Local News

မိဘက အမွေပြတ်စွန့်လွှတ်ခံရတဲ့ စခန်းက အသစ် မောင်လေး အကြောင်းကို ကြွားလိုက်တဲ့ ထားထက်ထက်

မိဘက အမွေပြတ်စွန့်လွှတ်ခံရတဲ့ စခန်းက အသစ် မောင်လေး အကြောင်းကို ကြွားလိုက်တဲ့ ထားထက်ထက်

အမ ကျွန်တော် ရှိုင်းပါ တဲ့ Shine Htet Zaw လက်အုပ်လေး ချီလို့ ..ကျွန်တော်တို့ကို ကူနိုင်တာကူပါနော် တဲ့ …

မိဘ က အမွေပြတ်စွန့်လွှတ် ခံရတာ တွေ့လို့Facebook မှာ လူတွေ သတိထားမိတဲ့ စခန်းက fundraiser အသစ် မောင်လေး…

နွေဦးတော်လှန်ရေးသာ မပေါ်ပေါက်ခဲ့ရင် မိသားစု နဲ့ နွေးနွေးထွေးထွေးရှိနေရမယ် ကလေး..မျက်နှာက ကလေးရုပ် မပျောက်သေး…

သူက စခန်းတခုလုံးရဲ့ fund အတွက် တာဝန်ယူမယ့် ကျွန်မတို့ရဲ့ မျိုးဆက်သစ် လူငယ်…မိဘ အဆုံးအမကောင်း နဲ့ ကြီးရတဲ့ ကလေးမှန်း သိသာလိုက်တာ…
အင်မတန် ယဉ်ကျေးတဲ့ မောင်လေး…

လေးစားတယ် မောင်လေးရေ … ကူနိုင်သမျှ ကူပါ့မယ် လို့ ကတိပေးခဲ့သလို တပ်ခွဲရုံးက အသစ်ဖွင့်ထားတဲ့ page ကို လဲ share ပေးပါ့မယ်…

ဒီစာကတော့ လေးစားရတဲ့ ရဲဘော်မောင်ယဉ်ကျေးအကြောင်းကို ကြွားလိုက်တဲ့ အကြွားပို့စ် လို့သာ မှတ် သားပြီး စခန်း ကို တိုက်ရိုက် ပံ့ပိုးကြပါလို့ မေတ္တာရပ်ခံလိုက်ရပါတယ် ရှင် …

ကိုယ့်ထက် တော်တဲ့ ယဉ်ကျေးတဲ့ စိတ်ထားပြည့်ဝတဲ့ နောက်မျိုးဆက်ကို တာဝန်တွေ လက်ဆင့်ကမ်းခွင့် ရနေတာကိုက ကျွန်မတို့ တော်လှန်ရေးအတွက် အား တက်စရာပါပဲ…

ထားထက်ထက်
15 October 2021




နွဦေးတော်လှန်ရေးသာ မပေါ်ပေါက်ခဲ့ရင် မိသားစု နဲ့ နွေးနွေးထွေးထွေးရှိနေရမယ် ကလေး..မျက်နှာက ကလေးရုပ် မပျောက်သေး…





ထားထက်ထက်
15 October 2021

About the author

admin

Add Comment

Click here to post a comment