Local News

မိခင်တပ်ရင်းအား တည်ထောင်ပေးသူတွေကိုကျေးဇူတင်ကြောင်းပြောလာတဲ့ PDF လူငယ်လေး

မိခင်တပ်ရင်းအား တည်ထောင်ပေးသူတွေကိုကျေးဇူတင်ကြောင်းပြောလာတဲ့ PDF လူငယ်လေး

ကျွန်တော်ရဲ့မိခင်တပ်ရင်း PDF TC ကို တည်ထောင် ပေးသူများကို လေးစားရသောကျွန်တော်သူတို့ ဘယ်အချိန်လောက်တည်းကအကောင်းဆုံးစီစဉ်ခဲ့ကြပါလိမ့်ဗျာ။

ကိုဇွဲနဲ့မထားထက်ထက်တို့က စတင်ထည်ထောင်ပေးခဲ့လို့ သိရပါတယ်။ပြောရရင်ဗျာ တခြားစခန်းတွေထက်

အနည်းငယ်တော့တစ်ဘက်ဘက်က သာတယ်လို့ ကျွန်တော်ထင်တယ်။ကိုဇွဲနဲ့မထားထက်ထက်တို့ကစခန်းကို

အကောင်းဆုံးတည်ဆောက်ပြီး သင်တန်းသားတွေစား၊၀တ်၊နေထိုင်ရေး အဆင်ပြေအခြေကျပြီဆိုကာ မှတခြားလိုအပ်နေတဲ့PDFစခန်းတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းကူညီဖို့ထွက်ခွာခဲ့တယ်လို့သိရပါတယ်။

ကိုဇွဲနဲ့မထားထက်ထက်တို့ မရှိတော့တဲ့နောက်ပိုင်းဒီစခန်းလေးပုံမှန်ရပ်တည်နိုင်အောင် ပိုကောင်းအောင်

ကိုခေါခေါ Dr.Ready တို့အပြင် အခြားသောရုံးအဖွဲ့၀င်များအားလုံးကအများကြီးကြိုးစားပေးခဲ့တယ်။

ကိုဇွဲ၊မထားထက်ထက်၊ကိုခေါခေါ၊Dr.Ready အပါ အ၀င် ယခင်ရုံးအဖွဲ့၀င်အားလုံးဟာ PDF TC သင်တန်းသားတွေအားလုံး တစ်ရက်မှထမင်းမငတ်အောင် ကျွေးမွေးနိုင်ခဲ့တဲ့အပြင်

ဦးထုပ်ကအစ ခြေအိတ်အထိ ပြည့်စုံအောင် ဆင်ပေး နိုင်ခဲ့တဲ့ သူတွေဖြစ်ပါတယ်။အားလုံးကို တကယ်ကို လေးစားမိပါတယ်။

အားလုံးက သူတို့တာ၀န်သူတို့ကျေခဲ့တာပါ။အားလုံးက မတရားမှုကိုတော်လှန်ဖို့စိတ်အပြည့်ရှိတဲ့ညီအကိုမောင်နှမများသာ ဖြစ်ပါတယ်။

PDF TC စခန်းအတွက် အရင်ကရန်ပုံငွေရှာသူများဖြစ်တဲ့ကိုဇွဲ၊မထားထက်ထက်၊ကိုခေါခေါ

၊Dr.Readyတို့ကငွေကြေးပြည့်စုံပြီး တောင့်တင်းခိုင်မာတဲ့အနေအထားကနေ ပြည်သူ့အတွက်ဒုက္ခတောခိုပြီး ကြိုးစားပေးနေကြတာပါ။

သူတို့အားလုံးက တော်လှန်ရေးကာလအတွင်းအမှားအယွင်း အသေးလေးတစ်ခုတစ်လေရှိခဲ့ရင်တောင်အားလုံးပြီးဆုံးရင်တာ၀န်ယူမှုတာ၀န်ခံမှုအပြည်နဲ့ဖြေရှင်းနိုင်မယ့်သူတွေဆိုတာ ယုံကြည်ပါတယ်။

Credit

About the author

admin

Add Comment

Click here to post a comment