Local News

မသမာသူတွေက အဓမ္မနည်းဖြင့် ရယူရန် ကြံစည် မှု့ကြောင့်အာဏာ ထိန်းထားကြောင်း စစ်ခေါင်းဆောင် ရှင်းပြ

မသမာသူတွေက အဓမ္မနည်းဖြင့် ရယူရန် ကြံစည် မှု့ကြောင့်အာဏာ ထိန်းထားကြောင်း စစ်ခေါင်းဆောင် ရှင်းပြ

၂၀၂၁ခုနှစ် စက်တင်ဘာလ( ၁၄ )ရက်နေ့က ပြင်ဦးလွင်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) စစ်လက်ရုံးရွေးချယ်ပွဲ ခရီးစဉ်တွင်

တပ်နယ်မှ အရာရှိများနှင့် ဗိုလ်လောင်းများကို တွေ့ဆုံရှင်းပြခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားရှိပါသည်။

“နိုင်ငံတော်အတွက် တပ်မတော်၏ အရေးပါမှုအခန်းကဏ္ဍကို အရာရှိ၊ စစ်သည် မိသားစုများ သိရှိစေရန် အနည်းငယ်ပြောကြားလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့်

မဲမသမာမှုဖြစ်ပွားနိုင်သော မဲစာရင်းကြီးမားစွာ မှားယွင်းမှုများကို စိစစ်တွေ့ရှိရသဖြင့် တာဝန်ရှိသူအဖွဲအစည်း အဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး တင်ပြဆောင်ရွက်ခဲ့ကြောင်း၊ သိုသော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့် အပြင်

တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့်ရယူရန်ကြံစည်ကြိုးပမ်းမှုများကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေအဖြစ်ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှအပ်ချက်အရ

နိုင်ငံတော်၏တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း။”ရှင်းပြထားခြင်း ဖြစ်သည်။

ယခုလို ပြင်ဦးလွင်ခရီးစဉ် တစ်ခုတည်းကိုမဟုတ်ဘဲ ဒေသအသီးသီးသို သွားရောက်ပြီး တပ်နယ်မိသားစုများနှင့် တွေ့ဆုံသည့် အကြိမ်တိုင်းတွင် ယင်းသို အထပ်ထပ်အခါအခါ ရှင်းပြနေခြင်း ဖြစ်သည်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရှိရပါသည်။

ပုံအညွှန်း – စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) စစ်လက်ရုံးရွေးချယ်ပွဲမှ ဗိုလ်လောင်းများနှင့် ထမင်းစားနေစဉ်