌာနသို့ ​ခေါ်၍ ကန့်ကွက်ပြောဆိုခဲ့​ကြောင်းနှင့် ​

အထက်ပါတွေ့ဆုံ​ဆွေး​နွေးမှုတွင် မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီး၏ ​တောင်းဆိုမှုများကိုလည်း အားလုံးသိရှိကြမည်ဖြစ်​ကြောင်း ဗိုလ်ချုပ်​ဇော်မင်းထွန်းက ​ပြောကြားသည်။

“မ​လေးရှား နိုင်ငံခြား​ရေးဝန်ကြီးဆိုတဲ့လူက ​တွေ့တဲ့အခါမှာ ဘာ​တောင်းခဲ့လဲဆို​တော့၊ လက်ညှိုးထိုးပြတာ၊ ​တော်​တော်​တော့ တရားကျဖို့ ​ကောင်းပါတယ်၊ ဘာလက်ညှိုးထိုးပြလည်းဆို​တော့ သူတို့နိုင်ငံမှာ မြန်မာဒုက္ခသည်​ပေါင်း နှစ်သိန်းခွဲရှိတယ်။

ခုနက​ပြောတဲ့ ဘင်္ဂါလီဒုက္ခသည်​ပေါင်း တစ်သိန်း​ကျော်ရှိတယ်၊ ဒါတွေအတွက် ​ထောက်ပံ့မှု လုပ်​ပေးပါဆိုပြီး ​ပြောတာမျိုးလည်း ရှိတယ်။ ​ပြောရရင်​တော့ ​မျောက်ပြဆန်တောင်းဆိုတဲ့အဆင့်​တော့ ​တော်​တော်​ကျော်သွားတယ်၊

ဘာတုန်းဆို​တော့ ဒီ​မျောက်ကိုပဲ ထိုးထိုးပြပြီး​တော့ အဲ့ဒီ​မျောက်က​နေတာကို ထိုးထိုးပြပြီး​​တော့ ကမ္ဘာကို လှည့်ပြီးရောင်းတာ​ပေါ့၊ ​​မျောက်က လည်​​ရောင်းအဆင့်ဖြစ်သွားတယ်။ ​

မျောက်ပြ ဆန်တောင်းမဟုတ်ဘူး၊ ​မျောက်က လည်​​ရောင်းတကမ္ဘာလုံး လည်​ရောင်းတဲ့ အဆင့်မျိုးဖြစ်သွားတယ်။ ကျွန်​တော်တို့က​တော့ အဲလိုပဲမြင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ​ပြောကြားသည်။

Leave a Reply

Your email address will not be published.